https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ9enFLomJj3OCZr_ma6q1k5nHaKjCcuqPQ-QzK1FYVQBSzBApNNLu5a1swSGDquemI_-mn5bpHt0ON9Zv6mpYZM_EvAHYiB8m3fy7favSHhULJiEMGy7Bp1nwc0FGc08Y4yAq-ekuTlla/s1600/Namo-tassa4.png

Dec 22, 2012

တက်စာ ကြိုက်သူများအတွက်


သဘာဝဖြေဆေး ရှောက်ဘီလူး
ထမင်းဟင်းချက်တတ်သူပီပီ ရောက်လေရာအရပ်ရှိ အသားငါးဈေးကိုတော့ ကျွန်မသွားလေ့သွားထရှိပါတယ်။ မနှစ်က ငပုတောမြို့နယ်အပိုင် သင်ကမ်းကုန်းရွာလေးကို အလုပ်တာဝန်နဲ့ ရောက်သွားခဲ့ပါတယ်။
ကျွန်မထုံးစံအတိုင်း မနက်စောစောထပြီး လမ်းလျှောက်ထွက်လိုက်ပါတယ်။ ရွာဆိုတော့လဲ ရွာလမ်းမကျယ်ကြီးတစ်ခု ရှိတာပေါ့။ တည်းအိမ်ကနေ လမ်းမကြီးအတိုင်း ကျွန်မလျှောက်သွား ကြည့်လိုက်ပါတယ်။
ပထမနေ့က နံနက်စောစော ၅နာရီထပြီး ကွင်းဆင်းသွားရတာကြောင့် ကျွန်မရွာထဲ လျှောက်မလေ့လာ ဖြစ်လိုက်ရပါဘူး။ ဒုတိယနေ့မှာတော့ ရွာပတ်ဝန်းကျင်တစ်ဝိုက်လောက်ပဲ သွားစရာရှိတာကြောင့် ကျွန်မတို့အဖွဲ့က ၇ နာရီ ထိုးလောက်ကျမှ ရွာထဲ ကော်ဖီထွက်သောက်ကြပါတယ်။
ကျွန်မက နောက်မှလိုက်လာမယ်ပြောလိုက်ပြီး ကျွန်မလေ့လာချင်တဲ့ ဈေးဘက်ကို ဦးတည်ပြီး တစ်ယောက်တည်း သွားလိုက်ပါတယ်။ ကျွန်မလျှောက်သွားရင်း လမ်းမတန်းကြီးရှိ မုန့်ဆိုင်၊ ကုန်စုံဆိုင်၊ မုန့်ဟင်းခါးဆိုင်၊ ကွမ်းယာဆိုင်၊ ဆေးဆိုင်လေးတွေ စဖွင့်နေတာ တွေ့ရပါတယ်။
အမျိုးသမီး ပျိုပျိုရွယ်ရွယ် အသက်ကြီးပါမကျန် ဦးတည်သွားနေကြတဲ့ လမ်းကြားလေးနောက်ကို ကျွန်မ လိုက်သွားလိုက်ပါတယ်။ အမျိုးသမီးတွေဆိုတော့ ဈေးကိုပဲ သွားနေတာဖြစ်မှာပါ။
ကျွန်မထင်တာမမှားပါဘူး။ ကျွန်မဆယ်လှမ်းလောက်သာ လျှောက်သွားပြီးတာနဲ့ ဈေးဝင်းထဲကို ရောက်သွားပါတော့တယ်။ ဝင်လိုက်တယ်ဆိုရင်ပဲ အလယ်လူလျှောက်လမ်း တစ်ဘက်တစ်ချက်မှာ ခင်းကျင်းရောင်းချနေတဲ့ ဆိုင်တွေကို တွေ့ရတော့တာပဲ။
ဈေးသည်တွေက အုတ်ခုံအမြင့်မှာ ခင်းရောင်းနေတာကို တွေ့ရပါတယ်။ အခြောက်အခြမ်း၊ ဟင်းသီးဟင်းရွက်၊ မုန့်သည်တွေကို ကျွန်မ ကြည့်ရုံသာ ကြည့်သွားလိုက်ပါတယ်။ ကျွန်မတကယ် စိတ်ဝင်စားတာက ဒီလိုဈေးရုံတွေ အပြင်ဘက်ကွက်လပ်မှာ လာပြီးရောင်းတတ်ကြတဲ့ တောသည်တွေကိုပါ။
ကျွန်မ ဈေးရုံကထွက်လိုက်တော့ အလယ်ကွက်လပ်ထဲမှာ လူတွေက ကျိတ်ကျိတ်တိုးစည်နေပါပြီ။
ဟန်ကျတာပဲ။
ဝေးဝေး မသွားရဘဲ ဒီထဲရှိတော့ တစ်ပတ်တော့ ပတ်ကြည့်မယ်ဆိုပြီး ကျွန်မ ညာဘက်က စပတ်လိုက်ပါတယ်။
အလယ်ဘက်မှာ ကျောချင်းကပ် ရောင်းနေကြတာကတော့ အသားငါးတွေပါ။ ကျွန်မဝယ်နေကျ ဈေးတွေမှာရှိတတ်တဲ့ အသားငါးတန်းလို့ ခေါ်ရမှာပေါ့။ သူ့ရဲ့ဘေးပတ်လည် တစ်ဘက်တစ်ချက်မှာတော့ ဟင်းသီးဟင်းရွက်၊ သစ်သီး၊ တိုတိုထွာထွာ အသုံးအဆောင်လေးတွေ ချရောင်းနေတာ တွေ့ရပါတယ်။
သားငါးရောင်းတယ် ဆိုရာမှာတော့ ငါးနဲ့ပုစွန်တွေပါ။ ရန်ကုန်က ဈေးသည်တွေလိုများများစားစား ပုံရောင်းကြတာမျိုး မဟုတ်ပါဘူး။ ကြည့်ရတာက ကိုယ်တိုင်ဖမ်းလို့ ရတာလေးတွေ လာချရောင်းတာနဲ့ တူပါတယ်။
တချို့ဆိုရင် ဗန်းလေးထဲမှာ ငါးခူလေး ငါးကောင်၊ ငါးရံ့မြီးတို တစ်ကောင်၊ နှစ်ကောင်၊ ပုစွန်သေးသေး လေးတစ်ပုံ၊ နှစ်ပုံလောက်သာ တွေ့ရတာပါ။ ကျွန်မပတ်ကြည့်ရင်း တစ်တောင်လောက်ရှိတဲ့ ငါးသလောက်လေးကောင် ချရောင်းနေတာတွေ့တော့ ကျွန်မခြေထောက် အလိုလို ရပ်သွားပါတော့တယ်။
''အကောင်တွေက ကြီးလိုက်တာ''
''ရန်ကုန်မှာတောင် ဒီအရွယ် တွေ့ရခဲတယ်''
''ဝယ်ပြီး ထမင်းဆိုင်မှာ ချက်ခိုင်းရင်ကောင်းမလား'' ဆိုပြီး ကျွန်မ တွေးဖြစ်သွားပါတယ်။
အနားရောက်သွားတော့မှ ငါးသလောက်တွေက ငါးဆားနယ်တွေမှန်း သိလိုက်ရပါတယ်။
ကလေး ရေစပ်စပ်စားချင်တာမို့ ဈေးမမေးဘဲ ဆက်လျှောက်သွားလိုက်ပါတယ်။
''ဆရာမကြီး၊ ငါးသလောက်တွေက ကိုယ်တိုင်လုပ်ထားတာပါ''
''စားကြည့်ပါဦး''
''ဒီရောက်တုန်း စားသွားပါ။ ခရမ်းချဉ်သီးနဲ့ချက်ရင် ပြေပြီး မတက်တော့ပါဘူး'' လို့ ပြောပြီး ရောင်းနေပါတော့တယ်။
တကယ်တော့ ကျွန်မက ငါးသလောက်စားရင် တက်တယ် ပြောပေမယ့် စားနေကျပါ။ ကြိုက်လဲကြိုက်ပါတယ်။ တက်စာမို့ ရှောင်တာမဟုတ်ပါဘူး။ ငါးဆားနယ် မစားချင်လို့ မဝယ်လိုက်တာပါ။
တက်စာလို့ပြောလိုက်တော့ ကျွန်မတို့အရွယ်တော်တော်များများက သွေးတိုးမှာ၊ တက်မှာ ကြောက်ကြတာကြောင့် ငါးသလောက်၊ ငါး ပြေမ၊ အုန်းနို့၊ မျှစ်ချဉ်စသည်တို့ကို ရှောင်ကြတာ သတိထားမိပါတယ်။ ကျွန်မတို့ အိမ်သားတွေ အားလုံးက အစားမရှောင်ကြပါဘူး။ သတိထား ချင့်ချိန်ပြီးတော့ စားကြတာပါ။
အစားအသောက် မရှောင်တဲ့သူပေမယ့် ကျွန်မ ဘန်ကောက်ရောက်စက အခက်ကြုံခဲ့ရတာပါ။ သူတို့ဟင်း တော်တော်များများက အုန်းနို့ထည့်ချက်ကြပါတယ်။ ဟင်းအရည် သောက်တောင်မှ အုန်းနို့ထည့်ချက်တာကိုး။
ဆိုင်တွေမှာ ကျွန်မအတွေ့များတာက ငါးပြေမ၊ မယ်ဇလီ၊ ဝက်သားနဲ့ မျှစ်ချဉ်တို့ကို အုန်းနို့နဲ့ ချက်ကြတာ တွေ့ရပါတယ်။ ရန်ကုန်မှာဆိုရင် ငါးပြေမဆီပြန်ဟင်း ရိုးရိုးတောင် တစ်ကောင်နှစ်ကောင်ထက် ပိုပြီး မစားလိုကြဘူး။ အုန်းနို့ထည့်ချက် လိုက်ရင်တော့ လုံးဝစားဝံ့ကြမှာ မဟုတ်ပါဘူး။
ဝက်သားနဲ့ မျှစ်ချဉ်ဆိုလဲ သိပ်မစားရဲလှဘူး။ အုန်းနို့ပျစ်ပျစ်ရော ချက်ထားတော့ ပွဲကသိမ်းသွားတာပေါ့။ တက်ပြီးရင်း တက်သွားမယ့်ဟင်း ဖြစ်နေတာကိုး။
နောက်အနေကြာတော့ ထိုင်းသူငယ်ချင်းတွေနဲ့ ထမင်းသွားစားကြတဲ့အခါမှာ မရှောင်သာတော့ ကျွန်မအုန်းနို့ပါတဲ့ ဟင်းတွေကို မြည်းစမ်းတဲ့သဘောနဲ့ စစားဖြစ်ပါတယ်။ သူတို့က အမဲသား၊ ကြက်သား၊ ဝက်သား၊ ငါးတို့ကို အများဆုံးချက်ကြတာပါ။ ဟင်းသီးဟင်းရွက်တွေတော့ တချို့ဟင်းမှာ ရောချက်လေ့ ရှိပါတယ်။
ကျွန်မ ဟင်းခပ်တဲ့အခါ အနည်းအကျဉ်းသာခပ်ပြီး တခြားအုန်းနို့ မပါတာတွေစားတာကို သတိထားမိတဲ့ ထိုင်းသူငယ်ချင်းက ''ခင်အုန်းနို့ကြောက်လို့လား။ ဆီးချို၊ သွေးတိုးမရှိရင် ရဲရဲသာ စားလို့ရတယ်။ တို့တွေရဲ့ တိုင်းရင်းဆေးမှာသုံးတဲ့ Ma krut အသီးနဲ့ အရွက်(ရှောက်ဘီလူး)ကို ထည့်ချက်ထားတာ။ ရဲရဲသာစားပါ''လို့ တိုက်တွန်းနေပါတော့တယ်။
သူက တိုင်းရင်းဆေးလို့ ပြောလိုက်တော့ ကျွန်မသိချင်တာလေးတွေ ဆက်မေးမိသွားတာပေါ့။ သူ့ အပြောအရ Ma krut ခေါ်တဲ့ Kaffir Lime အသီးရဲ့ အခွံနဲ့ အရွက်မှာပါတဲ့အဆီက ဆေးဖက်ဝင်တာ တဲ့။ သူ့ဓာတ်ကအစာကို ကျေစေပြီး သွေးကျဆေးတွေမှာ ထည့်သုံးရတယ်လို့ ပြောပြပါတယ်။
ဒါကြောင့် အုန်းနို့ပါတဲ့ ဟင်းတွေမှာ Ma Krut အသီးအလုံးလိုက် အရွက်ကို ပါးပါးလှီးပြီး ထည့်ချက်ကြတယ်။ တချို့ကဆိုရင် အခွံနဲ့အရွက်ကို ကြမ်းကြမ်းဖဲ့ပြီး ချက်တာလဲ ရှိဆိုပဲ။ တချို့ဆို အရွက်လိုက် ထည့်လိုက်တာတွေ့ရသေးတယ်။
ဘာပဲဖြစ်ဖြစ် Ma Krut ရဲ့ အသီးအရွက်တစ်ခုခု ပါတာကြောင့် သူတို့က အဖြေရှိတော့လဲ အုန်းနို့ဟင်းတွေကို အားရပါးရ စားရဲကြတာလို့ ကျွန်မထင်မိပါတယ်။
သူငယ်ချင်း ပြောပြပြီးမှ ကျွန်မ သူတို့ရဲ့အုန်းနို့ထည့်ချက်ထားတဲ့ ဟင်းတွေကို လေ့လာကြည့်မိသွားပါတယ်။ သူတို့က ဟင်းထဲမှာ တကယ့်ကို Ma Krut သီးကို အလုံးလိုက်တွေ ထည့်ချက်တာတွေ့ရတယ်။ ဟင်းခပ်တဲ့အခါ ပါမလာတော့ ကျွန်မ နဂိုက မသိခဲ့ဖူးပေါ့။
Ma Krut အရွက်ကိုတော့ အရွက်လိုက် ထည့်ထည့်၊ ဖဲ့ပြီးထည့်ထည့်၊ ပါးပါးလေးလှီးထည့်ထည့် ဟင်းထဲမှာတွေ့နေရတော့ အရွက်သာ သုံးကြတယ်လို့ ပထမက ကျွန်မ ထင်မိခဲ့တာပါ။
ကျွန်မတို့ မြန်မာဟင်းတွေကို နိုင်ငံခြားသားတော်တော်များများက Very Oily- ဆီသိပ်များတယ်ဆိုပြီး လက်တွန့်ကြပါတယ်။ မြန်မာဟင်း၊ ထမင်းစားချင်တဲ့ သူငယ်ချင်းတွေ ရန်ကုန်လာတဲ့အခါ ဆီပြန်ချက်ပြီး ပန်းကန်ထဲခပ်တဲ့အခါ အနှစ်နဲ့ အသားပဲ ထည့်ပေးရပါတယ်။
ဒီသူငယ်ချင်းတွေအဖွဲ့ပဲ ထိုင်းမှာ ထမင်းအတူသွားစားကြတော့ အုန်းနို့ဟင်းတွေကို မြိန်ရေရှက်ရေ စားနေတာတွေ့လို့ အံ့သြနေမိတာ ခုမှ သူတို့က ရှောက်ဘီလူးထည့်ချက် ထားမှန်းသိပြီး ဒီရှောက်ဘီလူးအာနိသင်ကို သိထားတာကြောင့်ကိုး။
အရင်အဖြေမသိခင်ကတော့ အိမ်မှာ အမေနဲ့ အဒေါ်ကို ဒီဟင်းတွေအကြောင်း ပြောတော့ ဟင်းချက်ဝါသနာပါတဲ့ မေမေက ''သမီးတို့ ဟင်းတွေကလဲ ကြောက်စရာ၊ လန့်စရာပါလား။ စားလိုက်တာနဲ့ ဗိုက်ထဲလဲရောက် သွေးနားထင်က ပေါက်ထွက်ပြီး ကိစ္စချောမယ့်ပုံပဲ'' တဲ့လေ။
ဟင်းချက်ကောင်းတဲ့ အဒေါ်ကတော့ ''ဒီဟင်းတွေမှာ ဖြေဆေ တစ်ခုခုတော့ သုံးထားပါလိမ့်မယ်'' လို့ ကောက်ချက်ချဖူးပါတယ်။
အဖြေမသိခင်ကတော့ ပဟေဠိပေါ့လေ။ အခုတော့ အဖြေသိတော့လဲ ရှင်းသွားပါပြီ။

ကမ္ဘာ့အဆိပ်ပြင်းဆုံးေ၇ဘဝဲ

ကမ္ဘာ့အဆိပ်အပြင်းဆုံး သက်ရှိထဲက အပြာပါးကွက်နှင့် ရေဘဝဲ


အပြာရေင် အကွင်းအကွင်းလေးတွေ ပါရှိတဲ့အတွက် သူ့ကို အင်္ဂလိပ်လို Blue-ringed octopus လို့ခေါ်ပါတယ်။

အိန္ဒိယ သမုဒ္ဒရာ၊ ပစိဖိတ် မုဒ္ဒရာ တို့မှာ ပိုအတွေ့များပါတယ်။ သန္တာကျောက်တန်းတွေကြားထဲမှာ နေထိုင်တတ်ပါတယ်။ ကမ္ဘာ့အဆိပ် အပြင်းဆုံး သတ္တဝါစာရင်းထဲမှာ သူလည်း ပါဝင်ပါတယ်။ သူ့အဆိပ်က အိမ်မှာသုံးတဲ့ ပိုးသတ်ဆေး ဆိုင်ယာနိုက် ထက် အဆ ၁သောင်း မက ပြင်းပါတယ်။ သူ့ကိုက်လို့ အဆိပ်မိသွားရင် ဖြေဆေးမရှိပါဘူး။ အပြာကွက် ရေဘဝဲ ကို မသိလို့ စားမိရင်လည်း သေဖို့ပဲ ရှိပါတယ်။

ဒီအတွက် ဖြေဆေးကို ယနေ့တိုင် ရှာဖွေနေဆဲ ဖြစ်ပါတယ်။ သန္တာကျောက် တန်း လေ့လာသူများအတွက် အထူးသတိထားရ တဲ့ ရေအောက် သတ္တဝါစာရင်းထဲမှာ ပါဝင်ပါတယ်။ ဘာလို့လဲဆို အရောင်က တစ်လက်လက် နဲ့ လှနေတတ်ပြီး အရွယ်ကလည်း ၆ လက်မထက် ပိုမကြီးပါဘူး။ သေး လည်းသေးဆိုတော့ မသိတဲ့ သူများက သွားထိမိကြ ပါတယ်။ ဒီတော့ ရလဒ်က အဆိပ်သင့်သေဖို့ပဲ ဖြစ်ပါတယ်။

အဆိပ်မိပြီး မိနစ်ပိုင်းအတွင်း အသက်ရှုရပ်ပါတယ်။ နှလုံးခုံရပ်ပါတယ်။ ဦးနှောက်သို့ အောက်ဆီဂျင် မရောက်တော့ပဲ မိနစ်ပိုင်းအတွင်း ကို သေနိုင် ပါတယ်။ ဂျပန် တို့လို နိုင်ငံမှာဆိုရင် အပြာကွက် ရေဘဝဲ ကို ရှောင်ရှားဖို့ တားမြစ်ချက်များ ထုတ်ပြန် ထားရပါတယ်။

