https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ9enFLomJj3OCZr_ma6q1k5nHaKjCcuqPQ-QzK1FYVQBSzBApNNLu5a1swSGDquemI_-mn5bpHt0ON9Zv6mpYZM_EvAHYiB8m3fy7favSHhULJiEMGy7Bp1nwc0FGc08Y4yAq-ekuTlla/s1600/Namo-tassa4.png

Oct 28, 2012

နင်သာကြားနေမယ်ဆိုရင်.......

ဂိုဒေါထဲမှာ.... ကုန်တွေသိုလှောင်ထားသလို...
ငါရဲ့ ရင်ထဲမှာလဲ.... နင်နဲ့ပတ်သတ်ပြီး သိုလှောင်ထားပါတယ်...
ဂိုဒေါင်ထဲက ကုန်တွေကို..ထုတ်လို့ရသလို သွင်းလို့ရပါတယ်....
ဒါပေမယ့်.......
ငါ့ ရင်ထဲက ခံစားချက်တွေ.....မထုတ်ပြပါရစေနဲ့....
နင်သာ....ငါ့ကိုနားလည်နိုင်ရင်သိပ်ကောင်းမှာပဲ
တွေးနေမိတဲ့ငါဟာ...........
မဖြစ်နိုင်တာကို တွေးနေတာပါ....
နင့်ကြောင့်....
ငါဟာ...အရာရာကိုပြောင်းလဲ နိုင်ခဲ့ပေမယ့်..
နင့်ကို ချစ်တဲ့....စိတ်ဟာ....
မပြောင်းလဲ နိုင်တော့ပါဘူး..
ငါ့ရင်ထဲက စကားတွေ.... နင့်
နှလုံးသားလေးက..ကြားတဲ့အခါ...
နင်ငါ့ဆီကို...ပြန်လာခဲ့ပါ....
နင်နဲ့..ငါနဲ့..ကွာခြားမှုက.....
ခြေလှမ်း (၁၀၀၀) ရှိရင်....
နင် ခြေလမ်း (၁) လမ်းပဲ လှမ်းလိုက်ပါ....
ငါ..... ကျန်တဲ့ (၉၉၉၉) လှမ်းကို
နင့်ဆီရောက် အောင် လှမ်းခဲ့ပါ့မယ်.....
နင်သာ ငါပြောတဲ့ စကားတွေ....
ကြားနေရ၇င်.......
ငါ့ဘဝဟာ........ပြည့်စုံသွားပါပြီ...
နင်ကြောင့်... ငါမလုပ်တတ်တာတွေ....
လုပ်တတ်ခဲ့ပြီ.......လေ........။

(မိုးထက်အာကာ)

သင်သာ ဒီနေရာမှာဆိုရင် ဘာလုပ်မှာလဲ

၁၉၄၅ခုနှစ် အောက်တိုဘာလ(၂၇)ရက်နေ့မှာ ဘရာဇီးနိုင်ငံ Pernambuco ပြည်နယ်က ရွာလေးတစ်ရွာမှာရှိတဲ့
လယ်သမားမိသားစုကနေ ကောင်လေးတစ်ယောက် မွေးဖွားခဲ့တယ်။ အဲဒီမိသားစုဟာ ဆင်းရဲလွန်းတာကြောင့်
ကောင်လေးဟာ (၄)နှစ်သားအရွယ်ကတည်းက လမ်းပေါ်မှာ မြေပဲဆံလိုက်ရောင်းခဲ့ရတယ်။ ဒါတောင် အစားနပ်မှန်မှန်
သူ မစားခဲ့ရသလို အဝတ်လုံလုံလည်း မဝတ်ခဲ့ရပါဘူး။


ကျောင်းစတက်တဲ့အရွယ်မှာ ကောင်လေးဟာ ကျောင်းအားချိန်တိုင်း အဖော်သူငယ်ချင်းနှစ်ယောက်နဲ့ ဖိနပ်လိုက်တိုက်
ခဲ့တယ်။ တကယ်လို့ ဖိနပ်တိုက်သူမရှိရင် သူတို့ဗိုက်ငတ်ရပါတယ်။


