ဆရာဝန်ဖြစ်တဲ့ ဂျက်ဆင်အိမ်မှာ အနားယူနေတုန်း ဖုန်းဝင်လာပါတယ်။
တစ်ဖက်ကဖုန်းဆက် တာက သူငယ်ချင်း ဆရာဝန်တစ်ယောက်ပါ။
"ဂျက်ဆင်ရေ ငါတို့ဒီမှာ ပိုကာဆော့နေတာ လေးအိမ်မြောက် လိုနေ တယ်ကွ။ မင်းလာခဲ့ဦး" ဆိုတော့
လေသံတိုးတိုးနဲ့ "ငါချက်ချင်းလာခဲ့မယ်"လို့ ပြောလိုက်ပါတယ်။
ဒါကို နားစွန်နားဖျားကြားလိုက်တဲ့ ဂျက်ဆင်ရဲ့ဇနီးက "လူနာက အရမ်းအခြေအနေဆိုးနေလို့လား"လို့ မေးပါတယ်။
ဒီတော့ ဖဲကစားမှာကို မိန်းမကို မသိစေချင်တာနဲ့ ဂျက်ဆင်ပြန်ဖြေတာက
"အေးကွာ။ အတော်လေးအခြေအနေဆိုးနေတယ်ဆိုရမှာပဲ။ ဟိုမှာ ဆရာဝန်သုံးယောက်တောင်ရောက်နေပြီ .."
No comments:
Post a Comment
အကြံပေးနိုင်ပါတယ်
Note: Only a member of this blog may post a comment.