ဒါကြောင့် Blue-ringed octopus ကို ကမ္ဘာ့အဆိပ်အပြင်းဆုံး သက်ရှိ သတ္တဝါအဖြစ် မှတ်တမ်းတင်ထားကြောင်း သိရပါတယ်။
--
Ref: wiki

အေးချမ်းမွန်မှ ရိုးရာလေး သတင်း  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ရိုးရာလေး သတင်း
ကမ္ဘာ့အဆိပ်အပြင်းဆုံး သက်ရှိထဲက အပြာပါးကွက်နှင့် ရေဘဝဲ


အပြာရေင် အကွင်းအကွင်းလေးတွေ ပါရှိတဲ့အတွက် သူ့ကို အင်္ဂလိပ်လို Blue-ringed octopus လို့ခေါ်ပါတယ်။

အိန္ဒိယ သမုဒ္ဒရာ၊ ပစိဖိတ် မုဒ္ဒရာ တို့မှာ ပိုအတွေ့များပါတယ်။ သန္တာကျောက်တန်းတွေကြားထဲမှာ နေထိုင်တတ်ပါတယ်။ ကမ္ဘာ့အဆိပ် အပြင်းဆုံး သတ္တဝါစာရင်းထဲမှာ သူလည်း ပါဝင်ပါတယ်။ သူ့အဆိပ်က အိမ်မှာသုံးတဲ့ ပိုးသတ်ဆေး ဆိုင်ယာနိုက် ထက် အဆ ၁သောင်း မက ပြင်းပါတယ်။ သူ့ကိုက်လို့ အဆိပ်မိသွားရင် ဖြေဆေးမရှိပါဘူး။ အပြာကွက် ရေဘဝဲ ကို မသိလို့ စားမိရင်လည်း သေဖို့ပဲ ရှိပါတယ်။

ဒီအတွက် ဖြေဆေးကို ယနေ့တိုင် ရှာဖွေနေဆဲ ဖြစ်ပါတယ်။ သန္တာကျောက် တန်း လေ့လာသူများအတွက် အထူးသတိထားရ တဲ့ ရေအောက် သတ္တဝါစာရင်းထဲမှာ ပါဝင်ပါတယ်။ ဘာလို့လဲဆို အရောင်က တစ်လက်လက် နဲ့ လှနေတတ်ပြီး အရွယ်ကလည်း ၆ လက်မထက် ပိုမကြီးပါဘူး။ သေး လည်းသေးဆိုတော့ မသိတဲ့ သူများက သွားထိမိကြ ပါတယ်။ ဒီတော့ ရလဒ်က အဆိပ်သင့်သေဖို့ပဲ ဖြစ်ပါတယ်။

အဆိပ်မိပြီး မိနစ်ပိုင်းအတွင်း အသက်ရှုရပ်ပါတယ်။ နှလုံးခုံရပ်ပါတယ်။ ဦးနှောက်သို့ အောက်ဆီဂျင် မရောက်တော့ပဲ မိနစ်ပိုင်းအတွင်း ကို သေနိုင် ပါတယ်။ ဂျပန် တို့လို နိုင်ငံမှာဆိုရင် အပြာကွက် ရေဘဝဲ ကို ရှောင်ရှားဖို့ တားမြစ်ချက်များ ထုတ်ပြန် ထားရပါတယ်။

ဒါကြောင့် Blue-ringed octopus ကို ကမ္ဘာ့အဆိပ်အပြင်းဆုံး သက်ရှိ သတ္တဝါအဖြစ် မှတ်တမ်းတင်ထားကြောင်း သိရပါတယ်။
--
Ref: wiki

ကင်ဆာကို ကာကွယ်နိုင်ကြောင်း အတည်ပြုထားသည့် နည်းလမ်းများ

ကင်ဆာကို ကာကွယ်နိုင်ကြောင်း အတည်ပြုထားသည့် နည်းလမ်းများ

သိပ္ပံပညာရှင်တွေက ကင်ဆာအများစုကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကို မကြာခင်ကမှ ကြေညာ လိုက်ပါတယ်။ ကိုယ်အလေးချိန်ကို ထိန်းသိမ်းတာ၊ လေ့ကျင့်ခန်း လုပ်တာနဲ့ ဆေးလိပ် မသောက်တာတွေဟာ 
 ကင်ဆာကို ကာကွယ်ဖို့ အဓိက သော့ချက်တွေဖြစ်ပြီး အောက်ပါတွေကို ပြုလုပ်တာကြောင့်လည်း ကင်ဆာဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချ နိုင်တယ်လို့ ကျွမ်းကျင်သူတွေက  အကြံပေးထားပါတယ်။

၁။ ရောင်ရမ်းမှုတွေ မရှိအောင် ရေသောက်ပါ

စိတ်ဖိစီးမှုတွေ တစ်ချိန်လုံး ဖြစ်နေတာကြောင့် ခန္ဓာကိုယ်မှ ကင်ဆာဖြစ်စေနိုင်တဲ့ ရောင်ရမ်းမှု ထုတ်လုပ်မှု ၅၅ ရာခိုင်နှုန်းထိ မြင့်တက်လာနိုင်ပါတယ်။ နေ့စဉ် ရေရှစ်ခွက်လောက် သောက်ပေးရင် ရောင်ရမ်းမှုကို ဖြေရှင်းနိုင်ပါတယ်။ ရေဟာ ရောင်ရမ်းမှုဖြစ်စေတဲ့ ဒြပ်ပေါင်းတွေကို (သူတို့က ခန္ဓာကိုယ်ရဲ့ဆဲလ်တွေကို ဖျက်ဆီးမှု မပြုလုပ်နိုင်ခင်မှာပဲ) ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင် ဟာချီဆင် ကင်ဆာသုတေသန ဌာနမှ လေ့လာမှုအရ ရေဓာတ်ပြည့်ဝနေတာကြောင့် အူမကြီးကင်ဆာ၊ သားမြတ်ကင်ဆာနဲ့ ဆီးအိမ်ကင်ဆာ ဖြစ်နိုင်ခြေကို ၄၅ ရာခိုင်နှုန်းနဲ့အထက် လျှော့ချနိုင်ပါတယ်လို့ သိရပါတယ်။
၂။ သားမြတ်ကို ကာကွယ်နိုင်အောင် နေခြည်နုနု ခံယူပါ

နေရောင်ခြည်နဲ့ နေ့စဉ် မိနစ် ၂၀ ခန့် ထိတွေ့တာကြောင့် သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေ ၃၆ ရာခိုင်နှုန်းထိ လျှော့ချနိုင်တယ်လို့ နှစ်ပေါင်းများစွာ သုတေသန ပြုလုပ်အပြီးမှာ ဖော်ထုတ် လိုက်ပါတယ်။ နေရောင်ခြည် (UV Light) ဟာ ခန္ဓာကိုယ်မှ ကင်ဆာကို တိုက်ထုတ်နိုင်တဲ့ အာဟာရ ဗီတာမင်ဒီ ထုတ်လုပ်မှုကို မြင့်မားစေနိုင်ပါတယ်။ နံနက်ခင်းမှာ နေရောင်ခြည်ကို ခံယူရင် အရေပြားအနေနဲ့ ဆဲလ်ပျက်စီးမှုတွေကို ပြန်လည် ပြုပြင်နိုင်စွမ်း အမြင့်ဆုံး အချိန်ဖြစ်တာမို့ အရေပြားကင်ဆာ ဖြစ်နိုင်ခြေကိုလည်း ငါးဆအထိ လျှော့ချ နိုင်ပါတယ်။

Tip!
သွေးတွင်း သကြားဓာတ်ကို ထိန်းသိမ်းပြီး ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပါ

သွေးထဲမှာ သကြားဓာတ်တွေ မြင့်တက်နေတာဟာ ကင်ဆာကြီးထွားမှု အတွက် လောင်စာ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်း သကြားဓာတ်ကို တည်ငြိမ်အောင် ထားရှိတာဟာ အကျိတ်ကြီးထွားမှုကို ရပ်တန့်စေနိုင်တဲ့အပြင် ခုခံအားစနစ်ကိုလည်း ကင်ဆာဆဲလ်တွေကို ဖျက်ဆီး နိုင်ချိန်ပေးဖို့ အဓိက သော့ချက်ပါလို့ ဆိုပါတယ်။ သွေးတွင်း သကြားဓာတ် တည်ငြိမ်မှုရှိအောင် -

၁။ နံနက်တိုင်း အမျှင်ဓာတ်မှီဝဲပြီး ခန္ဓာကိုယ်မှ သကြားစုပ်ယူမှုကို ပိတ်ပင်ပါ။

၂။ သကြားဓာတ် (ကာဗိုဟိုက်ဒရိတ်) စုပ်ယူမှု နှေးကွေးအောင် အစာစားတိုင်း ပရိုတင်း (အသား၊ ဥ၊ နို့၊ တိုဟူး) ပါဝင်အောင် စားပေးပါ။

နေရောင်ခြည်နဲ့ ထိတွေ့မှုမရှိတဲ့ နေရာရောက်နေရင် နေ့စဉ် ဗီတာမင်ဒီ ၂၀၀၀ IU မှီဝဲနိုင်ပါတယ်လို့ သုတေသီတွေက ဆိုပါတယ်။

၃။ ကျန်းမာနေအောင် ဟင်းခတ် အမွှေးအကြိုင် အသုံးပြုပါ

ဇီရာစေ့အခြောက် လက်ဖက်ရည်ဇွန်း တစ်ဝက်စာ ဒါမှမဟုတ် ဇီရာ စားပွဲဇွန်း တစ်ဇွန်းစာကို နေ့စဉ် အသုံးပြုတာကြောင့် ကင်ဆာကို တွန်းလှန်နိုင်တဲ့ ခုခံဆဲလ်တွေ ထုတ်လုပ်နိုင်အောင် လှုံ့ဆော်မှုပေးပြီး ကင်ဆာဆဲလ် ကြီးထွားမှုကို ပိတ်ပင်နိုင်ပါတယ်။ 
 
ဒါ့အပြင် နေ့စဉ် ကြက်သွန်ဖြူတစ်ဥ စားသုံးတာကြောင့် အစာခြေစနစ်အတွင်း ကင်ဆာရောဂါ ဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်းထိ လျှော့ချနိုင်ပါတယ်။ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ ဆာလဖာကွန်ပေါင်းတွေက သင်ရဲ့ ခုခံအားစနစ်မှ မသင်္ကာစရာ ဆဲလ်တွေကို ဖျက်ဆီးနိုင်စွမ်းရည် မြှင့်တင်ပေးနိုင်လို့ပါလို့ ကယ်လီဖိုးနီးယားမှ သုတေသီတွေက ပြောပါတယ်။

Tip! အာလူးကြော်ကို ရှောင်ပါ

အာလူးလိုမျိုး ကစီများတဲ့ အစာကို အပူချိန်မြင့်မားစွာနဲ့ ကြော်လှော်ခဲ့ရင် ကင်ဆာဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်းတွေ ထွက်လာတာမို့ အာလူးကြော်လိုမျိုး အစာတွေကို ရှောင်ရမယ်လို့ WHO က သတိပေးထားပါတယ်။

၎။ ပျက်ပြယ်အောင် စတော်ဘယ်ရီသီး စားပါ

စတော်ဘယ်ရီသီးမှာ များစွာပါဝင်တဲ့ အပင်ဒြပ်ပေါင်း Ellagic Acid တွေဟာ အစာအိမ်နဲ့ အူလမ်းကြောင်း စနစ်ရဲ့ အမြှေးပါးအတွင်း ပျော်ဝင်နိုင်တာကြောင့် ကင်ဆာဖြစ်စေနိုင်တဲ့ ပစ္စည်းနဲ့ အဆိပ် အတောက်တွေကြောင့် ပျက်စီးနိုင်ခြေကို ၇၅ ရာခိုင်နှုန်းထိ ကာကွယ် နိုင်တယ်လို့ ကန်တက်ကီ တက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။

၅။ လေထုသန့်စင်အောင် သန့်ရှင်းရေးသုံး ပစ္စည်းတွေကို သတိထားသုံးပါ

အနံ့အသက်ပါတဲ့ အဝတ်လျှော် ဆပ်ပြာမှုန့်တွေမှာ ကင်ဆာဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်း နှစ်မျိုး ပါဝင်တယ်လို့ ဝါရှင်တန် တက္ကသိုလ်မှ လေ့လာမှုအရ သိရပါတယ်။ အနံ့အသက် မပါဝင်တဲ့ သန့်ရှင်းရေးသုံး ပစ္စည်းတွေကို ပြောင်းသုံးတာကြောင့် ကင်ဆာဖြစ်နိုင်ခြေဟာလည်း အလိုအလျောက် ကျဆင်း သွားနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

၆။ ခုခံအားစနစ် မြင့်တက်အောင် မိတ်ဆွေ အပေါင်းအသင်းထားပါ

သင်ရဲ့မိတ်ဆွေရင်းတွေနဲ့ အချိန်ယူပြီး တွေ့ဆုံတာကြောင့် ကင်ဆာဖြစ်နိုင်ခြေ ငါးဆထိ လျှော့ချ နိုင်တယ်လို့ သြစတြေးလျမှ သုတေသီတွေက ဆိုပါတယ်။ မိတ်ဆွေ ဒါမှမဟုတ် မိသားစုတွေနဲ့ ရင်းရင်းနှီးနှီး နေတတ်သူတွေဟာ စိတ်ဖိစီးမှုတွေ ကျဆင်းတာကြောင့် ခုခံအားစနစ် သန်မာပြီး ကျန်းမာရေးလည်း ပိုကောင်းမွန်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

ဒေါက်တာခင်မိုးမိုး
By Good Health

ကြက်ဟင်းခါးသီး

ခါးသက်သက် အရသာရှိတဲ့ ကြက်ဟင်းခါးသီးဟာ အပူပိုင်း စိုစွတ်တဲ့ ရာသီမှာ ပေါက်လေ့ရှိပြီး အဓိကအားဖြင့် အာရှတိုင်းပြည်တွေနဲ့ တောင်အမေရိကတွေမှာ တွေ့ရပါတယ်။ အရသာက ခါးသက်တယ် ဆိုပေမယ့် ကြက်ဟင်းခါးသီးမှာ ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရှိပါတယ်။
အာဟာရတန်ဖိုး
ကြက်ဟင်းခါးသီးမှာ ကယ်လိုရီ ပါဝင်မှု အလွန် လျော့နည်းပါတယ်။ ဒါပေမဲ့ တန်ဖိုးရှိတဲ့ အာဟာရ ဓာတ်တွေ အများအပြား ပါဝင်ပါတယ်။ ဗီတာမင် B1 ၊ B2 နဲ့ B3၊ ဗီတာမင်စီ၊ မဂ္ဂနီဆီယမ်၊ ဖောလစ်အက်စစ်၊ ဇင့်(သွပ်)၊ ဖော့စ်ဖရပ်စ်၊ မဂ္ဂနိစ်နဲ့ အမျှင်ဓာတ်တို့ ကောင်းစွာ ပါဝင် နေပါတယ်။ သံဓာတ် ပါဝင်မှု များပြီး ဘီတာ ကယ်ရိုတင်း ပါဝင်မှုဟာ ပန်းဂေါ်ဖီစိမ်းထက် နှစ်ဆ၊ ကယ်လ်စီယမ် ပါဝင်မှုက ဟင်းနုနယ်ရွက်ထက် နှစ်ဆနဲ့ ပို တက်စီယမ်ပါဝင်မှုက ငှက်ပျောသီးထက် နှစ်ဆ အသီးသီး ပါဝင်နေပါတယ်။ ကြက် ဟင်းခါးသီးမှာ သွေးတွင်း သကြားဓာတ်ကို ကျစေတဲ့ အာနိသင်ရှိသလို Polypeptide P လို့ခေါ်တဲ့ အင်ဆူလင်လို ဒြပ်ပေါင်း တစ်မျိုး လည်း ပါဝင်တာကြောင့် ဆီးချိုရောဂါရှိသူတချို့အတွက် ကောင်းကျိုး ရှိကြောင်း လေ့လာသူတွေက ဆိုပါတယ်။
ကျန်းမာရေး အကျိုးကျေးဇူးများ
(၁) သွေးပြဿနာများ
ကြက်ဟင်းခါးသီးအရည်ဟာ သွေး ဆိပ်သင့်တာကြောင့်ဖြစ်တဲ့ အနာနဲ့ ယား ယံမှုတွေကို ကုသရာမှာ အလွန်အကျိုး ကျေးဇူးများပါတယ်။ လတ်ဆတ်တဲ့ ကြက် ဟင်းခါးသီးအရည်ကို သံပရာရည်နဲ့ ရောကာ အစာမရှိချိန် ဖြည်းဖြည်းချင်း ငုံပြီး နေ့စဉ်သောက်ပေးရင် ၄-၆လ အ ကြာမှာ သိသာတဲ့ တိုးတက်မှုကို တွေ့ရပါ တယ်။
(၂) ကာလဝမ်းးရောဂါ
ကာလဝမ်းရောဂါ အစောပိုင်းအ ဆင့်မှာ ကြိတ်ခြေထားတဲ့ ကြက်ဟင်းခါး ရွက် လက်ဖက်စားဇွန်း နှစ်ဇွန်းနဲ့ ကြက် သွန်နီအရည် လက်ဖက်စားဇွန်း နှစ်ဇွန်း၊ သံပရာရည် လက်ဖက်စားဇွန်း တစ်ဇွန်း တို့ကို ဆတူရောပြီး နေ့စဉ် သောက်ပေး ပါ။
(၃) အမျိုးအစား (၂) ဆီးးချိုရောဂါ
ကြက်ဟင်းခါးသီးမှာ ပါတဲ့ အပင် ထွက်အင်ဆူလင်ဟာ ဆီးနဲ့ သွေးထဲက သကြားဓာတ်ကို လျော့ကျစေတဲ့ အကျိုးကျေးဇူး ရှိပါတယ်။ ကြက်ဟင်းခါးသီးဟာ သွေးတွင်း အင်ဆူလင်အဆင့်ကို တိုးစေ တာမျိုး မရှိဘဲ ဂလူးကို့စ် ခံနိုင်ရည်ရှိမှုကို သိသိသာသာ ကောင်းမွန်စေတာ ဖြစ်ပါ တယ်။
(၄) စွမ်းအင်
ကြက်ဟင်းခါးသီး အရည်ကို ပုံမှန် သောက်ပေးတာကြောင့် စွမ်းအင်နဲ့ သက်လုံကို ကောင်းမွန်စေပါတယ်။ နှစ်နှစ် ခြိုက်ခြိုက် အိပ်မောကျစေပါတယ်။
(၅) မျက်စိပြဿနာများ
ကြက်ဟင်းခါးသီးမှာ ဘီတာကယ်ရို တင်းနဲ့ တခြားအာနိသင်တွေ ပါဝင်မှု မြင့် မားတာကြောင့် မျက်စိ ပြဿနာ တွေကို ကင်းဝေးစေပြီး အမြင်အာရုံကို တိုးတက် ကောင်းမွန်စေပါတယ်။
(၆) အရက်နာကျခြင်း
ကြက်ဟင်းခါးသီး အရည်ဟာ အရက်နာကျတဲ့ ဝေဒနာကို ကုသရာမှာ ကောင်းကျိုး ရှိပါတယ်။ အရက်သောက် တာကြောင့်ဖြစ်တဲ့ အသည်းဝေဒနာ တွေကို ပြုပြင်ပေးပြီး အသည်းကို သန့် စင်စေပါတယ်။
(၇) ကိုယ်ခံစွမ်းအား ကောင်းမွန်ခြင်း
ကြက်ဟင်းခါးသီး အရည်ဟာ ကိုယ်ခံစွမ်းအား စနစ်ကို ကောင်းမွန်အောင် တည်ဆောက်ပေးပြီး ခန္ဓာကိုယ်ရဲ့ ရောဂါ တွန်းလှန်နိုင်စွမ်းကို ကောင်းမွန်စေပါတယ်။
(၈) လိပ်ခေါင်း
ကြက်ဟင်းခါးရွက်ကရတဲ့ အရည် လက်ဖက်စားဇွန်း သုံးဇွန်းကို ထောပတ်၊ နို့ တစ်ဖန်ခွက်နဲ့ ရောကာ နံနက်တိုင်း အစာမရှိချိန်မှာ သောက်ပေးရင် တစ်လအကြာမှာ သက်သာ သွားပါလိမ့်မယ်။ လိပ်ခေါင်းက နာကျင် နေရင် ကြက်ဟင်းခါးပင်ရဲ့ အမြစ်ကို စေးပျစ်အောင် ကြိတ်ပြီး လိပ်ခေါင်းပေါ်မှာ အုပ်ပေးပါ။
(၉) ဆိုးရီးယေးစစ်အရေပြားအနာ
ကြက်ဟင်းခါးရွက် အရည်ကို ပုံမှန် သောက်ပေးရင် ဆိုးရီးယေးစစ်နဲ့ တခြား ဖန်းဂပ်စ်မှိုစွဲတဲ့ အရေပြား အနာတွေကို သက်သာစေပါတယ်။
(၁၀) အသက်ရှူလမ်းကြောင်း ပြဿနာများ
လတ်ဆတ်တဲ့ ကြက်ဟင်းခါးသီး အရည် နှစ်အောင်စနဲ့ ရေရောထားတဲ့ ပျားရည်တစ်ခွက်ကို ရောသောက် ပေးရင် ပန်းနာရင်ကျပ်၊ လေပြွန်ရောင်တာ စတဲ့ အသက်ရှူလမ်းကြောင်း ဝေဒနာတွေကို သက်သာစေပါတယ်။ သတိပြုရန် ဆီးချိုကုသဆေးသောက်နေတဲ့ ဆီးချိုရောဂါရှိသူတွေအနေနဲ့ ကြက်ဟင်းခါးအရည် မသောက်ခင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ကိုယ်ဝန်ဆောင်တွေအနေနဲ့ ကြက်ဟင်းခါးသီးကို အလွန်အမင်း စားသောက်တာမျိုး ရှောင်သင့်ပါတယ်။Myawady Health