ကောင်လေး (၁၂)နှစ်အရွယ် တစ်ညမှာ ပင်မင်းဆိုင်သူဌေးတစ်ဦး ဖိနပ်လာတိုက်ခဲ့တယ်။
ကောင်လေးနဲ့ အဖော်နှစ်ယောက်ဟာ သူ့ထက်ငါဖိနပ်တိုက်ရဖို့အတွက် သူဌေးဆီဝိုင်းအုံသွားခဲ့ကြတယ်။
ကောင်လေးသုံးယောက်ရဲ့ တောင့်တနေတဲ့ မျက်လုံးအစုံကိုကြည့်ပြီး သူဌေးဆုံးဖြတ်ရခက်သွားတယ်။ နောက်ဆုံး
သူဌေးက အကြွေစေ့နှစ်စေ့ထုတ်ပြီး “ဘယ်သူ ပိုက်ဆံလိုရင် ဘယ်သူ့ကို ငါ့ဖိနပ်တိုက်စေမယ်။ ဖိနပ်တိုက်ခ နှစ်ကျပ်
ပေးမယ်” လို့ဆိုတယ်။


အဲဒီတုန်းက ဖိနပ်တစ်ခါတိုက်မှ ပြား(၂ဝ)ရတာပါ။ အခု (၁ဝ)ဆလောက်ရမယ့် ပိုက်ဆံက မိုးပေါ်ကကျလာတဲ့ မုန့်တွေ
လိုပဲ ကောင်လေးသုံးယောက်ရဲ့ မျက်လုံးကို အရောက်လက်သွားစေခဲ့ပါတယ်။


“ကျွန်တော် မနက်ကတည်းက အစာမစားရသေးပါဘူး။ စားဖို့ပိုက်ဆံသာ ထပ်မရခဲ့ရင် ကျွန်တော်ဆာပြီသေသွား
လိမ့်မယ်” လို့ အဖော်ကောင်လေးတစ်ယောက်က ဆိုတယ်။


“ကျွန်တော့်အိမ်မှာ အစာပြတ်နေတာ ၃ရက်ရှိသွားပါပြီ။ အမေကလည်း နေမကောင်းဘူး။ အိမ်အတွက် ကျွန်တော်
စားစရာဝယ်ပြန်ပေးရမယ်။ ဒီလိုမှမဟုတ်ရင် ညအိမ်ပြန်ရောက်ရင် ကျွန်တော် အရိုက်ခံရတော့မယ်” လို့
နောက်ကောင်လေးတစ်ယောက်က ဆိုတယ်။


သူဌေးလက်ထဲက ပိုက်ဆံနှစ်ကျပ်ကိုကြည့်ပြီး ကောင်လေးခဏလောက် စဉ်းစားလိုက်တယ်။ ပြီးမှ “တကယ်လို့
ဒီပိုက်ဆံနှစ်ကျပ်ကို ကျွန်တော်ရခဲ့မယ်ဆိုရင် သူတို့နှစ်ယောက်ကို တစ်ယောက်တစ်ကျပ်စီ ကျွန်တော်ပေးလိုက်မယ်”
လို့ပြောတယ်။ ကောင်လေးရဲ့အပြောကိုကြားတော့ သူဌေးကြီးနဲ့ ကျန်အဖော်နှစ်ယောက်ပါ အံ့အားသင့်သွားကြတယ်။


“သူတို့က ကျွန်တော်ရဲ့အကောင်းဆုံးသူငယ်ချင်းတွေပါ။ သူတို့ဆာနေတာ တစ်ရက်ရှိသွားပါပြီ။ ကျွန်တော်ကတော့
နေ့လယ်တုန်းက မြေပဲဆံလေး နည်းနည်းစားထားရတော့ ဖိနပ်တိုက်ဖို့ အားရှိနေပါသေးတယ်။ သူဌေးရဲ့ဖိနပ်ကို
ကျွန်တော်တိုက်ပါရစေ။ သူဌေးကို ကျေနပ်စေရပါမယ်” လို့ ကောင်လေးက ဆက်ပြောပါတယ်။


