Micorsoft Word မှာ ပုံတွေထည့်ပြီးရင် ကိုယ့်စိတ်ကြိုက် လှည့်ပြောင်းဖို.ရာ။
မိုက်ကရိုဆော့ဝက် စာမျက်နှာပေါ်သို. ဓါတ်ပုံ ကိုအရင်ထည့်ပါ။ ပြီးရင် Tools Tab ထဲက Customize ထဲကိုဝင်ပါ။
Dialog Box ကျလာရင် Commands Tab ကိုသွားပါ။ Categories ဆိုတဲ့ အောက်မှာ Drawing ကို select မှက်ပြီး
ညာဘက်ခြမ်းမှာ Disassemble ဆိုတဲ့ စာလေးပေါ်မှာ ကလစ်ကိုဖိနှိပ်ထားပြီး Drawing Tool Box ထဲသို.ဆွဲ
ပြီးသွားထည့်ပါ က Disassemble Picture ဆိုတဲ့ Button လေး Tool လေး Drawing Tool Box ထဲ
ရောက်သွားပါလိမ့်မယ်။ ပြီးရင် ဓါတ်ပုံပေါ်မှာ ကလစ်တစ်ချက်နှိပ်ပြီး ခုကထည်.လိုက်တဲ့ Drawing Tools box
ထဲက Disassemble Picture ဆိုတဲ့ button ဒေါင့်လေးကို ကလစ်နှိပ်ပြီး ဓါတ်ပုံကို စိတ်ကြိုက်လှည့် နိုင်သွားပါပြီ။
စက်ကို နည်းနည်းလောက် ပေါ့သွားအောင်လို.။
Hibernate ဆိုတာသိတယ်မလား။
အဲဒီ Hibernate ဆိုတဲ့ ဟာကို Disable လုပ်ထားလိုက်ရင် ကွန်ပြူတာနဲနဲလောက်တော့
ပေါ့သွားလိမ့်မယ်။ Hibernate ကို Disable လုပ်ဖို.ရာ... Start => Control Panel => Power Options ထဲမှာ
Hibernate Tab ကိုဝင်ပြီး Enable Hibernate မှာ အမှန်ခြစ်လေး ဖြုတ်ပေးပြီး
Apply, OK နဲ. ထွက်ပေးလိုက်ပါ။
Scream shot ယူဖို့ ရာ
ပထမဦးဆုံး အနေနဲ. scream shot ယူနည်းလေး ပြောပြမယ်။
ဘယ်နေရာမှာသုံးဖို.လဲဆိုရင် ဥပမာ အခု ကိုယ့်ကွန်ပြူတာမှာ မြင်နေရတဲ့ ပုံစုံမျိုးကို
အွန်လိုင်းက အခြားသူငယ်ချင်း တစ်ယောက်ကို ပြချင်ပါတယ်ဆိုရင်
မော်နီတာကြီးကို ဓါတ်ပုံရိုက်ပြီး ပို.စရာမလိုပါဘူး။
ဒါမျိုးလေး စမ်းလုပ်ကြည့်ပါ။ Ctrl + Print Screen Sys Rq ဆိုတဲ့ Key (ကီးလေး) နှစ်ခုကို
နှိပ်လိုက်ရင် အခုလက်ရှိ မော်နီတာမှာ မြင်နေရတဲ့ မြင်ကွင်းကို ကော်ပီကူးလိုက်တဲ့ ပုံစံပါပဲ။
အဲဒီလို ကော်ပီကူးထားတဲ့ ပုံကို Paint ထဲမှာ သွားပြီး Paste လုပ်ပေးရပါမယ်။
Paint ကိုသွားဖို့ ရာ start => Run => mspaint ဆိုပြီး Enter ခေါက်ပါ။
ပြီးရင် Ctrl + V ဆိုပြီး paste လုပ်ပါ။ ပြီးရင် Jpg ဖိုင်နဲ.သိမ်းလိုက်ပါ။
ကိုယ်ဆီမှာ ဇော်ဂျီဖောင့်လဲ ရှိတယ်၊ ဇော်ဂျီကီးဘုတ်လည်း အင်စတော လုပ်ထားရဲ့သားနဲ.