ပုံပြင်လေးတစ်ပုဒ်

"နှစ်တွေဟောင်းလို့
နှစ်သစ်ကူးကာ
ပျော်ရွှင်တာတွေ့မြင်ရပြန်ပြီ
ဒါပေမဲ့လည်း
လကလေးခမျာ ငိုရရှာ---"


ဟိုး----လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်လောက်ကပေါ့-- နတ်ပုံပြင်လေး တစ်ပုဒ်ရှိခဲ့တယ်။
အဲဒီပုံပြင်လေးမှာ ကောင်လေးနဲ့ကောင်မလေး နှစ်ယောက်ရှိတယ် တဲ့။
သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ကြတယ် တဲ့။
တစ်နေ့ကျတော့ ကောင်လေးဟာ အတောင်လေးမှာ ဒဏ်ရာရပြီးလဲနေတဲ့
ငှက်ကလေးတစ်ကောင်ကို တွေ့ပြီး ကယ်တင်ပေးလိုက်တယ်၊
ငှက်ကလေးကို သစ်မြစ်၊သစ်ဥတွေ သွေးလိမ်းပြီး ဒဏ်ရာကို ကုပေးတယ်။
နောက်---- ဒဏ်ရာသက်သာလာတော့ ငှက်ကလေးကို သင်သွားလိုရာ လွတ်လွတ်လပ်လပ်
ပျံသန်းပေတော့ လို့ပြောပြီး လွှတ်ပေးလိုက်တယ် တဲ့လေ။



အဲဒီတော့မှ ငှက်ကလေးက ကောင်လေးကို လူလိုပြောသတဲ့။
"အသင်လူ----- ကျွန်တော့်ကို ကယ်တင်ပေးတဲ့ဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်---
အသင့်ရဲ့ ကျေးဇူးဆပ်ချင်ပါတယ်။
ကျွန်တော်က နတ်မင်းကြီးမွေးထားတဲ့ ငှက်ကလေးဖြစ်ပါတယ်။
သင်လိုအပ်တဲ့အခါ လိုရာဆုတစ်ခုကို တောင်းဆိုပါ။
သင်တောင်းဆိုတဲ့ တောင်းဆိုချက်ဟာ ချက်ချင်းပြည့်စုံလိမ့်မယ်" လို့ ပြောပြီး-- ပျံသန်းသွားတော့တယ်။




အဲဒီအကြောင်းကို ကောင်မလေးက မသိဘူးတဲ့။
ညလေးတစ်ညမှာတော့ ကောင်လေးနဲ့ကောင်မလေး ချိန်းတွေ့တဲ့အခါ
ကောင်မလေးက မျက်နှာမကောင်းဘူး ဖြစ်နေတယ်တဲ့လေ။
ကောင်လေးက "ဘာဖြစ်လို့မျက်နှာမကောင်း ဖြစ်နေရတာလဲ။ သူ့ကိုပြောပြပါ။
သူဘာလုပ်ပေးရမလဲ" လို့အတင်းမရမက မေးတယ်။



ကောင်မလေးက "မဖြစ်နိုင်ပါဘူး၊ သူဖြစ်ချင်တာကို လုပ်ပေးနိုင်မှာမဟုတ်ပါဘူး" ဆိုပြီးပြောမပြဘူး တဲ့။
ကောင်လေးက အတင်းပဲလိုက်မေးတယ်။ "သူ့ကိုချစ်၇င် ပြောပြပါ။
သူလုပ်ပေးနိုင်အောင် ကြိုးစားပါ့မယ်" လို့ ထပ်ခါထပ်ခါပြောတော့မှ ကောင်မလေးကပြောပြတယ်။




သူဒီကိုလာတဲ့လမ်းက ရေကန်ကြီးတစ်ကန်မှာ နတ်သမီးလေးတွေ ဆော့ကစားနေတာကိုတွေ့ခဲ့ရတယ်-
တအားပျော်ဖို့ ကောင်းတာပဲ၊ သူလည်းနတ်သမီးလေးလို ၀တ်ပြီး ဆော့ချင်လိုက်တာတဲ့ ---
တစ်ရက်လောက် ဆော့ကစားလိုက်ရင် သူကျေနပ်ပါပြီဆိုပြီး ပြောသတဲ့လေ----




ကောင်လေးက သူ့ချစ်သူပြောတော့ စိတ်မကောင်း ဖြစ်သွားတာပေါ့။
သူ့ချစ်သူ ဖြစ်ချင်တာတွေကို သူကလုပ်ပေးချင်ပေမယ့် ဘယ်လိုလုပ်ပြီး နတ်သမီးဖြစ်အောင်
လုပ်ပေးနိုင်မလဲဆိုတာ တွေးရင်း စိတ်မကောင်းဖြစ်ပြီး မှိုင်နေတာပေါ့ကွယ်။




နောက်တော့မှ ငှက်ကလေးပြောသွားခဲ့တာကို သတိရသွားပြီး--- သူ့ချစ်သူကောင်မလေးကို
ဝမ်းသာအားရ ပြောပြတယ်။
"ချစ်--ဘာမှစိတ်မကောင်း မဖြစ်နဲ့၊ နတ်သမီးဖြစ်အောင် သူလုပ်ပေးနိုင်ပါတယ်" လို့ပြောပြီး
သူ ဆုတောင်းလိုက်တယ်၊




"နတ်မင်းကြီး---- ကျွန်တော့်ချစ်သူလေးကို နတ်သမီးဖြစ်အောင်လုပ်ပြီး
နတ်သမီးလေးတွေလို ကစားခွင့်ရအောင် လုပ်ပေးပါလို့" ဆုတောင်းလိုက်လေ သတဲ့။




"ပြည့်စေ" ဆိုတဲ့ အသံထွက်လာပြီး ချက်ချင်းပဲ ကောင်မလေးဟာ
နတ်သမီးလေး ဖြစ်သွားတော့တယ်၊



နတ်သမီးလေးဖြစ်သွားတော့ ကောင်မလေးက အရမ်းပျော်ရွှင်နေတာပေါ့။
သူတစ်ရက်ပဲ ကစားပါ့မယ်လို့ သူ့ချစ်သူကောင်လေးကို ကတိပေးပြီး ရေကန်ကြီးဆီကိုထွက်သွားတာပေါ့။။



ကောင်လေးက တစ်ယောက်တည်း ကျန်ရစ်ခဲ့ရှာတယ်။
သူ့ကောင်မလေး ဆော့နေတဲ့ ရေကန်ကြီးကိုချောင်းကြည့်လိုက်တော့ တအားကိုလှပြီး
ပျော်မြူးစွာ ဆော့ကစားနေတာကို တွေ့ရတော့ သူအရမ်းကို ကျေနပ်နေတာပေါ့။
သူပြန်လာပြီး--- ညနေစောင်းတဲ့အထိ စောင့်နေတာပေါ့ ။။။။။


ပြန်လာနိုးနိုးနဲ့ စောင့်နေလိုက်တာ--- တစ်ရက်၊ တစ်လ၊ တစ်နှစ်၊ သုံးနှစ်၊ ဆယ်နှစ်၊ နှစ်တွေ အများကြီး
ကြာသွားပေမယ့် ကောင်မလေးက ပြန်မလာခဲ့ဘူး တဲ့။



ကောင်လေးက ကောင်မလေးကို စောင့်နေရင်း ရင်ကွဲနာကျပြီး သေဆုံးသွားခဲ့တယ်၊
ကောင်လေးက သေသွားပြီးတော့ ဥသြငှက်ကလေး တစ်ကောင်ဖြစ်သွားတယ် တဲ့ကွယ်။
ဥသြငှက်ကလေးကလည်း "ဥသြ--ဥသြ"---လို့ အော်ပြီးကောင်မလေးကို လိုက်ရှာရှင်း
မျှော်နေရင်းနဲ့ သေဆုံးသွားခဲ့ပြန်တယ်၊




ဥသြငှက်ကလေး သေသွားတော့ -- ကောင်းကင်က လလေးရဲ့ ဘေးနားမှာ ကြယ်ပွင့်လေးဖြစ်သွားတယ်။
အဲဒီကြယ်ပွင့်လေးကတော့ နှစ်ဟောင်းပြောင်းလို့ နှစ်သစ်ကူးတဲ့ ည---လလေး ဘေးမှာရှိနေတတ်တဲ့
တစ်ပွင့်တည်းသော ကြယ်ပွင့်လေးပေါ့ကွယ်----



လလေးက သူတစ်ယောက်တည်း တိုးတိုးလေးပြောပြီး ငိုနေရှာတယ်တဲ့။
ကောင်လေးရော---ကောင်မလေးရော နတ်ပြည်တစ်ရက်ဟာ လူ့ပြည်မှာနှစ်ပေါင်းတစ်ရာရှိတယ် ဆိုတာ
သူတို့မသိရှာဘူးဆိုပြီး စိတ်မကောင်းလွန်းလို့ ငိုနေရှာတာတဲ့ကွယ်။




ဒါကြောင့် --- နှစ်သစ်ကူးရောက်တိုင်း -- ညတိုင်းညတိုင်းမှာ ကောင်းကင်ကို မော့ကြည့်လိုက်ရင် --
လကလေးငိုနေတဲ့ ပုံစံ လကွေးကွေးလေးနဲ့ တစ်ပွင့်တည်းသော ကြယ်လေးကို
တွေ့ရတတ် တယ်တဲ့။




အဲဒီအချိန်--- လူ့ပြည်မှာတော့ ကြယ်မီးပုံးလေးတွေ၊ ကြယ်မီးသီးလေးတွေ ထွန်းပြီး
ဒီနှစ်ကုန်လို့ ရှေ့နှစ်ကူးမှာ ကြယ်ကလေး သူ့ချစ်သူလေးနဲ့ ပေါင်းရပါစေ။
ပြန်ဆုံကြပါစေလို့ ဆုတောင်းကြတာပေါ့။



နှစ်တွေကြာညောင်းလို့ ကာလဒေသတွေ ပြောင်းလာတော့မှ လူတွေက
"Happy New Year" ဆိုပြီး ၀ိုင်းဆုတောင်းကြတာပေါ့။



လကလေးကတော့ လူတွေပျော်ရွှင်စွာနဲ့ ဆုတောင်းပေးတာကို ကြည့်ပြီး
တစ်ယောက်ထဲ ငိုကြွေးနေရတယ်လေ။
ဒါကြောင့် ----လကလေးဟာ ငိုနေတဲ့ပုံစံ လကွေးကွေး လေး ဖြစ်နေတာပေါ့။




New Year ညတိုင်းမှာ ကောင်းကင်ကို ကြည့်လိုက်ပါ။
ခပ်ကွေးကွေးနဲ့ လကလေးနဲ့ နံဘေးမှာ တစ်ပွင့်တည်းသော
ကြယ်ကလေးကို တွေ့ကြရမှာပါ။
မေးလ်မှတစ်ဆင့်ကူးယူဖော်ပြသည်။

စိတ်ကို ထိန်းချုပ်နည်းများ

စိတ်ကို ထိန်းချုပ်နည်းများ

၁ - အရသာခံစားမှုဖြင့် (ဥပမာ - သဘာဝအလှ ၊ ဂီတတို့ ဖြစ်)
စိတ်၏လိုအင်ဆန္ဒများကို ခေတ္တခဏ ထိန်းချုပ်နိုင်သည်။

၂ - ကိုယ်ကျင့်တရားဖြင့် စိတ်၏လိုအင်ဆန္ဒများကို ခေတ္တခဏ ထိန်းချုပ်ထားနိုင်သည်။

၃ - ဘာသာတရားဖြင့် စိတ်၏လိုအင်ဆန္ဒများကို ခေတ္တခဏ ထိန်းချုပ်ထားနိုင်သည်။

၎ - လောကကြီးအကြောင်း အမှန်တိုင်း ပိုင်းခြားသိမြင်ခြင်းဖြင့် စိတ်၏လိုအင်ဆန္ဒများကို အပြီးတိုင်ထိန်းချုပ်ထားနိုင်သည်။

ဂျာမန်ဒဿနိကဗေဒ ပညာရှင် ရှိုပင်ဟောင်းဝါ

Dec 21, 2012

ရင်သားအလှကိုမထိခိုကစေရန်

ရင်သားအလှ မထိခိုက်စေရန်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ရင်သားဆိုတာ မိန်းကလေး တစ်ယောက်ရဲ့ ခန္ဓာကိုယ် အလှအပကို ဖော်ဆောင်ပေးတဲ့ အရာပါ။
မိန်းကလေး တစ်ယောက် ကြည့်ကောင်း တယ်လို့ သတ်မှတ်ခံရတဲ့ အခါမှာလည်း ရင်သား အလှဟာ ပါဝင် ပတ်သက် နေပါတယ်။ ရင်သားလှတဲ့ မိန်းကလေးတွေဟာလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေတတ်ကြပါတယ်။ ဒါကြောင့် မိန်းကလေး တစ်ယောက် အတွက် ရင်သားအလှ မထိခိုက်စေဖို့နဲ့ ရင်သား ကျန်းမာရေး ကောင်းမွန် နေစေဖို့ အတွက် သိထားသင့်တဲ့ လမ်းညွှန်ချက်တွေကို ဖော်ပြ ပေးလိုက်ပါတယ်။

၁) ဖြည့်စွက်ဆေး သောက်ပါ

ရင်သား ကျန်းမာရေးအတွက် လိုအပ်တဲ့ အစားအသောက်တွေကို ပြည့်ဝအောင် စားပေးပါ။ တကယ်လို့ မစားဖြစ်ရင် ဖြည့်စွက်ဆေးကို မှီဝဲသင့်ပါတယ်။ မှီဝဲသင့်တဲ့ အစားအသောက် တွေကတော့ ဗီတာမင်နဲ့ သတ္တုဓာတ် ပေါကြွယ်ဝတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ၊ အဆီနည်း အသား၊ ငါး၊ ပဲအမျိုးမျိုးနဲ့ အခွံချွတ် မထားတဲ့ ဆန်လုံးညိုလို ကောက်နှံ စာတွေပဲ ဖြစ်ကြပါတယ်။ တကယ်လို့ ဒီအာဟာရတွေကို အလုံအလောက် မစားဖြစ်ရင်တော့ ဗီတာမင်နဲ့ သတ္တုဓာတ်ပါတဲ့ ဖြည့်စွက်ဆေးကို မှီဝဲပေး သင့်ပါတယ်။

၂) ကျန်းမာရေးနှင့် ညီညွတ်သော အဆီကို စားပါ

အဆီတွေဟာ ဟော်မုန်း ထုတ်လုပ်ဖို့အတွက် လိုအပ်ပါတယ်။ အဆီတွေဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီး လုပ်ငန်းဆောင်တာ များစွာကို ကောင်းမွန်စေပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီကို စားပေးတဲ့အခါ သင့်ခန္ဓာကိုယ်က ပိုကြည့် ကောင်းလာပြီး စိတ်ခံစားမှုလည်း ပိုကောင်းလာတာကို တွေ့ရမှာပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေကတော့ ငါး အဆီ၊ အခွံမာသီး၊ အစေ့ အဆန်၊ သံလွင်ဆီ စတာတွေ ဖြစ်ကြပါတယ်။ တကယ်လို့ မစားဖြစ်ရင် အိုမီဂါသရီး ဖက်တီးအက်စစ် အားဖြည့်ဆေးကို မှီဝဲပေးပါ။