ကောင်လေးကြောင့် သူဌေးခံစားသွားမိတယ်။ ကောင်လေးကို သူဖိနပ်တိုက်စေခဲ့ပြီး ငွေနှစ်ကျပ်ကိုပေးလိုက်တယ်။
ကောင်လေးက ဘာမှမပြောဘဲ ငွေနှစ်ကျပ်ကိုယူပြီး သူ့အဖော်နှစ်ယောက်ကို ချက်ချင်းခွဲပေးလိုက်တယ်။


ရက်အနည်းငယ်ကြာတော့ သူဌေးက ကောင်လေးကိုရှာပြီး ကျောင်းအားချိန်တိုင်း သူ့ပင်မင်းဆိုင်မှာ အလုပ်လုပ်စေ
ခဲ့တယ်။ ညစာထမင်းပါ ကျွေးခဲ့တယ်။ လုပ်အားခနည်းပေမယ့် ဖိနပ်လိုက်တိုက်တာထက်စာရင် ပိုကောင်းခဲ့ပါတယ်။
ဒါဟာ ကိုယ့်ထက်ပို ဆင်းရဲကျပ်တည်းသူကို ကူညီခဲ့လို့ ရလာတဲ့အခွင့်အရေးဆိုတာကို ကောင်လေးသိတယ်။ ဒါကြောင့်
နောင်နောက်ခါမှာ သူတတ်စွမ်းသလောက် သူ့ထက် ပိုကျပ်တည်းတဲ့လူတွေကို တွေ့တိုင်း
ကောင်လေးကူညီခဲ့တော့တယ်။


နောက်တော့ သူဟာ ကျောင်းရပ်နားပြီး အလုပ်ရုံမှာ အလုပ်သမားဝင်လုပ်ခဲ့တယ်။ အလုပ်သမားတွေ အလုပ်သမား
အခွင့်အရေးရဖို့ သူတောင်းဆိုခဲ့တယ်။ အသက် (၂၁)မှာ အလုပ်သမားအသင်းထဲ သူဝင်ခဲ့တယ်။ အသက် (၄၅)နှစ်မှာ
အလုပ်သမားပါတီကို သူတည်ထောင်ခဲ့တယ်။


(၂ဝဝ၂)ခုနှစ် အောက်တိုဘာလမှာ “ဒီနိုင်ငံမှာရှိတဲ့ လူတွေအားလုံး တစ်နေ့ကို ထမင်းသုံးနှပ်မှန်မှန် စားစေရမယ်” ဆိုပြီး
သူရွေးကောက်ပွဲဝင်ခဲ့တယ်။ ပြည်သူအများရဲ့ အားပေးထောက်ခံမှုကို သူရခဲ့ပြီး ဘရာဇီးနိုင်ငံရဲ့(၃၅)ဦး မြောက်သမ္မတ
ဖြစ်လာခဲ့တယ်။ သူဟာ ဘရာဇီးသမိုင်းမှာ ပထမဦးဆုံး အလုပ်သမားကနေ သမ္မတဖြစ်လာသူဖြစ်တယ်။ (၂ဝဝ၆)ခုနှစ်မှာ
ဒုတိယအကြိမ် သမ္မတအဖြစ် သူဆက်လက်အရွေးခံခဲ့ရပြန်တယ်။