GTalk မှာ မြန်မာလိုရိုက်တာ လေးထောင့်ကွက်တွေ ပေါ်နေရင်။
GTalk Box ကိုဖွင့် Settings ထဲဝင်။ Chaing Font... ကို
ကလစ်လုပ်ပြီး Zawgyi-One ဆိုတဲ့ ဖောင့်ကို ရွေးပေးရပါမယ်။
I.E မှာဆိုရင် Tools Tab ကနေ Internet Option ကိုဝင် General Tab ထဲက
Fonts ဆိုတာထဲဝင် Zawgyi-One ဆိုတဲ့ဖောင့်ကို ရွေး။
Mozilla Firefox မှာဆိုရင် Tools Tab ကနေ Option ကိုဝင်
Content ဆိုတဲ့ Tab မှာ Defaunt font ဘေးမှာ Zawgyi-One ဆိုတဲ့ဖောင့်ကို ရွေး။
ကိုယ်ရဲ့ Microsoft Word ဖိုင်လေးတွေကို password နဲ. ပိတ်ထားချင်တယ်ဆိုရင်။
ကိုယ်က password နဲ. သိမ်းချင်တဲ့ Microsoft word ဖိုင်ကိုဖွင့် ပြီးရင် File => Save as လို.ပြော။
Save as box ပေါ်လာရင် အဲဒီဘောက်လေးရဲ့ Title Bar ညာဘက်အောက်နားလေးမှာ
Tools ဘေးက မျှားလေးကို ဖွင့်လိုက် Security Options.. ဆိုတာကိုရွေး။
password ကို ၄ ခါ ရိုက်ပေးရပါမယ်။
password ၂ မျိုးပေးထားလို.လဲရပါတယ်။
ကီးဘုတ်ကနေ ရှော့ကတ်ကီးလေး သုံးကြည့်ကြရအောင်။
၁။ ၀င်းဒိုးကီးရယ်၊ E ကီးရယ်ကို နှိပ်ရင် My Computer ကို ဖွင့်တာပါ။
(၀င်းဒိုးကီး = Ctrl ကီးနဲ. Alt ကီးကြားထဲက ခလုပ် )
၂။ ၀င်ဒိုးကီးရယ်၊ R ကီးရယ်က Run Box ပါ။
၃။ ဖွင့်ထားတဲ့ Program တွေကို ပိတ်ချင်ရင်တော့ Alt နဲ. F4 ကီးပါ။
၎။ ဖွင့်ထားသမျှ Programs တွေအားလုံးကို တချိန်တည်းမှာ minimize လုပ်ချင်ရင် ၀င်းဒိုးကီးနဲ. D နဲ.။
၅။ Mozilla firefox မှာ New Tab ဖွင့်ချင်ရင် Ctrl နဲ. T ၊ Tab တွေကို ပြန်ပိတ်ချင်ရင် Ctrl နဲ. W ပါ။ Ctrl နဲ.
N နဲ.က နောက်ထက် Mozilla window အသစ်ခေါ်တာပါ။
၆။ ကိုယ်က Program windows တွေအများကြီး ဖွင့်ထားရင် Alt ကို နှိပ်ထားပြီး Tab ကီးကို တစ်ချက်ခြင်းစီနှိပ်ပြီး
ကိုယ်လိုချင်တဲ့ Program window ကို အလွယ်တကူ သွားလို.ရပါတယ်။
၇။ Ctrl နဲ. S နဲ.ကတော့ save လုပ်ပြီး သိမ်းမယ်လို. ဆိုလိုတာပါ။
၈။ Ctrl နဲ. X နဲ.ကတော့ select လုပ်ထားတဲ့ စာတွေ၊ ဖိုင်တွေကို Cut လုပ်တာ။
၉။ Ctrl နဲ. C နဲ.ကတော့ select လုပ်ထားတဲ့ စာတွေ၊ ဖိုင်တွေကို Copy လုပ်တာ။
၁၀။ Ctrl နဲ. V နဲ.ကတော့ copy လုပ်ထားတဲ့ စာတွေ၊ ဖိုင်တွေကို Paste လုပ်တာ။
on-screen keyboard ကို ဖန်တီးရအောင်
ကိုယ်ကစာတွေ အများကြီးတော့ ရိုက်ချင်တယ်။ ကီးဘုတ်လက်ကွက်တွေတော့ မနှိပ်တက်ဘူး၊
အဲဒီလို ဖြစ်နေရင် ဒီလိုလုပ်။
Start ကို ဖွင့် ပြီးရင် Programs ထဲသွား၊ Accessories ထဲကနေတဆင့် Accessibility ပြီးရင်
on-screen keyboard ဆိုတာကို ကလစ်လုပ်။
ကီးဘုတ်ပုံစံလေး မော်နီတာမှာပေါ်လာလိမ့်မယ်။ အဲဒီ မော်နီတာပေါ်က ကီးဘုတ်ပုံစံလေးမှာ
Settings ထဲကိုဝင် ပြီးရင်ဖောင့်ဆိုတာကို ကလစ်လုပ်။
ကိုယ်ကြိုက်တဲ့ ဖောင့်ကို ရွေး ပြီးရင် OK လုပ်။ ဒါဆိုရင် Mouse လေးနဲ.နှိပ်ပြီး
စာတွေရိုက်လို. ရပြီပေါ့ ။အောက်ကပုံလေးကြည်ပါ။
No comments:
Post a Comment
အကြံပေးနိုင်ပါတယ်
Note: Only a member of this blog may post a comment.