၃) အပင်ထွက် ဟော်မုန်းကို မှီဝဲပါ

ဖိုင်တိုဟော်မုန်းတွေဟာ အပင်ကနေ ရတဲ့ ဟော်မုန်းတွေဖြစ်ပြီး ခန္ဓာကိုယ် ကျန်းမာရေး အတွက် မရှိမဖြစ် အရေးပါတဲ့ ဟော်မုန်း အမျိုးအစား အားလုံးကို ဖန်တီး ထုတ်လုပ်ရာမှာ ကူညီပါတယ်။ ဟော်မုန်း စနစ် ဟန်ချက်ညီတာဟာ ရင်သားတွေကို ကျန်းမာစေပါတယ်။ ဒါကြောင့် ဖိုင်တိုဟော်မုန်း ရအောင် အပင်ထွက် အစားအစာတွေကို စားသုံး ပေးသင့်ပါတယ်။

၎) အသည်း ကျန်းမာအောင် ဂရုစိုက်ပါ

အသည်းရဲ့ လုပ်ငန်းဆောင်တာဟာ ဟော်မုန်းတွေနဲ့ တခြား ဓာတု ပစ္စည်းတွေကို တည်ဆောက် ဖြိုခွဲတာ ဖြစ်ပါတယ်။ အသည်း ကျန်းမာစေဖို့ အတွက် အရက် အလွန်အမင်း မသောက်ပါနဲ့။ မကောင်းတဲ့ ထပ်ပြန်ကြော်ဆီ၊ တိရစ္ဆာန်ထွက် အဆီ စတာတွေကို ရှောင်ပါ။ မှိုတက်နေတဲ့ အစားအစာတွေကို လုံးဝ မစားပါနဲ့။ အသည်း ကောင်းနေမှ ဟော်မုန်းတွေ ဟန်ချက်ညီကာ ရင်သား ကျန်းမာနေမှာ ဖြစ်ပါတယ်။

၅) စိတ်ဖိစီးမှုကို ဖြေဖျောက်ပါ

စိတ်ဖိစီးမှုကို လျှော့ချနိုင်ဖို့က အပြောလွယ်သလောက် လုပ်ရတာ ခက်ခဲပါတယ်။ စိတ်ဖိစီးမှုဟာ ခန္ဓာကိုယ် ကျန်းမာရေးအပေါ် အကြီးအကျယ် သက်ရောက်မှု ရှိနေတာကြောင့် အာဟာရ ပြည့်ဝအောင် စားတာ၊ တရား ထိုင်တာ၊ ယောဂကျင့်တာ၊ လေ့ကျင့်ခန်း လုပ်တာ စတဲ့ နည်းလမ်းတွေနဲ့ လျှော့ချ ကြည့်သင့်ပါတယ်။

၆) အပို ကိုယ်အလေးချိန်ကို လျှော့ချပါ

ကိုယ်အလေးချိန် ပိုနေရင် ခန္ဓာကိုယ် တစ်ခုလုံးရဲ့ ကျန်းမာရေးကို ထိခိုက် စေသလိုပဲ ရင်သားကိုပါ ထိခိုက် စေနိုင်ပါတယ်။ ပုံမှန်ထက် ကိုယ်အလေးချိန် ပိုများတာနဲ့ ကျန်းမာရေး ပြဿနာအကြား ဆက်စပ်မှု ရှိနေတာကြောင့် ကိုယ် အလေးချိန်ကို ပုံမှန် ရှိအောင် ထိန်းသင့်ပါတယ်။

၇) အမျှင်ဓာတ်များသော အစားအစာ စားပါ

အမျှင်ဓာတ် များတဲ့ အစားအစာတွေကို စားတာက အူလှုပ်ရှားမှုကို ကောင်းမွန် စေပါတယ်။ ခန္ဓာကိုယ်က မလိုအပ်တဲ့ အဆိပ်အတောက်တွေနဲ့ အပို အီစထရိုဂျင်တွေကို ဖယ်ရှားပေးနိုင်ရင် ရင်သားကို ကျန်းမာစေ တာကြောင့် အမျှင်ဓာတ်များတဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အခွံချွတ် မထားတဲ့ ကောက်နှံစာ စတာတွေကို စားပေးသင့်ပါတယ်။ အသားကို လျှော့စားသင့်ပါတယ်။

၈) ကျန်းမာရေးနှင့် မညီညွတ်သော အရာများနှင့် ထိတွေ့မှု မရှိပါစေနှင့်

ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ကင်ဆာ ဖြစ်စေတဲ့ အရာတွေနဲ့ ညစ်ညမ်းတဲ့ အခိုးအငွေ့ စတာတွေနဲ့ မထိတွေ့မိအောင်၊ မရှုရှိုက်မိအောင် တတ်နိုင်သမျှ ရှောင်ပါ။ ဒီအရာတွေဟာ ခန္ဓာကိုယ် တွင်း ဟော်မုန်း စနစ်ကိုသာ မက ရင်သား ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။
Myawady Health

ကြက်မောက်သီး၏အစွမ်းရည်


ကြက်မောက်သီး၏ ကျန်းမာရေး စွမ်းပကား
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကြက်မောက်သီး အခွံက အနီရောင်ရှိပြီး အထဲက အသီးအနှစ်ဟာ အဝါရောင် သန်းနေပြီး အရသာ အနေနဲ့ ချိုမြပါတယ်။ ကြက်မောက်သီး တစ်ခွက်စာ ပမာဏမှာ ကယ်လိုရီ ၁၂၃၊ အဆီ ၀ ဒသမ
၃ ဂရမ်၊ ဆိုဒီယမ် ၁၇ မီလီဂရမ်၊ ကာဗိုဟိုက်ဒရိတ် ၃၁ ဒသမ ၃ ဂရမ်၊ အမျှင်ဓာတ် ၁ ဒသမ ၄ ဂရမ်၊ ပရိုတင်း တစ်ဂရမ်တို့ ပါဝင်ကြပြီး ကိုလက်စထရောနဲ့ ပြည့်ဝဆီတို့ ပါဝင်မှု မရှိပါဘူး။ဒီလို အာဟာရ တန်ဖိုးတွေ ပါဝင်တဲ့ ကြက်မောက်သီးကို စားပေးရင် အောက်ပါ ကျန်းမာရေး စွမ်းပကားတွေကို ရရှိစေပါတယ်။

ကြက်မောက်သီးမှာ သကြားဓာတ်၊ အထူးသဖြင့် ဖရက်တို့စ်နဲ့ ဆူးခရို့စ်တို့ များစွာ ပါဝင်ပြီး ကယ်လိုရီ ပါဝင်မှု နည်းပါတယ်။ ပျမ်းမျှအားဖြင့် ကြက်မောက်သီး တစ်လုံးမှာ ကယ်လိုရီ ၆၀ လောက်ပဲ ပါဝင်ပါတယ်။ ကြက်မောက်သီးမှာ ဗီတာမင်စီ များစွာ ပါဝင်ပြီး ပိုတက်စီယမ်၊ သံဓာတ်၊ ဘီတာကယ်ရိုတင်း (ဒါမှမဟုတ်) ဗီတာမင်အေ၊ ကယ်လ်စီယမ် နည်းနည်း၊ မဂ္ဂနီဆီယမ်၊ သွပ်(ဇင့်)၊ ဆိုဒီယမ်၊ နိုင်ယာစင်၊ အမျှင်ဓာတ်နဲ့ ပရိုတင်းဓာတ်တို့ ပါဝင်ပါတယ်။

ကြက်မောက်သီးကို မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတွေမှာ ရိုးရာဆေးတစ်လက်အဖြစ် နှစ်ရာပေါင်းများစွာကပင် ဆီးချိုရောဂါ၊ သွေးတိုးရောဂါနဲ့ တခြား နာမကျန်းမှုပေါင်း များစွာကို ကုသရာမှာ အသုံးပြုခဲ့ကြပါတယ်။

ကြက်မောက်သီးမှာ ဗီတာမင်စီနဲ့ ဘီတာကယ် ရိုတင်းတို့ များစွာ ပါဝင်တဲ့ အပြင် ဖလေဗိုးနွိုက်လို့ ခေါ်တဲ့ အပင်ထွက် အင်တီ အောက်ဆီးဒင့်လည်း ပေါများစွာ ပါဝင်ပါတယ်။ ဖလေဗိုးနွိုက်ဟာ သွေးတွင်း မကောင်းတဲ့ ကိုလက် စထရောကို လျော့ကျစေပြီး ကင်ဆာ ဆန့်ကျင် ဂုဏ်သတ္တိနဲ့ ရောင်ရမ်းမှု လျော့ကျစေတဲ့ ဂုဏ်သတ္တိတို့လည်း ရှိပါတယ်။

ကြက်မောက်သီး အရေခွံမှာ Gallic acid ပါဝင်ပြီး ခန္ဓာကိုယ်တွင်းမှာ ဖရီးရယ်ဒီ ကယ်ကြောင့် ထိခိုက်မှုတွေ မဖြစ်အောင် ကာကွယ် ပေးပါတယ်။ ဒါ့အပြင် ကင်ဆာရောဂါ မဖြစ်အောင် လည်း ကာကွယ် ပေးနိုင်စွမ်း ရှိပါတယ်။ အင်တီအောက်ဆီးဒင့် အစွမ်းကြောင့် ကြက်မောက် သီး Extract ကို ဆေးဝါး ဒါမှမဟုတ် ဖြည့်စွက်ဆေး တစ်မျိုးအဖြစ် အသုံးပြုနိုင်ပါတယ်။

ကြက်မောက်သီးမှာ ဗီတာမင်စီ များစွာ ပါဝင်ပါတယ်။ ကြက်မောက်သီး ၁၀- ၁၂ လုံးမှာ အက်စ်ကောဗစ် အက်စစ် (Ascorbic Acid) ၇၅-၉၀ မီလီဂရမ် ပါဝင်ပြီး လူတစ်ယောက် တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်စီထက် နှစ်ဆကျော် ရှိပါတယ်။ ဗီတာမင်စီဟာ ခန္ဓာကိုယ် ဆဲလ်တွေကို ဖရီးရယ်ဒီ ကယ်ကြောင့် ထိခိုက်မှုမှ ကာကွယ်ပေးနိုင်ပြီး သံဓာတ် စုပ်ယူ နိုင်အောင် ကူညီ ပေးပါတယ်။

ကြက်မောက်သီးမှာ သွေးနီဥနဲ့ သွေးဖြူဥတွေ ပြုလုပ်ရေး အတွက် လိုအပ်တဲ့ ကြေးနီဓာတ် အနည်းငယ် ပါဝင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်က အင်ဇိုင်းတချို့ ထုတ်လုပ်ရေးအတွက် လိုအပ်တဲ့ မဂ္ဂနိစ်လည်း လိုအပ်ပါတယ်။

ကြက်မောက်သီးရဲ့ လုပ်ငန်းဆောင်တာ တစ်ခုကတော့ သံဓာတ် အရင်းအမြစ် ကောင်းကောင်း ရရှိစေတာပဲ ဖြစ်ပါတယ်။ စားတဲ့အထဲမှာ ပါတဲ့ သံဓာတ်ဟာ ခန္ဓာကိုယ်တွင်း အောက်ဆီဂျင် မှန်ကန်တဲ့ အတိုင်းအတာ ရအောင် ကူညီပေးနိုင်ပြီး သွေးအားနည်း တာကြောင့် မူးဝေတာ၊ နုံးချည့် ပင်ပန်းတာနဲ့ ဖျော့တော့နွမ်းနယ် တာတွေ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။

ကြက်မောက်သီး တစ်ခွက်စာ ပမာဏကို စားတဲ့အခါ တစ်နေ့တာ လိုအပ်တဲ့ ဖော့စ်ဖရပ်စ်ရဲ့ ၄ ဒသမ ၃ ရာခိုင်နှုန်းကို ရရှိစေပါတယ်။ ဖော့စ်ဖရပ်စ်ဟာ ကျောက်ကပ်ထဲက အညစ်အကြေးနဲ့ စွန့်ပစ် ပစ္စည်းတွေကို စွန့်ထုတ်ပေးပြီး တစ်သျှူးနဲ့ ဆဲလ်တွေရဲ့ ဖွံ့ဖြိုးမှု၊ ပြုပြင်မှုနဲ့ ကောင်းမွန်အောင် ထိန်းသိမ်းမှုတွေမှာ အရေးပါပါတယ်။

ကြက်မောက်သီးမှာ ကယ်လ်စီယမ် အနည်းငယ် ပါဝင်ပြီး ဖော့စ်ဖရပ်စ်နဲ့ ကယ်လ်စီယမ်ဟာ သွားနဲ့ အရိုးတွေ အားပြည့် ခိုင်ခံ့စေဖို့ အတူတွဲပြီး အလုပ်လုပ်ပါတယ်။ ကြက်မောက်သီးမှာ အာဟာရ ဆိုင်ရာ အကျိုးကျေးဇူးတွေ အပြင် ဆေးကုသမှုဆိုင်ရာ ကောင်းကျိုးတွေလည်း ရှိပါတယ်။

ကြက်မောက်သီးကို စားပေးရင် အူလမ်းကြောင်းရှိ ကပ်ပါး ကောင်တွေကို သေစေတာကြောင့် ဝမ်းလျှောတဲ့ ဝေဒနာကို သက်သာ စေပါတယ်။ မလေးရှားမှာ ရိုးရာ အနာကျက်ဆေး အဖြစ် ကြက်မောက်သီးကို သုံးလေ့ရှိကာ ဖျားနာ နေသူတွေကို ကျွေးလေ့ရှိပါတယ်။ သင့်အနေနဲ့ နာမကျန်း ဖြစ်နေပါက ကြက်မောက်သီး မစားခင်မှာ ဆရာဝန်နဲ့ အရင် တိုင်ပင် ဆွေးနွေးဖို့ လိုပါတယ်။Myawady Health

A သွေးပိုင်ရှင်တို့၏ ထူးခြားချက်များ

အပျော်သဘောနဲ့ ဘဲဖြစ်ဖြစ် အပျင်းပြေဘဲဖြစ်ဖြစ် ဖတ်ကြည့်လို့ ရအောင်
Mail ထဲကတွေ့ တဲ့ သွေးအမျိုးအစားပိုင်ရှင် အလိုက် ထူးခြားချက်လေးတွေ ဖော်ပြပေးလိုက်ရပါတယ်
ဘယ်သူ ရေးမှန်းမသိလို့ မဖော်ပြတော့ပါဘူး။
ဖတ်ကြည့်လိုက်ဦးနော်..

" A "သွေးပိုင်ရှင်များ ၏ထူးခြားချက်

သွေးအမျိုးအစားကို လိုက်ပြီး လူတွေရဲ့ စိတ်နေစိတ်ထားတွေကို
ခန့်မှန်းလို့လည်း ရပါတယ်..ဒီနေ့တော့ သွေးအုပ်စု လေးမျိုးထဲက
အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားများကို ဖော်ပြပေးလိုက်ပါတယ်..

အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားကတော့ အောက်ပါအတိုင်းပါ..
ငယ်စဉ်ဘ၀မှာတော့ သူတပါးကို စဉ်းစားပေးတယ်ဆိုတာ သိပ်မရှိခဲ့ဘဲ
ကိုယ်အတွက်ကိုသာ စဉ်းစားတတ်ကြပါသတဲ့... သူတပါးကို နောက်ပြောင်ရတာကိုလဲ
ကြိုက်နှစ်သက်ပါသတဲ့... ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ငယ်စဉ်က
စရိုက်သဘာဝများက တဖြည်းဖြည်း ပြောက်ကွယ်သွားပြီး သူများတကာတွေ
အံ့အားသင့်လောက်အောင် အေးဆေးတည်ငြိမ်တဲ့သူ ဖြစ်လာပါတယ်တဲ့...
အရွယ်ရောက်လာတဲ့ အခါမှာတော့ ကိုယ်လုပ်ရမည့် အရာအားလုံးကို တာဝန်သိစွာ
လုပ်ကိုင်တတ်သူများ ဖြစ်လာပါတယ်တဲ့... တခါတလေ ပတ်ဝန်းကျင် အခြေအနေ
မကောင်းတဲ့ အခါမှာ စိတ်လေလွင့်တတ်ပါတယ်တဲ့... အသစ်အဆန်းတွေကို
စမ်းသပ်လုပ်ကိုင်တာထက် ကျင့်သားရနေတဲ့ ပတ်ဝန်းကျင်မှာ အေးအေးချမ်းချမ်း
ကျင်လည်ရတာကို နှစ်သက်သူများ ဖြစ်ကြပါတယ်... အလုပ်တစ်ခုကို
လုပ်ပြီဆိုရင်လည်း အလျင်လိုတာမျိုး မရှိဘဲ အဆင့်လိုက် အဆင့်လိုက်
တဖြည်းဖြည်းချင်း ဖြေရှင်းတတ်တဲ့ စတိုင်လ် ပါ... သပ်သပ်ရပ်ရပ်
စေ့စေ့စပ်စပ်နဲ့ အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်တတ်သူများပါ...
နေ့စဉ်နေ့တိုင်း လုပ်နေကြ အလုပ်တွေကိုပဲ လုပ်နေတတ်လို့ အသစ်အဆန်းကို
မရှိဘူးလို့ အပြောခံရတာကိုလည်း ခံရတတ်ပါတယ်... ဒါ့အပြင် ဘယ်လို
အခြေအနေမျိုး မဆို ကြိုက်တယ် မကြိုက်ဘူးဆိုတဲ့ အတွေးဟာ
ပြတ်သားလွန်းတာကြောင့် မာဆတ်ဆတ်နိုင်တယ်... ဘုကြတယ် ဆိုပြီး
အပြောခံရတာမျိုးလည်း ရှိနိုင်ပါတယ်...