သူသမ္မတဖြစ်တဲ့ (၈)နှစ်အတွင်းမှာ သူပြောခဲ့တဲ့ကတိအတိုင်း လက်တွေ့အကောင်ဖော်ခဲ့တယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့
၉၃% သောကလေးငယ်တွေနဲ့ ၈၃% သော အရွယ်ရောက်သူတွေကို တစ်နေ့သုံးနပ်မှန်စေခဲ့တယ်။ သူ့ရဲ့ဦးဆောင်မှု
အောက်မှာ ဘရာဇီးနိုင်ငံကို “မြက်စားတဲ့ ဒိုင်နိုဆော” ဘဝကနေ “အမေရိကားတိုက်ရဲ့ ခြင်္သေ့” အဖြစ် တစ်ကမ္ဘာလုံးရဲ့
၁ဝနိုင်ငံမြောက် စီးပွားရေးနိုင်ငံကြီး ဖြစ်စေခဲ့တယ်။


သူကတော့ တခြားသူမဟုတ်ပါဘူး။
(၂ဝ၁ဝ)နှစ်ကုန်ပိုင်းမှာ သမ္မတအဖြစ်က တာဝန်ရပ်နားခဲ့တဲ့ ဘရာဇီးသမ္မတာဟောင်း Luiz Inacio Lula da Silva ပဲ
ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ဘယ်တော့မှ လက်မလျော့နဲ့.. သူတစ်ပါးကိုလည်း ဘယ်တော့မှ မစွန့်လွှတ်ပါနဲ့တဲ့။

Luiz Inacio Lula da Silva

တော်ထက်တဲ့ တစ်ကိုယ်ကောင်းဆန်ခြင်းက တစ်ပါးသူကောင်းစားရေးအတွက်ပါ။
သူတစ်ပါးကို ကူညီနေစဉ်အတောအတွင်းမှာ သင် ဘုရားဖြစ်လာလို့ပါပဲ။
သူတစ်ပါးကို ဂရုစိုက်လေလေ ကိုယ့်ကိုယ်ကို စိုးရိမ်ပူပန်စိတ် နည်းလေလေ တဲ့ —-
Dalai Lama က ဟောခဲ့ပါတယ်။

ဒီ ပုံပြင်လေးကို အတုယူနိုင်ပါစေ

ဟိုးရှေးရှေးတုန်းကပေါ့ကွယ်…


ဘုန်းတော်ကြီးတစ်ပါးက တပည့်ကိုရင်လေးနှစ်ပါးကို တစ်ဘက်ရွာကဘုန်းတော်ကြီးကို ဆွမ်းစားဖိတ်ခိုင်းတယ်တဲ့လေ..
ဒီလိုနဲ့ကိုရင်လေးနှစ်ပါးလည်း ကျောင်းထိုင်ဆရာတော်ကြီးရဲ့အမိန့်ကိုနာခံတာကြောင့် တစ်ဘက်ရွာကိုသွားခဲ့ပါတယ်တဲ့…
တစ်ရွာနဲ့တစ်ရွာကူးနဲ့လမ်းခုလတ်မှာ…တံတားလေးတစ်စီးရှိတယ်လေ.. ကံဆိုးချင်တော့…အဲဒီတံတားလေးက ကျိုးနေ
တယ်လေ… ချောင်းကိုဖြတ်ကူးမှရတော့မှာပေါ့…။


တံတားအနီးလည်းရောက်ရော…ငိုနေတဲ့မိန်းမငယ်လေး တစ်ယောက်ကို ကိုရင်လေးနှစ်ပါးတွေ့ခဲ့တယ်လေ…
အကျိုးအကြောင်းလည်းမေးကြည့်ရော…ချောင်းကိုဖြတ်မကူးရဲလို့ ငိုနေမိကြောင်း မမှောင်ခင် တစ်ဘက်ရွာက
ဆေးဆရာကိုသွားပင့်ရမှာ ဖြစ်ကြောင်း ပြောပြတယ်တဲ့လေ…


ကိုရင်လေးနှစ်ပါးထဲက တစ်ပါးက ခါးတောင်းကျိုက်ပြီးစောနက မိန်းကလေးကိုကျောပိုးပြီး ကူးသွားသတဲ့…။
ကျန်နေတဲ့ကိုရင်လေးက အံ့သြတကြီးကြည့်ပြီးစိတ်ထဲမှာ…ကျောင်းထိုင်ဆရာတော်ကြီးနဲ့ တိုင်ပြောမယ်လို့ တွေးထား
သတဲ့လေ..။ ဒီလိုနဲ့ကျောင်းလည်းပြန်ရောက်ရော…သူတွေးထားတဲ့အတိုင်းပြန်တိုင်ပြောသတဲ့..။


ဆရာတော်ကြီးကကူညီပေးတဲ့ကိုရင်လေးကို မေးမြန်းကြည့်တော့…


**တင်ပါ့ဘုရား….တပည့်တော် မိန်းကလေးတစ်ယောက်ကို ခုလိုမကူညီသင့်ဘူးဆိုတာ သိပါတယ်ဘုရား..
ဒါပေမယ့်…တပည့်တော်မှာ အဲဒီလိုကူညီလို့ ၀ိနည်းမလွတ်တဲ့အပြစ်မရှိပါဘူး ဘုရား..... ဘာလို့လဲဆိုတော့
တပည့်တော်စိတ်ထဲမှာ.. ဒုက္ခရောက်တာကို ကူညီချင်တဲ့စိတ်ပဲရှိလို့ပါ ဘူရား...


**တကယ်တမ်းအပြစ်ရှိတာက တစ်ချိန်လုံးတစ်လမ်းလုံး… သူတပါးကို မကောင်းစိတ်မွေးပြီး သူတစ်ပါးဆူခံရပါစေလို့ 
တွေးတောကြံစည်လာတဲ့ ဟိုကိုယ်တော်ကသာ အပြစ်ရှိတာပါဘုရား**


ဆုံးမမလို့ ကြိမ်ကိုင်ထားတဲ့ ဆရာတော်ကြီး ဘယ်သူ့ ကိုရိုက်မယ် ထင်သလဲ....... သူငယ်ချင်းတို့ရေ…


ဒါကတော့…သေသေချာချာလေးတွေးကြည့်ုပြီး… အဖြေညှိကြည့်နော်…


(ဒီပုံပြင်လေးကနေ..လက်ရှိ လူ့ ဘ၀ရဲ့ဖြစ်ရပ်လေးတွေနဲ့ ချိန်ဆလို့ ညှိယူတတ်ကြပါစေ…)