အေသွေးပိုင်ရှင်များရဲ့ သူများနဲ့ မတူ ထူးခြားချက်ကတော့ တနေ့တာအတွင်း
ပေါ်ပေါက် ရင်ဆိုင်ရတဲ့ အလုပ် မှန်သမျှကို စနစ်တကျ ဆောင်ရွက်တတ်ပေမယ့်
စိတ်ရှုတ်လွယ်တဲ့ လူမျိုးတွေပါတဲ့... ကိုယ်နဲ့ ဆက်ဆံနေတဲ့ လူတွေကို
နွေးနွေးထွေးထွေး ဆက်ဆံတတ်ပြီး သူတပါကို ပျော်ရွှင်မှုပေးချင်ကြသူများ
ဖြစ်ပါတယ်... တခါတလေမှာတော့ သူများကို မယုံမကြည် ဖြစ်တတ်လို့
ကိုယ့်အကြောင်းတွေကို ဘယ်သူ့ကိုမှ မပြောဘဲလည်း နေတတ်ပါသတဲ့... ဒီလို
မယုံကြည်တတ်တဲ့ သဘောထားကြောင့် လူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ကန့်လန့်ကာ
တစ်ချပ်ချထားပြီး ဆက်ဆံတတ်ကြပါတယ်တဲ့... ဒီသဘာဝလေးကတော့ သူတို့ရဲ့
မကောင်းတဲ့ အကျင့်လေး တစ်ခုပါတဲ့... ဘ၀ရဲ့ အနှစ်သာရကို တစ်နေရာမှာဘဲ
မရှာဘဲ အားလပ်ရက်ကိုလည်း ခုံမင်တတ်ပါတယ်တဲ့... အားလပ်တဲ့ အခါမှာ
လျှောက်လည်ရတာကိုလည်း နှစ်သက်သလို လျှောက်လည်လို့ ကုန်ကျတဲ့ စရိတ်ကိုလည်း
မနှမျောပါဘူးတဲ့... တစ်ယောက်တည်း သီးသန့် ကမ္ဘာလေးကို တည်ဆောက်ချင်သူများ
ဖြစ်ပါတယ်... အထက်လူကြီးရဲ့ အဆူခံရတာမျိုးကို ခံပြီးပြီဆိုရင် မေ့လို့
မရဘဲ စိတ်ထဲမှာ သိမ်းထားတတ်တာကြောင့် စိတ်ဖိစီးမှုများရှိနေတတ်ပါတယ်..
>
> . ဒေါသထွက်တဲ့အခါမှာလည်း ဒေါသကို ဖော်ပြလေ့မရှိတာကြောင့် စိတ်ဖိစီးမှု ပိုများတာ ဖြစ်ပါတယ်... စိတ်ဖိစီးမှုတွေများနေတာကြောင့် စိတ်ဓါတ်ကျနေရတဲ့ နေရက်တွေလည်း ရှိတတ်ပါတယ်တဲ့... ဒါကြောင့်မို့ စိတ်ထဲက မကြေနပ်ချက်လေးတွေကို တခါတလေ ဖော်ပြဘို့ လိုပါတယ်..
တကယ်လို့  တိုက်ဆိုင်ရင် Like & Share
>
> ဒီကနေ့ ဖော်ပြပေးလိုက်တာကတော့ အေသွေးပိုင်ရှင်များရဲ့ စရိုက်သဘာဝများဘဲ ဖြစ်ပါတယ်... ကျွန်တော်နဲ့ ကျွန်မက စံ ဇာဏီဘို မဟုတ်ပေမယ့် စိတ်နှလုံး အပန်းဖြေနိုင်ရန် အတွက် ဖော်ပြပေးလိုက်ပါတယ်... နောက်နေ့ နောက်နေ့တွေမှာတော့ ကျန်နေသေးတဲ့ သွေးအုပ်စုများ အကြောင်းကို ဆက်လက် တင်ပြသွားပါဦးမည်...
အပျော်သဘောနဲ့ ဘဲဖြစ်ဖြစ် အပျင်းပြေဘဲဖြစ်ဖြစ် ဖတ်ကြည့်လို့ ရအောင်
Mail ထဲကတွေ့ တဲ့ သွေးအမျိုးအစားပိုင်ရှင် အလိုက် ထူးခြားချက်လေးတွေ ဖော်ပြပေးလိုက်ရပါတယ်
ဘယ်သူ ရေးမှန်းမသိလို့ မဖော်ပြတော့ပါဘူး။
ဖတ်ကြည့်လိုက်ဦးနော်..

" A "သွေးပိုင်ရှင်များ ၏ထူးခြားချက်

သွေးအမျိုးအစားကို လိုက်ပြီး လူတွေရဲ့ စိတ်နေစိတ်ထားတွေကို
ခန့်မှန်းလို့လည်း ရပါတယ်..ဒီနေ့တော့ သွေးအုပ်စု လေးမျိုးထဲက
အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားများကို ဖော်ပြပေးလိုက်ပါတယ်..

အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားကတော့ အောက်ပါအတိုင်းပါ..
ငယ်စဉ်ဘ၀မှာတော့ သူတပါးကို စဉ်းစားပေးတယ်ဆိုတာ သိပ်မရှိခဲ့ဘဲ
ကိုယ်အတွက်ကိုသာ စဉ်းစားတတ်ကြပါသတဲ့... သူတပါးကို နောက်ပြောင်ရတာကိုလဲ
ကြိုက်နှစ်သက်ပါသတဲ့... ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ငယ်စဉ်က
စရိုက်သဘာဝများက တဖြည်းဖြည်း ပြောက်ကွယ်သွားပြီး သူများတကာတွေ
အံ့အားသင့်လောက်အောင် အေးဆေးတည်ငြိမ်တဲ့သူ ဖြစ်လာပါတယ်တဲ့...
အရွယ်ရောက်လာတဲ့ အခါမှာတော့ ကိုယ်လုပ်ရမည့် အရာအားလုံးကို တာဝန်သိစွာ
လုပ်ကိုင်တတ်သူများ ဖြစ်လာပါတယ်တဲ့... တခါတလေ ပတ်ဝန်းကျင် အခြေအနေ
မကောင်းတဲ့ အခါမှာ စိတ်လေလွင့်တတ်ပါတယ်တဲ့... အသစ်အဆန်းတွေကို
စမ်းသပ်လုပ်ကိုင်တာထက် ကျင့်သားရနေတဲ့ ပတ်ဝန်းကျင်မှာ အေးအေးချမ်းချမ်း
ကျင်လည်ရတာကို နှစ်သက်သူများ ဖြစ်ကြပါတယ်... အလုပ်တစ်ခုကို
လုပ်ပြီဆိုရင်လည်း အလျင်လိုတာမျိုး မရှိဘဲ အဆင့်လိုက် အဆင့်လိုက်
တဖြည်းဖြည်းချင်း ဖြေရှင်းတတ်တဲ့ စတိုင်လ် ပါ... သပ်သပ်ရပ်ရပ်
စေ့စေ့စပ်စပ်နဲ့ အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်တတ်သူများပါ...
နေ့စဉ်နေ့တိုင်း လုပ်နေကြ အလုပ်တွေကိုပဲ လုပ်နေတတ်လို့ အသစ်အဆန်းကို
မရှိဘူးလို့ အပြောခံရတာကိုလည်း ခံရတတ်ပါတယ်... ဒါ့အပြင် ဘယ်လို
အခြေအနေမျိုး မဆို ကြိုက်တယ် မကြိုက်ဘူးဆိုတဲ့ အတွေးဟာ
ပြတ်သားလွန်းတာကြောင့် မာဆတ်ဆတ်နိုင်တယ်... ဘုကြတယ် ဆိုပြီး
အပြောခံရတာမျိုးလည်း ရှိနိုင်ပါတယ်...

အေသွေးပိုင်ရှင်များရဲ့ သူများနဲ့ မတူ ထူးခြားချက်ကတော့ တနေ့တာအတွင်း
ပေါ်ပေါက် ရင်ဆိုင်ရတဲ့ အလုပ် မှန်သမျှကို စနစ်တကျ ဆောင်ရွက်တတ်ပေမယ့်
စိတ်ရှုတ်လွယ်တဲ့ လူမျိုးတွေပါတဲ့... ကိုယ်နဲ့ ဆက်ဆံနေတဲ့ လူတွေကို
နွေးနွေးထွေးထွေး ဆက်ဆံတတ်ပြီး သူတပါကို ပျော်ရွှင်မှုပေးချင်ကြသူများ
ဖြစ်ပါတယ်... တခါတလေမှာတော့ သူများကို မယုံမကြည် ဖြစ်တတ်လို့
ကိုယ့်အကြောင်းတွေကို ဘယ်သူ့ကိုမှ မပြောဘဲလည်း နေတတ်ပါသတဲ့... ဒီလို
မယုံကြည်တတ်တဲ့ သဘောထားကြောင့် လူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ကန့်လန့်ကာ
တစ်ချပ်ချထားပြီး ဆက်ဆံတတ်ကြပါတယ်တဲ့... ဒီသဘာဝလေးကတော့ သူတို့ရဲ့
မကောင်းတဲ့ အကျင့်လေး တစ်ခုပါတဲ့... ဘ၀ရဲ့ အနှစ်သာရကို တစ်နေရာမှာဘဲ
မရှာဘဲ အားလပ်ရက်ကိုလည်း ခုံမင်တတ်ပါတယ်တဲ့... အားလပ်တဲ့ အခါမှာ
လျှောက်လည်ရတာကိုလည်း နှစ်သက်သလို လျှောက်လည်လို့ ကုန်ကျတဲ့ စရိတ်ကိုလည်း
မနှမျောပါဘူးတဲ့... တစ်ယောက်တည်း သီးသန့် ကမ္ဘာလေးကို တည်ဆောက်ချင်သူများ
ဖြစ်ပါတယ်... အထက်လူကြီးရဲ့ အဆူခံရတာမျိုးကို ခံပြီးပြီဆိုရင် မေ့လို့
မရဘဲ စိတ်ထဲမှာ သိမ်းထားတတ်တာကြောင့် စိတ်ဖိစီးမှုများရှိနေတတ်ပါတယ်..
>
> . ဒေါသထွက်တဲ့အခါမှာလည်း ဒေါသကို ဖော်ပြလေ့မရှိတာကြောင့် စိတ်ဖိစီးမှု ပိုများတာ ဖြစ်ပါတယ်... စိတ်ဖိစီးမှုတွေများနေတာကြောင့် စိတ်ဓါတ်ကျနေရတဲ့ နေရက်တွေလည်း ရှိတတ်ပါတယ်တဲ့... ဒါကြောင့်မို့ စိတ်ထဲက မကြေနပ်ချက်လေးတွေကို တခါတလေ ဖော်ပြဘို့ လိုပါတယ်..
တကယ်လို့  တိုက်ဆိုင်ရင် Like & Share
>
> ဒီကနေ့ ဖော်ပြပေးလိုက်တာကတော့ အေသွေးပိုင်ရှင်များရဲ့ စရိုက်သဘာဝများဘဲ ဖြစ်ပါတယ်... ကျွန်တော်နဲ့ ကျွန်မက စံ ဇာဏီဘို မဟုတ်ပေမယ့် စိတ်နှလုံး အပန်းဖြေနိုင်ရန် အတွက် ဖော်ပြပေးလိုက်ပါတယ်... နောက်နေ့ နောက်နေ့တွေမှာတော့ ကျန်နေသေးတဲ့ သွေးအုပ်စုများ အကြောင်းကို ဆက်လက် တင်ပြသွားပါဦးမည်...

အ၀လွန်သူများ အတွက် ရှောက်ရွက်၏ အစွမ်း


အ၀လွန်သူများ အတွက် ရှောက်ရွက်၏ အစွမ်း
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အ၀လွန်သူများ၊ ဗိုက်ခေါက်ထူပြီး လာသော အမျိုးသမီးများ အတွက် ပထမဦးစွာ ရှောက်ရွက် ကြမ်းများကို ရှာထားပါ။
ပုလင်း တစ်လုံးစီတွင် ရိုးရိုး သကြားသုံးဇွန်း (ဟင်းစားဇွန်း) စီထည့် ရပါမည်။ ပုလင်းများ တစ်လုံးစီတွင် ရှောက်၉ရွက် စီထည့်ပေးပါ။ ရေကျက် အေးများ ပုလင်းများ ထဲသို့ အပြည့်ထည့်ပြီး အဆို့ပိတ်လျက် နေပူတွင် ကိုးရက်စီ ထည့်ပေးပါ။ေ၇ကျက်အေးများ ပုလင်းထဲသို့ အပြည့် ထည့်ပြီး အဆို့ပိတ်လျက် နေပူတွင် ကိုးရက် လှန်းပေးပါ။ ကိုးရက်စေ့လျှင် ဆးဝါးအဖြစ် သုံးနိုင်ပြီ။ နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် အဆိုပါေ၇ှာက်၇ွက် ဆေးရည်ပုလင်းကို လှုပ်ပြီး လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့်ကို မှန်မှန် သောက်သုံး သွားပေးပါ။

တစ်လနှစ်လ ရှိသောအခါ အမျိုးသမီးများ ခါးသေးရင်ချီပြီး အဆီပို ဗိုက်ရွှဲမှုများ ကျသွား၍ အသားအရေ စစ်သွားပါမည်။ အဆီကျ ဓာတ်စာဆေးများ စားခြင်းထက် စိတ်ချရသော ရိုးရာ ဆေးနည်း ဖြစ်ပါသည်။ မှန်မှန် သောက်သုံးခြင်းဖြင့် အသည်း အဆီဖုံးခြင်းနှင့် နှလုံးအဆီ ပိတ်ခြင်း တို့မှလည်း သက်သာ ပျောက်ကင်း စေပါသည်။

လစဉ် မြန်မာ လဆန်း တစ်ရက်နေ့၌ ရှောက်ရွက် နှစ်ရွက်၊ သုံးရွက် ကိုရှာပြီး စားဖြစ်အောင် စားထားရန် အမှာရှိသည်။ ထို့သို့ စားပေးခြင်းဖြင့် လေရောဂါများ မ၀င်ရောက်နိုင်၊ လေထိုး၊ လေအောင့်၊ လေငန်းရောဂါများ မ၀င်ရောက်နိုင်။ လေငန်း ရောဂါရှင်များ ရှောက်ရွက်၊ ငရုတ် ကောင်းနှင့် ကြက်သွန်ဖြူတို့ဖြင့် ဟင်းခါးချက်ကာ နေ့စဉ် သောက်သုံး ပေးခြင်းဖြင့် လေငန်း ရောဂါမှ သက်သာ ပျောက်ကင်း စေသည်။
Myawady Health
အ၀လွန်သူများ အတွက် ရှောက်ရွက်၏ အစွမ်း
။။။။။။။။။။။။။။။။။။။။။။။။။။။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။

အ၀လွန်သူများ၊ ဗိုက်ခေါက်ထူပြီး လာသော အမျိုးသမီးများ အတွက် ပထမဦးစွာ ရှောက်ရွက် ကြမ်းများကို ရှာထားပါ။
ပုလင်း တစ်လုံးစီတွင် ရိုးရိုး သကြားသုံးဇွန်း (ဟင်းစားဇွန်း) စီထည့် ရပါမည်။ ပုလင်းများ တစ်လုံးစီတွင် ရှောက်၉ရွက် စီထည့်ပေးပါ။ ရေကျက် အေးများ ပုလင်းများ ထဲသို့ အပြည့်ထည့်ပြီး အဆို့ပိတ်လျက် နေပူတွင် ကိုးရက်စီ ထည့်ပေးပါ။ေ၇ကျက်အေးများ ပုလင်းထဲသို့ အပြည့် ထည့်ပြီး အဆို့ပိတ်လျက် နေပူတွင် ကိုးရက် လှန်းပေးပါ။ ကိုးရက်စေ့လျှင် ဆးဝါးအဖြစ် သုံးနိုင်ပြီ။ နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် အဆိုပါေ၇ှာက်၇ွက် ဆေးရည်ပုလင်းကို လှုပ်ပြီး လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့်ကို မှန်မှန် သောက်သုံး သွားပေးပါ။

တစ်လနှစ်လ ရှိသောအခါ အမျိုးသမီးများ ခါးသေးရင်ချီပြီး အဆီပို ဗိုက်ရွှဲမှုများ ကျသွား၍ အသားအရေ စစ်သွားပါမည်။ အဆီကျ ဓာတ်စာဆေးများ စားခြင်းထက် စိတ်ချရသော ရိုးရာ ဆေးနည်း ဖြစ်ပါသည်။ မှန်မှန် သောက်သုံးခြင်းဖြင့် အသည်း အဆီဖုံးခြင်းနှင့် နှလုံးအဆီ ပိတ်ခြင်း တို့မှလည်း သက်သာ ပျောက်ကင်း စေပါသည်။

လစဉ် မြန်မာ လဆန်း တစ်ရက်နေ့၌ ရှောက်ရွက် နှစ်ရွက်၊ သုံးရွက် ကိုရှာပြီး စားဖြစ်အောင် စားထားရန် အမှာရှိသည်။ ထို့သို့ စားပေးခြင်းဖြင့် လေရောဂါများ မ၀င်ရောက်နိုင်၊ လေထိုး၊ လေအောင့်၊ လေငန်းရောဂါများ မ၀င်ရောက်နိုင်။ လေငန်း ရောဂါရှင်များ ရှောက်ရွက်၊ ငရုတ် ကောင်းနှင့် ကြက်သွန်ဖြူတို့ဖြင့် ဟင်းခါးချက်ကာ နေ့စဉ် သောက်သုံး ပေးခြင်းဖြင့် လေငန်း ရောဂါမှ သက်သာ ပျောက်ကင်း စေသည်။
Myawady Health