Oct 27, 2012

ပညာတတ်တော့မှဖြစ်မယ်

ပညာတတ်မှ ဖြစ်တော့မယ်ဗျာ....
သည်ခေတ်ကြီးမှာ ပြိုင်ဆိုင်ရမှာက အတွေ့အကြုံ။ တရုတ်ပြည် ကန်တုန်မှ ဘဏ်ကို ဝင်တိုက်သော ဓါးပြတွေ.........
"အားလုံးမလှုပ်နဲ့  ပိုက်ဆံက အစိုးရဟာ၊ အသက်က မင်းတို့ဟာ။" ဟု တရားသဘော ဆန်ဆန် အော်ဟစ်လိုက်သည်နှင့်တပြိုင်နက်၊ ဘဏ်ဝန်ထမ်း အားလုံးငြိမ်သက်စွာ ဝမ်းလျားမှောက်လျက် နေကြ ကုန်၏။ 
ထိုးအချိန် ဓါးပြက စားပွဲပေါ် ပက်လက် လေးလှန်ကာ လှဲလျောင်းနေရှာသော ဘဏ်စာရေးမလေးကို တစ်ချက်လှမ်းကြည့်ရင်း "အမြင်မတော်တွာ၊ သိမ်သိမ်မွေ့မွေ့လေး နေစမ်း၊ ဒါဓါးပြတိုက်တာ မုဒိမ်းလာကျင့်တာ မှုတ်ဘူး။ အိမ်ပြန်ရောက်ပြီးနောက်၊ M.sc ဘွဲ့ရ ဓါးပြပေါက်စလေးက "
"ဆရာ ...တိုက်ရတဲ့ပိုက်ဆံရေတွက်ရအောင်..။" မူလတန်းသာအောင်သော ဓါးပြဗိုလ် ပြောလိုက်သည်မှာ "တော်တော် နုံချာတဲ့ကောင်၊ ဒီလောက်များတဲ့ ဥစ္စာ ဘယ်အချိန်ထိ ရေတွက်နေရမှာလဲကွာ၊ ဒီည TV သတင်း စောင့် နားထောင်ကြည့်ရင် သိရောပေါ့။ "ဓါးပြထွက်ခွာသွားပြီးနောက် ဘဏ်ဥက္ကဌက "သွား မြန်မြန်ရဲသွားတိုင်စမ်း။" ဘဏ်မန်နေဂျာ လှည့်ထွက်မည်အပြုမှာ ဘဏ်ဥက္ကဌ အလျင်စလို ထပ်ပြောလိုက်သည်မှာ "နေဦး.... တလောတုန်းက ငါတို့ အလွဲသုံးစားထားတဲ့ သန်း ၅၀ ပါ တစ်ခါထဲ ပေါင်းထည့် ပလိုက်ကွာ" ဘဏ်မန်နေဂျာက အဓိပ္ပါယ်ပါပါ တစ်ချက်ခိုးပြုံးကာ ဆက်ပြောလိုက်သည်မှာ "တစ်လ တစ်ခါ လာတိုက်ရင် သိပ်ကောင်းမှာကွာ..." နောက်တနေ့ ဘဏ်ယွမ်ငွေ သန်း ၇၀ ဓါးပြတိုက်ခံရကြောင်း TV သတင်းအရ ကြားသိရ၏။ ဓါးပြတွေ အဖန်တလဲလဲ ရေတွက်ကြည့်လည်း သန်း ၂၀ မျှ သာရှိသည် ဓါးပြဗိုလ်အော်လဲလိုက်သည်မှာ "တောက် ငါအသက်ကို ဖက်နဲ့ထုပ်ပြီး တိုက်တာတောင်မှ သန်း ၂၀ ပဲရတယ် ဘဏ် ဥက္ကဌက ပါးစပ်ဖျားလေး လှုပ်လိုက်ရုံနဲ့ သန် ၅၀ အမတ်ပေါ်သွားပြီ။ ဒီခေတ်ကြီးကြည့်ရတာ ပညာ တတ်တော့မှရမယ်ဗျာ..။"

ပါရမီ (၁၀) ပါး

ပါရမီ ဆယ်ပါး ..............

(၁) ဒါနပါရမီ -

မိမိပိုင်သက်ရှိသက်မဲ့ ပစ္စည်းများကို သူတစ်ပါးအား လှူဒါန်းပေးကမ်းစွန့်ကြဲမှုကို ဖြည့်ကျင့်ခြင်း။

(၂) သီလပါရမီ -

အကုသိုလ်မဖြစ်အောင် ကိုယ်နှုတ်တို့ကို စောင့်ထိန်းခြင်း၊တနည်းအားဖြင့် ငါးပါးသီလ ၊ ရှစ်ပါး သီလ စသည့် စောင့်ထိန်းမှုကို ဖြည့်ကျင့်ခြင်း။

(၃) နေက္ခမ္မပါရမီ -

လောကီအာရုံ ကာမဂုဏ်များကို မစုံမက်ဘဲစွန့်ခွါ၍ တစ်ကိုယ်တည်း ရသေ့ရဟန်းပြုလိုခြင်း (တောထွက်ခြင်း)အမှုကို ဖြည့်ကျင့်ခြင်း။