ကျောခိုင်းလိုက်ပြီ

Dec 20, 2012

နေ့စဉ်အမျှ နုပျိုစဥခရီး

တချို့သော ကိစ္စတွေဟာ နေ့တိုင်း လုပ်နေကျအလုပ်တွေ ဖြစ်ပေမယ့် အဲဒီအကျင့်ကလေးတွေက ရုပ်ရည်နုပျိုတာကို
အဟန့်အတားဖြစ်စေမယ်ဆိုရင် ဘယ်လိုများ ပြင်ဆင်ထားရမလဲဆိုတာ တွေးမိတဲ့အခါ…
ရုပ်ရှင်ကြည့်ခြင်းနှင့် နုပျိုခြင်းခရီးစဉ်
တနေကုန်တနေခမ်း တီဗွီထိုင်ကြည့်တတ် သူတွေဟာ ခါးနာရောဂါရတတ်တယ်လို့ အသိများကြပေမယ့် တစ်နာရီ
ကြာတီဗွီရှေ့မှာ အချိန်ဖြုန်းတိုင်း လူ့သက်တမ်းရဲ့ ၂၂ မိနစ်ကို တိုစေတယ်ဆိုတဲ့ University of Queensland
တက္ကသိုလ်ရဲ့ ရှာဖွေတွေ့ရှိချက်ကို လူတိုင်းသိပါရဲ့လား။ အဲဒါအပြင် တီဗွီကြည့်ခြင်းဟာ မှတ်ဥာဏ်ချို့ယွင်းခြင်း
ရောဂါတစ်ခုဖြစ်တဲ့ Alzheimer’s disease ရောဂါကို ဖြစ်ပွားမှုနှုန်းများစေတာမို့ စာဖတ်သူရဲ့ တီဗွီကြည့်ချိန်ကို လျှော့
ချဖို့ အချိန်တန်ပြီဆိုရင်ရော…
ပုလင်းလိုက်မော့သောက်တဲ့အခါ နှင့် နုပျိုခြင်းခရီးစဉ်
ဆေးလိပ်သောက်တဲ့သူတွေရဲ့ ပါးစပ်တ၀ိုက်မှာ အရေးအကြောင်းများ ထင်တတ်တာကို သတိထားမိပါရဲ့လား။
အအေးသောက်တဲ့အခါ ပုလင်းလိုက်မော့သောက်တာဟာ သိပ်မယဉ်ကျေးတဲ့ ထုံးစံဖြစ်ပြီး ပိုက်နဲ့စုပ်သောက်တာဟာ
စတိုင်လည်းကျတယ် ဆိုနိုင်ပေမယ့် ပိုက်နဲ့စုပ်သောက်တတ်တာဟာ ဆေးလိပ်သောက်တတ်တဲ့ သူတွေမှာလိုပဲ
အရေးအကြောင်းတွေ ပေါ်လာတတ်တာမို့ သင့်ရဲ့နုပျိုမှုနဲ့အများကြီး သက်ဆိုင်နေမယ်ဆိုရင် သင်ဘာကို ရွေးချယ်မှာလဲ
ဖန်ခွက်ကလေးနဲ့ အမြဲသောက်မယ်ဆိုရင်တော့ စတိုင်လည်း ကျမယ် လူလည်း နုပျိုနေမယ်ပေါ့။
အပြင်းအထန် ကိုယ်လက်လှုပ်ရှားမှုနှင့် နုပျိုခြင်းခရီးစဉ်
ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်တာဟာ အဆီကျစေဖို့၊ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေဖို့၊
စိတ်လက်ပေါ့ပါးပြီး စိတ်ဖိစီးမှုဒဏ်ကို ကာကွယ်နိုင်ဖို့ စတဲ့
အရေးပါတဲ့အချက်တွေ ဖြစ်ပေမယ့် လေ့ကျင့်ခန်းအလွန်အမင်းလုပ်တဲ့သူတွေမှာ အဆစ်ယောင်ရောဂါ
အဆစ်တောင့်တင်းတဲ့ရောဂါတွေ ဖြစ်တတ်တယ်ဆိုတာကိုပါ သတိထားဖို့လိုလာပါတယ်။
အဲကွန်းခန်းထဲက ဇိမ်ကျကျဘ၀နှင့် နုပျိုခြင်းခရီးစဉ်
လေအေးပေးစက်ကလေးနဲ့ ရုံးမှာ အေးအေးလူလူအလုပ်လုပ်ရတဲ့ သူတွေဟာ နေပူထဲ အလုပ်လုပ်ရတဲ့ သူတွေထက်
အရွယ်တင်တယ်ဆိုတာ လူတိုင်းလက်ခံထားကြတဲ့အချက်ပါ။ တကယ်တော့ လေအေးပေးစက်ပဲဖြစ်ဖြစ် အနွေးဓတ်
ကိုပေးတဲ့ ကိရိယာပဲဖြစ်ဖြစ် ကိုယ်အရေပြားကို ခြောက်သွေ့လွယ်စေတတ်ပြီး အရေးအကြောင်းများစွာကို ပိုမိုဖြစ်ပေါ်
စေတတ်ပါတယ်။ ဒါကြောင့် အရေပြားကို သန့်ရှင်းစိုပြေအောင် ထားခြင်းဟာ အရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ်။
အခန်းထဲမှာ ရေတစ်ခွက်ထားခြင်းဟာ စိုထိုင်းမှုကို ဖြစ်ပွားစေပြီး အခန်းခြောက်သွေ့မှုကို ကာကွယ်စေပါတယ်။
အရမ်းစွတ်စိုနေမယ်ဆိုရင်တော့ အခန်းတွင်းမှာ နံရံကပ်မှိုတွေ ပေါက်နိုင်တဲ့ အန္တရာယ်ကို ကြောက်ရတာမို့ချင့်ချိန်ဖို့
လိုပါတယ်။ မျက်နှာနဲ့ ကိုယ်မှာတော့ ခရင်မ်တစ်ခုခု ပုံမှန်လိမ်းခြယ်ထားသင့်တာပေါ့။
နေလောင်တဲ့အခါ သကြားဓတ်ထွက်ခြင်း နှင့် နုပျိုခြင်းခရီးစဉ်
သကြားနဲ့ သကြားဓတ်ပါတဲ့ အစားအစာတွေဟာ လိပ်တစ်ကောင်လို ခါးမျိုးဖြစ်လာဖို့ အကြောင်းအရာတစ်ရပ်ပါပဲ။
သကြားဓတ်ကို အလွန်အမင်းမစားထားတဲ့သူတွေမှာလည်း နေလောင်ဒဏ်ကို ခံရတဲ့အခါ၊ ဆေးလိပ်သောက်တဲ့အခါ
သကြားဓတ်ပမာဏ တက်လာတတ်တာကို တွေ့ရပါတယ်။ အဲဒီအခါ အရေပြားမှာရှိတဲ့ ကိုလက်ဂျင်တွေ ပျက်စီး
တာကြောင့် အရေးအကြောင်းတွေ ပိုပေါ်ဖို့အကြောင်းဖြစ်လာတာပဲပေါ့။
အလုပ်ဟူသမျှ ဂုဏ်ရှိစွ နှင့် နုပျိုခြင်းခရီးစဉ်
အလုပ်လက်မဲ့ပြသနာဟာ စိတ်ကျရောဂါဖြစ်စေဖို့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုပါပဲ။ အဲဒီလိုပါပဲ
လက်ရှိအလုပ်လုပ်ကိုင်နေတဲ့သူတွေကလည်း အလုပ်နဲ့ဘ၀ကို အဆင်ပြေပြေဖြစ်နိုင်အောင် ချင့်ချိန်ဖို့ အရေးကြီးပြန်
ပါတယ်။ အလုပ်ကြောင့် စိတ်ဖိစီးမှုတွေ များတဲ့အခါ ကိုယ်တွင်းမှာရှိတဲ့ ဆဲလ်တွေ ပျက်စီးမှုများလာတာတင်မက
ကိုယ်ပိုင်အားလပ်ချိန်၊ ကျန်းမာမျှတတဲ့ အစာစားဖို့နဲ့ ကိုယ်လက်လှုပ်ရှားဖို့အချိန်တွေ
နည်းလာသလို နှလုံးရောဖြစ်ပွားဖို့အခွင့်အရေးများလာတာ ကို တွေ့ရမှာပါ။
ဒါကြောင့် တနေကုန်တနေခမ်း အလုပ်လုပ်တာကိုလျှော့ပြီး ညနေပိုင်းတွေမှာ စနေတနင်္ဂနွေပိတ်ရက်တွေမှာ
သူငယ်ချင်းတွေ ၊ မိသားစုတွေနဲ့ ပျော်ပျော်ပါးပါးတွေ့ဆုံဖို့ အချိန်ပေးခြင်းဟာ ကိုယ်ရောစိတ်ကိုပါ နုပျိုနေစေမှာပါ။
အလွန်အမင်း ဆပ်ပြာသုံးခြင်းနှင့် နုပျိုခြင်းခရီးစဉ်
အာဖရိကရဲ့ တောင်ပေါ် ဆေးရုံတစ်ခုမှာ သင့်ကျန်းမာရေးအတွက် ပထမဆုံးဆေးကတော့ ဆပ်ပြာပါလို့ ရေးထားတဲ့
ဆောင်ပုဒ်ကလေးကို အမှတ်တမဲ့သတိရမိပါတယ်။ ဆေးရုံရောက်ဖို့ ခြေခြင်ခရီး ကားတတန် နဲ့ လာရတဲ့ ပေတူး
ညစ်ပတ်နေတဲ့ သူတွေကို ကိုယ်လက်သန့်ရှင်းရေး အရင်လုပ်ပေးတာ ဟာ ကောင်းတဲ့ အလေ့အကျင့်ဖြစ်တာနဲ့အတူ
ဆပ်ပြာနဲ့ပါ သန့်ရှင်းဖို့ရေးထားတာ ဖြစ်ပါတယ်။ ဒါဆို ဆပ်ပြာတိုက်ပြီးရေချိုးလေလေ သင့်အရေပြားအတွက်
အကောင်းဆုံးဖြစ်လေလေ လို့ ဆိုချင်လို့လား။ မဟုတ်ပါဘူး။
အရေပြားဟာ သူ့ကိုယ်သူ သဘာဝဒါဏ်ကို ကာကွယ်အောင်လို့ ထိန်းသိမ်းထားတာ ရှိပါတယ်။ ဆပ်ပြာ အလွန်အကျွံ့
သုံးတဲ့အခါ အပေါ်ယံကာကွယ်ထားတဲ့ အဆီဓတ် ပျက်ပျယ်သွားပြီး အရေပြားခြောက်သွေ့လာကာ နောက်တွဲ
အရေပြားလျော့ရိလျော့ရဲ ဖြစ်လာတာ ၊ ပါးရေတွန့်လာတာအထိ ဖြစ်တတ်တာပါပဲ။
ဂီတကို တီးတိုးနားထောင်ခြင်း နှင့် နုပျိုခြင်းခရီးစဉ်
ဂီတဟာ ကိုယ်ကိုနုပျိုစေပြီး စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။။ ဒါပေမယ့် သီချင်းတွေကို အရမ်းကျယ်ကျယ်
လောင်လောင် နားထောင်တတ်တဲ့သူတွေမှာတော့ အရွယ်မတိုင်ခင် အကြားအာရုံချို့တဲ့ တဲ့ ဝေဒနာကိုခံစားရမှာပါ။
သင့်တော်တဲ့ အသံ နဲ့ ဂီတကိုနားဆင်တာဟာ အကြားအာရုံကိုမထိခိုက်နိုင်ပေမယ့် မိုက်ခရိုဖုန်းနဲ့ နားထောင်ခြင်းဟာ
အသံချဲ့စက်နဲ့ နားထောင်တာထက်ပိုပြီး အကြားအာရုံကို ထိခိုက်စေနိုင်တာမို့ သီချင်းချစ်သူတွေ သတိထားနိုင်မယ့်
အချက်ပဲဖြစ်ပါတယ်။
အိပ်စက်တဲ့ စတိုင်နှင့် နုပျိုခြင်းခရီးစဉ်
အိပ်စက်ချိန်တွေမှာ သင်ဟာ တစ်ဘက်တည်းကို စောင်းအိပ်တတ်တဲ့သူ ဖြစ်နေမလား။ ဒါဆိုရင်တော့ အဲဒီ
သင့်ရဲ့ပါးပြင်နုနုတစ်ဘက်ဟာ ခေါင်းဦးနဲ့ အမြဲတစေ ထိတွေ့နေမှာမို့ တခြားတဘက်ထက်စာရင် ပါးရေတွန့်ဖို့
အခွင့်အရေး ပိုများနိုင်တယ်ဆိုတာပါပဲ။
အဆီဓတ်လျှော့ချခြင်း နှင့် နုပျိုခြင်းခရီးစဉ်
တချို့သစ်ဖုသစ်ဥနဲ့ ငါးကြီးဆီမှာပါတဲ့ omega-3 fatty acids ဟာ မှဲ့ခြောက်နဲ့ အရေးအကြောင်းတွေကို ကာကွယ်ပြီး
နုပျိုကျန်းမာဖို့အတွက် အဟာရတစ်ခုဖြစ်တဲ့အပြင် ဦးဏှောက်၊ နှလုံးနဲ့ လူ့သက်တမ်းကိုပါ ရှည်စေဖို့ အထောက်
အကူပြုတဲ့ ပစ္စည်းတစ်ခုလည်းဖြစ်ပါတယ်။ အဆီရှောင်တာဟာ ကောင်းတဲ.အလေ့အထဖြစ်ပြီး နှလုံးနဲ့ သွေးတိုး
ရောဂါဖြစ်နှုန်းကို ကျစေတာမို့ အဆီအားလုံးကို ရှောင်လိုက်တဲ့အခါ
အချို့သောအဆီဓတ်တွေရဲ့ ကောင်းကျိုးကိုပါမခံစားရဘဲဖြစ်တတ်ပါတယ်။
ဒါကြောင့် တချို့ အကျင့်ကလေးတွေကို ပြန်သုံးသပ်ပြီး နုပျိုခြင်းခရီးစဉ်အတွက် ဘယ်လိုပြင်ဆင်မယ်ဆိုတာ
စဉ်းစားဖို့ စာဖတ်သူတွေ အချိန်ရပါစေလို့မျှော်လင့်ပါတယ်။

Dec 19, 2012

ဦးဏှောက်ကိုထိခိုက်စေမည့်အချက်လေးတွေ

နံနက်စာ မစားသုံးခြင်း။
  
နံနက်စာ မစားတဲ့သူတွေ ဟာ သွေးထဲမှာ သကြားဓာတ်ပမာဏနည်းပါးတတ်ပါတယ်။
သကြားဓာတ် ပမာဏ နည်း လို့ ဦးနှောကို လုံလောက်တဲ့ အဟာရ မပံ့ပိုးပေးနိုင်လို့ဦးနှောက်ကို ယိုယွင်းစေပါတယ်။


*********************************


အစားအလွန်အကျွံစားသုံးခြင်း။
  
အစာကို အလွန် အကျွံစားသုံးတဲ့အခါ ဦးနှောက်သွေးလွတ်ကြောကို မာစေပြီး
စိတ်စွမ်းအားကို လျော့ကျ စေပါ တယ်။



**********************************

ဆေးလိပ်သောက်ခြင်း။

    ဦးနှောက်ကို ကျုံစေလို့ အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားစေတတ်ပါတယ်။



*********************************


သကြားအများအပြားစားသုံးခြင်း။

သကြားစားသုံးမှုများလွန်တာဟာ ပရိုတိန်းနဲ့ အာဟာရဓာတ်တွေ စုပ်ယူမှုကို အဟန့်အတားဖြစ်စေလို့
အာဟာရ ဓာတ် ချို့ တဲ့ပြီး ဦးနှောက်ဖွံ့ဖြိုးမှုကို အနှောင့် အယှက်ဖြစ်စေပါတယ်။



*********************************


လေထုညစ်ညမ်းခြင်း။
  
ခန္ဒာကိုယ်ထဲမှာ ဦးနှောက်ဟာ အောက်စီဂျင်ကို အများဆုံးသုံးစွဲသူဖြစ်ပါတယ်။
ညစ်ညမ်းတဲ့ လေထုကို ရှူလိုက် တဲ့ အခါ ဦးနှောက်ကို အော်စီဂျင်ပို့လွှတ်မှုလျော့နည်းသွားလို့ ဦးနှောက်
စွမ်းရည် လျော့ကျမှုဖြစ်ပွားတတ်ပါ တယ်။



*********************************

အိပ်ရေးပျက်ခြင်း။

    အိပ်စက်တာဟာ ဦးနှောက်ကို အနားရစေပါတယ်။တာရှည် အိပ်ရေးပျက်တာဟာ ဦးနှောက်ဆဲလ်တွေ
သေဆုံးမှုကို တိုးပွားစေပါတယ်။



*********************************

ခေါင်းစွပ်နှင့်အိပ်ခြင်း။

    ခေါင်းစွပ်နှင့် အိပ်စက်တာဟာ ကာဗွန်ဒိုင်အောက်ဆိုဒ် စုစည်းမှုကိုတိုးမြင့်စေပြီး အောက်စီဂျက်စုစည်းမှုကို
လျော့ကျစေတဲ့အတွက် ဦးနှောက်ပျက်စီးမှုကို ဖြစ်စေနိုင်ပါတယ်။



*********************************

နေမကောင်းစဉ် ဦးနှောက်ကို အလုပ်ပေးခြင်း။

    နေမကောင်းတုန်း အလုပ်တို ပင်ပင်ပန်းပန်းလုပ်မယ်၊ စာကြိုးစားမယ်ဆိုရင် ဦးနှောက်စွမ်းရည်လျော့ကျပြီး
ဦးနှောက် ကို ထိခိုက်စေပါတယ်။



*********************************

 
နိုးကြားတဲ့ အတွေးအခေါ်မရှိခြင်း။

    ဦးနှောက်ကို လေ့ကျင့်ပေးဖို့ တွေးခေါ်တာဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
ဦးနှောက်ကို နှိုးဆွတဲ့ အတွေးအခေါ်မရှိတာဟာ ဦးနှောက်ကျုံတတ်ပါတယ်။





အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
ဖတ်ဖူးတာလေးတွေကိုဝေမျှတာပါ

သူငယ်ချင်းကောင်းဆိုတာ

သူငယ်ချင်းကောင်းဆိုတာ သင့်ကို
"သွား သေလိုက်"လို့အမြဲပြောတတ်သူဖြစ်တယ်။
သူငယ်ချင်းကောင်းဆိုတာ သင့်ကို
"ဆရာဝန်နဲ့ ပြလိုက်ဦး" လို့  အမြဲပြောတတ်သူဖြစ်တယ်။
သူငယ်ချင်းကောင်းဆိုတာ သင့်ရဲ့အပြစ်တစ်ခုကို
တစ်နေကုန်ခန်း ရွတ်နေတတ်သူဖြစ်တယ်။
သူငယ်ချင်းကောင်းဆိုတာ သင့်ရှေ့မှာ နားထောင်ရခက်တဲ့
ညစ်တီးညစ်ပတ်စကားတွေကို ပြောတတ်သူဖြစ်တယ်။
သူငယ်ချင်းကောင်းဆိုတာ သင့်ကို စားသောက်ဆိုင်ခေါ်သွားပြီး
သင့်မှာပါသမျှမကျန်အောင် မှာစားတတ်သူဖြစ်တယ်။
သူငယ်ချင်းကောင်းဆိုတာ တချို့အချိန်မှာ ပြောမနာ
ဆိုမနာတွေဆိုပေမယ့် သင် အခက်အခဲကြုံချိန်၊ စိတ်ညစ်ချိန်
သင့်ကို နားချတတ်သူ၊ ကူညီတတ်သူဖြစ်တယ်။
သူငယ်ချင်းကောင်းဆိုတာ သူ့နဂိုက စိုးရိမ်သောကများသူဖြစ်ဖြစ်၊
ဆိတ်ဆိတ်နေတတ်သူဖြစ်ဖြစ် ပျော်ပျော်နေတတ်သူဖြစ်ဖြစ်...
အားလုံးနဲ့အတူနေချိန် အချင်းချင်း
စနောက်ပြောင်လှောင်နေတတ်သူဖြစ်တယ်။
သူငယ်ချင်းကောင်းဆိုတာ အချိန်ဖြစ်ဖြစ်၊
အကွာအဝေးဖြစ်ဖြစ် သင့်ဦးနှောက်၊ သင့်ရင်ဘတ်ထဲကနေ
တိုက်စားမသွားနိုင်သူဖြစ်တယ်။
သူငယ်ချင်းကောင်းဆိုတာ သင်စကားအမှားတစ်ခွန်းကို
ရယ်မောနောက်ပြောင်တတ်သလို အချိန်အတော်ကြာ
အရစ်ရှာနေတတ်သူဖြစ်တယ်။
သူငယ်ချင်းကောင်းဆိုတာအမြဲမဆက်သွယ်လည်း
မေ့လျော့မသွားတတ်သူဖြစ်တယ်။
သူငယ်ချင်းကောင်းဆိုတာ အတူရှိနေချိန် စကားပြောမှားမှာ
တစ်ခုခုလုပ်မှားမှာကို သင်စိုးရိမ်စရာမလိုသူဖြစ်တယ်။
သူငယ်ချင်းကောင်းဆိုတာ သင်နဲ့အတူ မျှဝေခံစား
သင်အပေါ် သစ္စာမဖောက်တတ်သူဖြစ်တယ်။
သူငယ်ချင်းကောင်းဆိုတာ သူနဲ့အတူနေချိန်
သင်ဘာမှဟန်ဆောင်စရာမလိုသူဖြစ်တယ်။
သူငယ်ချင်းကောင်းဆိုတာ ညနက်သန်းခေါင်သင်နဲ့အတူနေချိန် အိပ်ရကောင်းလား
မကောင်းလားလို့ တွေဝေတတ်သူဖြစ်တယ်။
သူငယ်ချင်းကောင်းဆိုတာ သင့်အပေါ် တဗျစ်တောက်တောက်နေတတ်လို့
"နင်က ငါ့အမေနဲ့ တပုံစံတည်း"လို့ သင်ပြုံးရယ်ပြီး ပြောတတ်သူဖြစ်တယ်
သူငယ်ချင်းကောင်းဆိုတာ သူ့စကားတစ်ခွန်းနဲ့ သင့်မှာ သတ္တိတွေ၊
မိမိကိုယ်ကိုယ်ယုံကြည်မှုတွေ ပြည့်သွားတတ်သူဖြစ်တယ်။
သူငယ်ချင်းကောင်းဆိုတာ အချင်းချင်း ဟာသလုပ်ဇာတ်တွေနဲ့ နောက်ပြောင်ပြီး
စနောက်တာ အကြံအောင်သွားရင် အချင်းချင်း ဟားတိုက်ရယ်မောတတ်သူဖြစ်တယ်။

ရယ်ကြရအောင် (၃)

(၁)
လူနာ "ဆရာ.. ကျွန်တော် ဘာရောဂါဖြစ်နေတာလဲ .. ကျေးဇူးပြုပြီး ပြောပြပါ
" ဆရာဝန်"ခင်ဗျားရဲ့ရောဂါက ပေါင်းစုံနေတယ်ဗျာ။ စကားလုံးတစ်ခုထဲနဲ့ နာမည်တပ်ရဖို့ ခက်နေတယ်
" လူနာ "အမှန်အတိုင်းပြောပါဆရာ.. ရပါတယ်
" ဆရာဝန် "ခုလောလောဆယ်တော့ ရောဂါအမည်တပ်ရဖို့ ခက်နေတယ်။ ဒါပေမဲ့ စိတ်ချပါ။ ခင်ဗျား သေသွားတဲ့
အခါရင်ခွဲကြည့်ပြီး ရောဂါအမှန်ကို ကျွန်တော်ရှာလိုက်ပါမယ်"



(၂)
တစ်နေ့မှာ ကြွက်သုံးကောင် စကားစမြည်ပြောနေကြတယ်
ပထမကြွက်.... "ငါက ကြွက်သတ်ဆေးတွေနဲ့ ခွန်အားဖြည့်နေတာပေါ့"
ဒုတိယကြွက်..... "ငါကတော့ ကြွက်ထောင်ချောက်နဲ့ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်တယ်"
တတိယကြွက်.... "ဟိုကြောင်မ ဗိုက်ကြီးနေတာ မင်းတို့တွေ့လား? အဲဒါ ငါ့ရဲ့ မတော်တဆအဖြစ်ပေါ့ကွာ"



(၃)
မိန်းမက ရာသီဥတုအေးလို့ဆိုပြီး လျှပ်စစ်စောင်တစ်ထည် သွားဝယ်ခဲ့တယ်။ ဒါကို ယောက်ျားက လျှပ်စစ်စောင်စိတ်
မချရဘူးဆိုပြီး တော်တော်နဲ့ မခြုံရဲခဲ့ဘူး။ မိန်းမက အကျိုးအကြောင်းအချိန်ယူပြီး ရှင်းပြလိုက်မှ စိတ်ချလက်ချ
အိပ်ရဲတော့တယ်။ တစ်ညမှာ မိန်းမက နောက်တစ်နေ့မနက်စာအတွက် အလုပ်မရှုပ်အောင်ဆိုပြီး အိုဗင်ထဲ ဝက်ပေါင်
ခြောက်ထည့်ပြီး မီးဖြေးဖြေးလေးနဲ့ အပူပေးထားခဲ့တယ်။ ညသန်းခေါင်ရောက်တော့ ဝက်ပေါင်ခြောက်ကင်နံ့က
သူတို့အိပ်ခန်းထဲ လွှင့်ဝင်လာခဲ့တယ်။ အဲဒီမှာ ယောက်ျားက အိပ်ချင်မူးတူးနဲ့ ကြောက်အားလန့်အားထအော်တယ်...
"မိန်းမ.. မိန်းမ.. မြန်မြန်ထ .. ငါတို့ အကင်ခံလိုက်ရပြီ"



(၄)
တစ်နေ့မှာ ဂျပန်၊ တရုတ်၊ အမေရိကန်က စားဖိုမှူးတွေ ဓားလက်စွမ်းပြတဲ့ စိန်ခေါ်ပွဲတစ်ခုလုပ်ခဲ့ကြတယ်။ ပွဲစစချင်း
မှာ      ဂျပန်စားဖိုမှူးက သူ့လက်ဆွဲတော်ဓားနဲ့ လေထဲနှစ်ချက် ဝှေ့ယမ်းလိုက်တယ်။ ယင်ကောင်တစ်ကောင်
နှစ်ပိုင်းပြတ်သွားလို့ ဒိုင်လူကြီးတွေက သူ့ကို အမှတ်(၈ဝ)ပေးလိုက်တယ်။


  ဒုတိယဝင်ပြိုင်တဲ့ အမေရိကန်စားဖိုမှူးက သူ့လက်ဆွဲတော်ဓားနဲ့ လေထဲနှစ်ချက် ဝှေ့ယမ်းလိုက်တယ်။
ယင်ကောင်တစ်ကောင်ရဲ့ တောင်ပံနှစ်ခုလွင့်ကျသွားလို့ ဒိုင်လူကြီးတွေက သူ့ကို အမှတ်(၉ဝ)ပေးလိုက်တယ်။


   နောက်ဆုံးဝင်ပြိုင်တဲ့ တရုတ်စားဖိုမှူးက သူ့လက်ဆွဲတော်ဓားနဲ့ လေထဲဖျတ်ခနဲတစ်ချက် ဝှေ့ယမ်းလိုက်တယ်။
ယင်ကောင်က ပျံသန်းမြဲ ပျံသန်းတုန်းပဲ။ ဒိုင်လူကြီးတွေက ယင်ကောင်ကိုဖမ်းပြီး စစ်ဆေးကြည့်တယ်။ ပြီးတော့
သူ့ကို အမှတ်(၁ဝဝ)ပေးလိုက်တယ်။ ဒါကို ဂျပန်နဲ့ အမေရိကန်စားဖိုမှူးတွေက မကျေနပ်ကြဘူး။ ဒိုင်လူကြီးကို
သွားရှာတော့ ဒိုင်လူကြီးကပြောတယ်။ "တရုတ်စားဖိုမှူးက အဲဒီယင်ကောင်ကို မျက်ရစ်ခွဲပေးလိုက်တယ်လေ"



(၅)
မြွေနှစ်ကောင် ထိပ်တိုက်တိုးတော့ မြွေတစ်ကောင်ကမေးတယ်....
"ကိုကြီး.. ကိုကြီး.. ကျွန်တော်တို့ အဆိပ်ရှိလား?"
"ဟ.. မင်းဘာဖြစ်လို့ အဲဒီလို မေးရတာလဲ?"
"ကျွန်တော်.. ကျွန်တော် ကိုယ့်လျာကိုယ်ပြန်ကိုက်မိလို့ပါ" ".........."

ဘယ်လောက်ထိချစ်လဲ

ကောင်မလေး။ ။ နင်ငါကို ဘယ်လောက်ထိချစ်လည်း။
ကောင်လေး ။ ။ ချစ်တာပေါ့ အများကြီးပဲ...။
ကောင်မလေး။ ။ ဒါဆို နင် ငါကို ဒဿဂီရီလို့ ချစ်လားဟင်။
ကောင်လေး ။ ။ မချစ်ဘူး။
ကောင်မလေး။ ။ ဒါဆို တကယ်လို ငါ သေသွားခဲ့ရင် ရိုမီယိုလို့ အဆိပ်သောက်ပြီး ငါနဲ့ တူတူသေနိုင်မလား။
ကောင်လေး ။ ။ ( ကောင်လေး ဘာမှမပြောပဲ တိတ်ဆိတ်စွာနေနေ၏)
ကောင်မလေး။ ။ နင်ကိုငါနောက်ဆုံးမေးခွန်းတစ်ခုမေးမယ် တကယ်လို့  ငါ လိုချင်တာတစ်ခုကိုတောင်းဆိုရင်
 အာဒံ့လို နင်ယူပေးမှာလား။
ကောင်လေ ။ ။ ဟင်အင်း။
ကောင်မလေး။ ။ ဒါဆိုနင်နဲ့ငါလမ်းခွဲတာပဲကောင်းတယ်။ နင်က ငါကို ချစ်တယ်ဆိုတာအလကားပဲဆိုပြီးပြောက
ထွတ်သွားဖို့ ပြင်လိုက်တော့
ကောင်လေး ။ ။ နင်သွားမယ်ဆိုရင်လည်းငါမတားပါဘူး ဒါပေ့မယ် ငါပြောတာလေးကိုတော့နာထောင်းပေးသွားအုန်း
ငါ ဘာလို ဒဿလို မချစ်တာလည်းသိလား ငါအချစ်က ဒဿထက်ပိုတယ် ဒါကြောင့် သမိုင်းကြောင်းကို ပြန်ပြင်နေရ
မှာစိုးလို့ . .ရိုမီယိုလိုဘာလို့ အဆိပ်မသောက်တာလည်းသိလား နင်သာ သေဆုံးသွားရင် ငါ အဆိပ်သောက်စရာတောင်
မလိုဘူး ငါနှလုံးသာ နင်ကို ချစ်လွန်းအားကြီးလို့  အဲမှာပဲ ငါနှလုံးသားက ကြွေမွပြီး သေဆုံးသွားနိုင်လို့ .......
အာဒံလို့ ဘာလို မလုပ်ပေးတာလည်းဆိုတော့ ငါက နင်လိုချင်တာကို နင်ပြောစရာတောင် မလိုပဲ ငါယူလာပေးမှာမို့ 
လို့ ပါ.........ကဲ နင်ငါကို စွန့် လွတ်ပြီး ထွတ်သွားမယ်ဆိုရင် သွားပါ ငါမတားပါဘူး ဘာလို့ လည်းဆိုတော့
နင်ကို ချစ်လို့ ပါ........

ပျော်ရွှင်ခြင်းရဲ့အဓိပ္ပာယ်

1 . Show Up = လူတောတိုးပေး/ ပွဲတက်ပေး။
2. Follow Your Heard = နှလုံးသားစေရာအတိုင်းလုပ်။
3. Stay Inspired = ရွင်လန်းတက်ကြွစွာနေပါ။
4. Stop Being a victim = သားကောင်အနေအထားမှ ရုန်းထွက်ပါ။
5. Do thing You're Good Act = မိမိအားသန်တာကို လုပ်။
6. Love Your Work = မိမိအလုပ်ကို ချစ်ပါ။
7. Get A New Perspective = တစ်ခြားရှု့ထောင့်တစ်ခုမှ ပြောင်းကြည့်ပါ။
8. Have a Sense of Wonder = နှစ်သက်ကြည်းနှုးတတ်ပါ။
9. Don't Isolate = တစ်ယောက်တည်းမနေနှင့်။
10. Fine People You Love = ကိုယ်ချစ်တဲ့ ခင်တဲ့သူနဲ့တွေ့။
11. Set goals = ရည်မှန်းချက် ပန်းတိုင်များ ထားရှိပါ။
12. Finish What you Started = မိမိစတင်ခဲ့သည် ကိုပြီးဆုံးအောင်လုပ်ပါ။
13. Help Others = တစ်ခြားသူများကို ကူညီပါ။
14. Do a One Day New Fast = တစ်ရက်လောက် သတင်းမှာနှင့် အဆက်ဖြတ်ပြီး နေကြည့်ပါ။

ချစ်သူနဲ့ကြာကြာလက်တွဲနိုင်ဖို့

ချစ်သူနဲ့ကြာကြာလက်တွဲနိုင်ဖို့
1. နာမည်ခေါ်ဝေါ် သုံးစွဲတာ မလုပ်ပါနှင့်
2. ချစ်သူရဲ့ ခန္တာကိုယ်အလေးချိန် နဲ့ အခြားအစိတ်အပိုင်း များကို မလှောင်ပါနှင့်
3. အပြုအမူကိုပဲဝေဖန်ပြီး အကျင့်စာရိတ္တကို မဝေဖန်ပါနှင့်
4. စကားပြောနေစဉ် အခြားသူတစ်ဦး နာမည်ကို မကြာခဏမပြောမိပါစေနှင်
5. စိတ်ကောက်နေစဉ် အခြားသူတစ်ယောက်နှင့် လုံးဝမတွဲပြပါနှင့်
6. ဘာမဟုတ်သည့် ကိစ္စကို မငြင်းပါနှင့်
7. ဖြစ်ပြီးသား ပြသနာများကို ပြန်မပြောဖြစ်အောင် ကြိုးစားပါ
8. ဖြစ်ပျက်သမျှ ကို သူငယ်ချင်းများကို မပြောပါနှင့်
9. သူကြိုက်သည့်အရာများကို မမုန်းပါနှင့်
10.အချို့ကိစ္စများကို မသိချင်ယောင်ဆောင်ပါ
11. ဒေါသနဲ့ စကားမပြောပါနှင့်
12. စကားများတိုင်း သူပြောတာကို နားထောင်ပေးပြီး စဉ်းစားပါ
13. သူစကားပြောနေစဉ် မကြာခဏ ဖြတ်မပြောပါနှင့်
14. ကိစ္စရပ်တစ်ခုကို ပြီးဆုံးသည်အထိ မဖြေရှင်းပဲမနေပါနှင့်
15. ဘာအကြောင်းနဲ့မှ မအော်ပါနှင့်
16. သူသာ သင့်အတွက် အလိုအပ်ဆုံးဆိုတာ သူသိပါစေ
17. ချစ်သူက ချောလား၊လှလား မေးတိုင်း ပြုံးသာ ပြလိုက်ပါ
18. အကြောင်းတိုက်ဆိုင်တိုင်း သင်ကသာ ငွေရှင်းလိုက်ပါ
19. သူ၏ရှေ့မှောက်တွင် အခြားသူများကို သိသိသာသာလိုက်မကြည့်ပါနှင့်
20. အမှတ်တရ ဖြစ်ရပ်များကို သတိရတိုင်းပြောပါ
21. ဖြစ်နိုင်လျှင် ချစ်သူ၏ မွေးနေ့ နှင့် ရည်းစားစဖြစ်သည့်နေ့ကို မှတ်ထားပါ(ပြန်မေးတတ်လို့ပါ)
22. တကယ်အရေးကြုံမှ ပိုက်ဆံချေးပါ
23. ဖြစ်ပျက်သမျှအားလုံးကို သင်ကဦးအောင်တောင်းပန်လိုက်ပါ
24. အခွင့်အရေးရတိုင်း မယူပါနှင့်
25. လက်ဆောင်အသေးအမွှားလေးများ မကြာခဏပေးပါ။ ။

လူကိုနွေးထွေးစေသောစကား (၅) ခွန်း

တန်းဖိုးထားထိုက်ဆုံးစကားတခွန်း
“နင့်ကိုငါချစ်တယ်”

ဒီစကားတခွန်းကို သင်ကြားလိုက်ရပြီဆိုရင် သင်ဟာ တခြားသူရဲ့ ချစ်ခြင်းကိုခံလိုက်ရတာဖြစ်ပါတယ်။
လောကမှာ အချစ်ခံရတာထက် ပိုချိုမြိန်၊ပိုပျော်ရွှင်တဲ့အရာရှိနိုင်ဦးမလား???
တကယ်လို့ဒီလိုစကားတခွန်းကိုသင်လည်း ပြော လိုက်ပြီဆိုရင် စိတ်ကူးထဲက
အဖော်ကို သင်ရှာတွေ့ပြီဖြစ်ကြောင်းပြောနေပါတယ်။
လူ့ပင်လယ်ထဲမှာ ကူးခပ်ရင်း တစ်နေ့နေ့တစ်ချိန်ချိန် သင့်မျက်စိဖြတ်ခနဲ အလက်
 “ဟော..သူ(သူမ)ပဲ” ဆိုတဲ့ အဖော်ကိုသင်တွေ့သွားခဲ့တယ်။
အချစ်ရှိပြီဆိုရင် အထီးမကျန်တော့ဘူး။ “အမလည်းမကျန်တော့ဘူးနော်”
အချစ်ရှိပြီဆိုရင် စိတ်တွေမဝေတော့ ဘူး။ အချစ်ရှိပြီဆိုရင် ပေါ့ပေါ့ပါးပါးနေလို့မဖြစ်တော့ဘူး။
အချစ်က ရွေးချယ်ခြင်းတစ်မျိုး၊ အချစ်က ပျော်ရွှင်ခြင်းတစ်မျိုး၊
အချစ်က အားအင်တစ်မျိုး၊ အချစ်က တာဝန်တစ်မျိုးဖြစ်ပါတယ်..။



နှစ်သိမ့်ထိုက်ဆုံးစကားတခွန်း
“အခုပဲလာခဲ့မယ်”

လူတိုင်းမှာ အကူအညီလိုတဲ့အချိန်တွေရှိပါတယ်။
တစ်ပတ်လောက်ပ်ငပင်ပန်းပန်းအလုပ်လုပ်ပြီး နားရက်မျာ
သင် အနားယူနေတုန်း ရုတ်တရက် အိမ်က ရေစက်ခေါင်းပျက် သွားတယ်။
ရေပိုက်ပြင်သမားကို သင်ချက်ချင်းဖုန်းဆက် တော့ သူက “ကျွန်တော်အခုပဲလာခဲ့မယ်”
လို့ ပြန်ဖြေတဲ့အချိန်သင့်စိတ်သက်သာရာရသွားတယ်။
သင်ကားမောင်းနေ တုန်း လမ်းတစ်နေရာမှာ ရုတ်တရက်ကားပျက်သွားတယ်။
နောက်ကားတွေက သင့်ကားနောက်တန်းစီပြီး ဟွန်းအဆက် မပြတ်တီးနေတယ်။
သင်စိတ်ပူပန်လှုပ်ရှားပြီးသူငယ်ချင်းတစ်ယောက်ကို သင်ဖုန်းဆက်တယ်။
သူငယ်ချင်းရဲ့ “ငါအခုပဲ လာခဲ့မယ်” ဆိုတဲ့စကားက သင့်ရင်ထဲက အစိုင်အခဲကို ပြေလျော့သွားပါတယ်။



လူကိုယုံကြည်မှုတိုးစေဆုံး စကားတခွန်း
“မင်းလုပ်နိုင်တယ်ဆိုတာငါယုံတယ်”

ဆရာတစ်ဦးက ကျွန်တော့ကို ပြောပြဖူးတယ်။ ကျောင်းသားတွေကို သူအချက်ကျကျ
ကိုင်တွယ်နည်းက ကျောင်းသား တွေနဲ့ အမြဲ တမ်းနှစ်ကိုယ်ကြားဆွေးနွေးတာပဖြစ်တယ်။
အမှတ်ကောင်းတဲ့ကျောင်းသားဖြစ်ဖြစ်၊ အမှတ်မကောင်းတဲ့ ကျောင်းသားဖြစ်ဖြစ်
ဆရာအမြဲပြောလေ့ရှိတာက “မင်းလုပ်နိုင်တယ်ဆိုတာ ဆရာယုံတယ်” ဆိုတာပဲဖြစ်တယ်။
ဒါကြောင့်သူသင်ဖူးတဲ့ ကျောင်းသား တိုင်းလိုလိုဟာ မိမိကိုယ်ကိုယ် ယုံကြည်စိတ်အပြည့်ရှိသူတွေဖြစ်တယ်
“လုပ်နိုင်သူ” တွေက ”ပိုလုပ်နိုင်” ခဲ့ကြပြီး ”မလုပ်နိုင်သူ” တွေလည်း ”လုပ်နိုင်” ခဲ့ကြတယ်။
ဆွန်ယက်ဆင်ပြောခဲ့တဲ့ စကားတစ်ခွန်းကို ကျွန်တော်အမှတ်ရမိပါတယ်။
“စိတ်ထဲမှာ လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုရှိ ရင် တောင်ကို ရွှေ့တာပဲဖြစ်ဖြစ်၊ပင်လယ်ကို မြေဖို့တာပဲဖြစ်ဖြစ်
နောက်ဆုံးမှာပြီးမြောက်အောင်လုပ်နိုင်တယ်။
တကယ် လို့စိတ်ထဲမှာ လုပ်နိုင်မှာမဟုတ်ဘူးလို့ ယုံကြည်မှုရှိရင်
လက်ဖဝါးလှည့်တာ ၊ သစ်ကိုင်းကို ချိုးတာလောက်လွယ်ကူတဲ့ အလုပ်ကိုတောင်
ပြီးမြောက်အောင်လုပ်နိုင်မှာမဟုတ်ဘူး”



အတင်းအဖျင်းကိုပထုတ်နိုင်ဆုံးစကားတခွန်း
“မင်းလမ်းမင်းလျှောက် သူတို့ပြောချင်ရာပြောပါစေ”

ကျွန်တော့ဖခင် ကျွန်တော်ကိုစကားတစ်ခွန်းပြောဖူးတယ်။
“တကယ်လို့ တခြားလူ မရယူနိုင်တဲ့အရာကို သားအရယူ ချင်ရင်
သူတို့မပေး ဆပ်နိုင်တဲ့အရာကို သားပေးဆပ်ရလိမ့်မယ်။
တကယ်လို့ တခြားလူအနားယူချိန်သားလည်းအနား ယူမယ်၊
တခြားလူအလုပ်လုပ်ချိန်မှာ သားအလုပ်လုပ်မယ်။
တခြားလူ ဘဝကိုဘယ်လိုဖြတ်သန်းရင်သားလဲ သူတို့အတိုင်း ဖြတ်သန်းမယ်ဆိုရင်
သူတို့ရတာပဲ သားရလိမ့်မယ်” ဘဝမှာ အောင်မြင်သူတွေဟာ တခြားလူထက် ဝေးဝေးကြည့်တယ်၊
တခြားလူထက် နက်နက်တွေးတယ်၊ တခြားလူ ထကက်ပိုအလုပ်လုပ်တယ်။
အဲဒီလို ပဲ အတင်းအဖျင်း၊ ကောလဟာလတွေလည်း သူတို့နဲ့အဖော်ပြုတာခံရတယ်။
ဒါကြောင့်တခြား လူဆီကနေ မတူတဲ့ အသံကိုကြားရတဲ့အခါ ကိုယ့်ရဲ့အပြုမှုပြောဆိုမှုကို
ဆန်းစစ်ရသလို၊ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ကိုလည်း ပိုခိုင်မြင်အောင် လုပ်ရတယ်။
လူရွန်းပြောသလိုပါပဲ...“သူတို့ပြောချင်ရာပြောပါစေ...ကဲ့ရဲ့ဝေဖန်အတင်းအဖျင်းပြောသူတွေရဲ့
ချီးကျူးစကားက ကိုယ်အောင်မြင် မှုရပြီးချိန်မှကြားရတတ်တဲ့စကားဖြစ်တယ်”။



ပြောရအခက်ဆုံးနဲ့သဘောထားကွဲလွဲမှုကိုအဖြေရှင်းနိုင်ဆုံးစကားတခွန်း
”မင်းမှန်တာလည်း ဖြစ်နိုင်ပါတယ်”

ဒီလိုစကားတစ်ခွန်းက တိုက်ပွဲထဲက လူတစ်ယောက်ကို လက်နက်ချခိုင်းသလိုပါပဲ..
ငြင်းခုန်ရန်ဖြစ်ပွဲမှာ အများကိုဝန် ခံတာဟာ အရမ်းမျက်နှာသာမဲ့စေတဲ့ လုပ်ရပ်ပါ။
ဒါပေမယ့် အခြေအနေတော်တော်များများမှာ ဒီလိုစကားတခွန်းက
ဒေါသကြောင့် တောက်လောင်မယ့်မီးကို အချိန်မီငြိမ်းစေနိုင်သလို၊
ပွတ်လောရိုက်နေတဲ့ဦးနှောက်ကို ချုပ်ငြိမ်းစေနိုင်သ လို၊ ချိန်ရွယ်ထားတဲ့
လက်သီးကို ဖြည်လျှော့စေနိုင်သလို၊ ကွဲပြားတဲ့အတွေးအမြင်ကိုတစ်နေရာတည်းမှာ စုဆုံစေနိုင်ပါတယ်။
ထိခိုက်ဒဏ်ရာနဲ့ ဆုံးရှုံးမှုကို ကာကွယ်တားဆီး နိုင်သလို အဖွဲ့ရဲ့စည်းလုံးခြင်းနဲ့
တည်ငြိမ်ခြင်းကိုလည်း ထိန်း ချုပ်နိုင်ပါတယ်။
ဒီလိုစကားတခွန်းက မိသားစု အငြင်းအပွားမှုမှာ ပိုအသုံးဝင်ပါတယ်။
လင်မယားကြာမှာ ကိစ္စ သေးသေးမွှားမွှားနဲ့ စကားများ ရန်ဖြစ်တဲ့အခါ
တကယ်လို့ တစ်ယောက်ယောက်က ဒီစကားကို အရင်ဆုံးပြောလိုက်ရင်
သဘောထားကွဲ လွဲမှုကို ရပ်တန့်စေနိုင်ပါတယ်။
နှစ်ဦးနှစ်ဖက် သွေးအေးသွားမှပြဿနာရဲ့ အရင်းအမြစ်ကိုရှားပြီ ဖြေရှင်းနိုင်ပါတယ်။
အချင်းချင်းချစ်ကြိုက်လို့ အတူတကွ ပေါင်းဖက်ကြပြီးမှ ပြဿနာအသေးအမွှားနဲ့
ဘာကြောင့်နှစ်ဦးနှစ်ဖက် ဒဏ်ရရ ထိခိုက်အောင်ပြောဆိုငြင်းခုကြမလဲ??
“မင်းမှန်တာလည်းဖြစ်နိုင်ပါတယ်“ ဆိုတဲ့ စကားတခွန်းက ဘာမှကို မဆုံးရှုံးစေနိုင်ပါူးဘူး.....။

နိုင်နိုင်းစနေဘာသာပြန်သည်။
 

ငါအိုသောအခါ

ငါအိုသောအခါ.....

 
* ငါအိုသောအခါ ငါဟာ အရင်က ငါမဟုတ်တော့်ဘူး။ငါ့ကိုနားလည်ပေးပါ၊ စိတ်ရှည်ရှည်ထားဆက်ဆံပေးပါ။


* ချည့်နဲ့နဲ့ လက်တွေနဲ့ ထမင်းဟင်းတွေ အက်ီၤေပၚ ဖိတ္စင္သြားတဲ့အခါ အက်ီၤ၊လံုခ်ည္ဖို သီဖတ်သီဖြစ်နေတဲ့အခါ
ငါ့ကိုမရွံပါနဲ့၊ ငယ်ငယ်တုန်း ကငါသုတ်သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။


* အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီးနားထောင်ပေးပါ
ငယ်ငယ်တုန်းက အိပ်ယာဝင် တိုင်းတစ်ထောင့်တစ်ညပုံပြင်တွေ၊ ငါးရာ့ငါးဆယ် နိါတ်တော်တွေ၊ဇာတ်ကြီးဇယ်ဘွဲ့ တွေ
စတဲ့ ပုံပြင်တွေကို မရိုးအောင်ပြောရင်း ငါချော့သိပ်ခဲ့တာတွေကိုသတိရပေးပါ။




* မလှုပ်ရှားနိုင်လို့ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကို မငြိုငြင်ပါနဲ့။ ငယ်ငယ်တုန်းက ချော့တစ်လှည့်။ ခြောက်တည့်
လှည့် ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။


* ခောတ်သစ်နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် မလှောင်ပါနဲ့။ ငယ်ငယ်တုန်းက “ဘာကြောင့်လဲ” ဆိုတဲ့
မေးခွန်းတိုင်းကို စိတ်ရှည်ရှည်နဲ့ ငါပြန်ဖြေခဲ့တာကိုသတိရပေးပါ။




* စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့ အခါခွန်အားပါသော လက်တစ်စုံနှင့် ငါ့ကိုကူတွဲပေးကြပါ။
လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လှမ်းလျှောက် လေ့ကျင့်ပေးခဲ့တာ တွေကိုသတိရပေးပါ....။

* တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ငါ့ကို ကြည့်ပြီး ဝမ်းမနည်းပါနှင့် နားလည်ပေးပါ။ အားပေးပါ။ အရင်တုန်းက
လူ့ဘဝတက်လမ်းအတွက် ငါလမ်းပြခဲ့ သလိုအခုချိန်မှာ ငါ့ဘဝ နောက်ဆုံး အချိန်အတွက် အဖော်ပြုပေးပါ။ ချစ်ခြင်း
မေတ္တာနဲ့ အေးမြမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲ့ဒီအပြုံးတွေထဲမှာ မဆုံးနိုင်တဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ.။

ယောက်ကျားဆိုတာ

ယောက်ျားဆိုတာ..
> If you kiss him, he kisses you back
> သင်ကသူ့ကိုနမ်းရင်... သူကသင့်ကိုပြန်နမ်းမယ်
> If you don't, he patiently waits
> မနမ်းရင်လည်း... သူကစိတ်ရှည်ရှည်နဲ့စောင့်မယ်...
> If you praise him, he says thanks you
> သင်ကသူ့ကို ချီးမွမ်းရင်... သူက ကျေးဇူးပါလို့ပြန်ပြောမယ်...
> If you don't, he feels secure in your love
> မချီးမွမ်းရင်လည်း.. သင်အချစ်နဲ့ကိုသူစိတ်ချနေမယ်..
> If you agree to all his likes, you have met your fantasy man
> သူအကြိုက်တွေ အားလုံးကို သင်သဘောကျရင်.. သင်ကံကောင်းတယ်..
> If you don't, you still get along
> မကြိုက်ရင်လည်း... တပူးတွဲတွဲပါပဲ
> If you visit him often, he welcomes you every time
> သင်ကသူ့ဆီကို မကြာခဏသွားလည်းရင်... သူကအမြဲတမ်း သင့်ကိုကြိုမယ်...
> If you don't, he'll visit you instead
> သင်ကသွားမလည်ရင်လည်း ...သူကသင့်ဆီကိုလာလည်မယ်...
> If you are well dressed, he says you are beautiful
> သင်ကောင်းကောင်းမွန်မွန်ဝတ်စားထားရင်... မင်းအရမ်းလှတာပဲလို့
သူကပြောမယ်
> If you don't, you are still beautiful
> အလိုမ၀တ်စားရင်လည်း... မင်းဟာလှနေတုံးပါပဲ..
> If you are jealous, he reassures you and holds you
> သင်ကမနာလိုအူတိုဖြစ်ခဲ့ရင်... သင်ကိုစိတ်ချဖို့ပြောပြီး ထွေးပွေ့မယ်...
> If you're not, he gives you no reason to be
> မနာလိုမဖြစ်ရင်လည်း... ဘာမှပြောမှာမဟုတ်...
> If you kiss him once in a while, he's appreciative of your affection
> သင်သူ့ကိုတော်တော်ကြာမှ တခါလောက်နမ်းရင်...သင်ရဲ့မြတ်နိုးမူကိုတန်ဖိုးထားမယ်...
> If you kiss him often, he will always have you on his mind
> မကြာခဏနမ်းရင်လည်း.. သူ့အတွေးထဲမှာ သင်အမြဲရှိမယ်...
> If you stare at another man, he knows that you're only admiring
> သူမကတခြားသူတွေကို ငေးမိရင်... သူကလေးစားလို့ကြည့်တာလို့သိတယ်...
> If he is stared by other women you know why-he's one hot babe
> သူကိုတခြားမိန်းမကငေးရင်လည်း... သူမကလန်းလို့ ကြည့်တာ...
> If you talk, he'll always listen
> သူမစကားပြောရင်... သူအမြဲနားထောင်တယ်..
> If you listen, he'll tell you anything you want to know
> သင် နားထောင်ရင်... သင်သိချင်တာအားလုံးသူပြောပြလိမ့်မယ်...
>
> In short:
> အတိုချုပ်ရင်
> So complex, yet so direct
> ရှုပ်ထွေးသလောက် တည့်တည့်ပြောသူ
> So strong, yet so supportive
> ခွန်အားရှိသလို... အရမ်းပံပိုးသူ...
> So dazzling, yet so humble
> တောက်ပြောင်သလောက်... နှိမ့်ချတတ်သူ
> So passionate, yet so marvelous... .MEN!
> စိတ်ပြင်းထန်သလို... အံသြဖွယ်ကောင်းသူ... ယောက်ျား..

မိန်းကလေးဆိုတာ..

၁။ ငါငိုရင် နင်မှားတယ်၊ မမှားတယ်ဆိုတာ အသာထား။ ယောကျာင်္းလေးပီပီ အရင်လာချော့ပါ။


၂။ ငါ မင်းကို ရစ်နေတယ်၊ ရှုပ်နေတယ်ဆိုတာက မင်းကို ပိုဂရုစိုက်စေချင်လို့ပါ။


၃။ တစ်ခါတစ်လေ အပြင်သွားရင် သပ်သပ်ရပ်ရပ်လေးဝတ်လာပါ။

၎။ ငါက အချောဆုံး အလှဆုံးမဟုတ်ပါဘူး။ ဒါပေမယ့် ချစ်ဖို့ကောင်းတယ်။ နူးညံသိပ်မွေ့တယ်လို့ပြောတာတော့
ကြားချင်တာပေါ့...။

၅။ ငါတို့နှစ်ယောက် ချစ်သူဖြစ်တဲ့ရက်၊ ထူးခြားတဲ့ ရက်၊ အသိအမှတ်ဖြစ်တဲ့ ရက်၊ မွေးနေ့တွေကိုတော့ မင်းသိသင့်တယ်။

၆။ တစ်ခါတစ်လေ အိပ်ခါနီး ဖုန်းလေးတစ်ချက်လောက်ဆက်ပါလား၊ ဖုန်းပြောပြီးမှ အိပ်သွားရတာကလည်း
ငါတို့ကြည်နူးစရာပါ။

၇။ မင်းချောဖို့၊ ရုပ်ဖြောင့်ဖို့ မလိုပါဘူး။ သန့်နေရင် သပ်သပ်ရပ်ရပ် ကိုယ့်စတိုင်နဲ့ ကိုယ်နေရင် ကျေနပ်ပါတယ်။

၈။ ငါ့သူငယ်ချင်းတွေကို မင်းလက်ခံနိုင်အောင် ကြိုးစားပါ။


၉။ နှစ်ယောက်သားချိန်းတွေ့တဲ့အခါ မှာ ငါက ဘယ်သွားမလဲလို့မေးရင် ကြိုက်တဲ့နေရာသွားလို့ မပြောပါနဲ့။ အဲဒါက
အလိုလိုက်တာမဟုတ်ဘူး။ ငါနဲ့ချိန်းတွေ့တာကို စိတ်မပါသလို ငါခံစားရလို့ပါ။


၁၀။ မိန်းကလေးသူငယ်ချင်းတွေနဲ့ ရင်းရင်းနှီးနှီး မဆတ်ဆံပါနဲ့။ ချစ်သူရှိကြောင်း ပြောပြီး စည်းလေးတစ်ခုနဲ့ နေပါ။

၁၁။ ငါ့မှာ ယောကျာင်္းလေးသူငယ်ချင်းတွေတော့ ရှိသင့်တာပေါ့။ မိန်းကလေးတွေက အချစ်နဲ့ ခင်မင်မှုကို စည်းနဲ့
မဟုတ်ပါဘူး။ တံတိုင်းနဲ့ ခြားထားတာပါ။

၁၂။ ငါလည်း ရည်းစားဟောင်း၊ အချစ်ဦး၊ ကြိုက်ခဲ့တဲ့ မင်းသား ကိုတော့ တစ်ခါတစ်လေ သတိရမိတာပေါ့။
ကလေးတုံးကမို့ သတိရပြီးသဘောကျမိသွားတာပါ။ အခုကစပြီး နောင်ကို ဆတ်ချစ်သွားမှာကတော့ မင်းကိုလေ။


၁၃။ ငါ့ကို ချစ်တယ်လို့ မကြာခဏပြောပေးပါ။ မပြောရင် မချစ်တော့ဘူးလားဆိုပြီး တွေးနေတတ်လို့ပါ။

၁၄။ ငါစိတ်ဆိုးလို့ ငါ့ကို နောက်လာမရှာနဲ့၊ ဖုန်းမဆတ်နဲ့လို့ ပြောနေတာက မင်းကို လာရှာခိုင်း ၊
ဖုန်းဆတ်ခိုင်းတာပါ။


၁၅။ ငါတို့ တွဲလာတာကြာပြီဆိုပေမဲ့ မင်းဆီက မထင်မှတ်တဲ့ surprise လေးတော့ မင်းဆီက လိုချင်တာပါဘဲ။


၁၆။ shopping ထွတ်တာ မိန်းကလေးတွေရဲ့ သဘာဝပါ။ ဒါကို အပြစ်မပြောနဲ့။ တစ်ခါတစ်လေမှာ
ငါ့ကိုခေါ်ပြီး လိုက်ဝယ်ပေးပါလား။


၁၇။ ငါကြိုက်တယ်လို့ပြောတဲ့ အရာတွေအားလုံးဝယ်ပေးစရာမလိုဘူး။ အမှတ်တရဖြစ်စေတဲ့ နေ့တွေမှာ တစ်ခုနှစ်ခု
လောက်ဝယ်ပေးရင် ကျေနပ်ပါတယ်။ မင်းစိတ်ထဲမှာ ငါအတွက် ရှိနေတာ သိရင် လုံလောက်ပါတယ်။

ShareThisPage

ဆက်သွယ်ရန်

LinkWithin

Related Posts Plugin for WordPress, Blogger...