(၄) ပညာပါရမီ -

ဥာဏ်ပညာတိုးပွားရင့်ကျက်မှုကို ဖြည့်ကျင့်ခြင်း။

(၅) ၀ီရိယပါရမီ -

ဇွဲလုံ့လစွမ်းပကားကြီးမားစေရန် မတွန့်မဆုတ်အားထုတ်မှုကို ဖြည့်ကျင့်ခြင်း။

(၆) ခန္တီပါရမီ -

သည်းခံခွင့်လွှတ်မှုကို ဖြည့်ကျင့်ခြင်း။

(၇) သစ္စာပါရမီ -

အမှန်အတိုင်းပြောဆို၍ ပြောသည့်အတိုင်း လိုက်နာပြုကျင့်မှုကို ဖြည့်ကျင့်ခြင်း။

(၈) အဓိဋ္ဌာန်ပါရမီ -

စိတ်ဆုံးဖြတ်ထားသည့်အတိုင်း ခိုင်မြဲစွာ လိုက်နာကျင့်သုံးမှုကို ဖြည့်ကျင့်ခြင်း။

(၉) မေတ္တာပါရမီ -

သူတစ်ပါးကြီးပွားချမ်းသာစေလိုသော စိတ်ထားရှိမှုကို ဖြည့်ကျင့်ခြင်း။

(၁၀) ဥပေက္ခာပါရမီ -

သူတစ်ပါးအား မုန်းလည်းမမုန်း ၊ ချစ်လည်းမချစ် ၊ဘက်မလိုက် မျှမျှ တတ အလယ်တည့် မတ်သော စိတ်ထားရှိမှုကို ဖြည့်ကျင့်ခြင်း။

ပါရီမီ ၁၀-ပါး၊အပြား-၃၀

မိမိခန္ဓာကိုယ် နှင့် ဆက်စပ်မှုမရှိဘဲ သား၊မယား၊ရွှေ၊ငွေ အစရှိသော သက်ရှိ သက်မဲ့ ပစ္စည်းများကို စွန့်လွှတ်၍ဖြည့်ကျင့်ခြင်းသည် "မူလပါရမီ" ဖြစ်သည်။


~~~ ဓမ္မ မိတ်ဆွေ သူတော်စင်အပေါင်း ကျန်းမာ ရွှင်လန်း ငြိမ်းအေးနိုင်ကြပါစေ ~~~
Reference and Credit to ^..^
http://www.facebook.com/youngbuddhistassociation.mm?ref=stream

အေးချမ်းမွန်မှ News of Myanmar တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :News of Myanmar
 
 
ပါရမီ ဆယ်ပါး ..............

(၁) ဒါနပါရမီ -

မိမိပိုင်သက်ရှိသက်မဲ့ ပစ္စည်းများကို သူတစ်ပါးအား လှူဒါန်းပေးကမ်းစွန့်ကြဲမှုကို ဖြည့်ကျင့်ခြင်း။

(၂) သီလပါရမီ -

အကုသိုလ်မဖြစ်အောင် ကိုယ်နှုတ်တို့ကို စောင့်ထိန်းခြင်း၊တနည်းအားဖြင့် ငါးပါးသီလ ၊ ရှစ်ပါး သီလ စသည့် စောင့်ထိန်းမှုကို ဖြည့်ကျင့်ခြင်း။

(၃) နေက္ခမ္မပါရမီ -

လောကီအာရုံ ကာမဂုဏ်များကို မစုံမက်ဘဲစွန့်ခွါ၍ တစ်ကိုယ်တည်း ရသေ့ရဟန်းပြုလိုခြင်း (တောထွက်ခြင်း)အမှုကို ဖြည့်ကျင့်ခြင်း။

(၄) ပညာပါရမီ -

ဥာဏ်ပညာတိုးပွားရင့်ကျက်မှုကို ဖြည့်ကျင့်ခြင်း။

(၅) ၀ီရိယပါရမီ -

ဇွဲလုံ့လစွမ်းပကားကြီးမားစေရန် မတွန့်မဆုတ်အားထုတ်မှုကို ဖြည့်ကျင့်ခြင်း။

(၆) ခန္တီပါရမီ -

သည်းခံခွင့်လွှတ်မှုကို ဖြည့်ကျင့်ခြင်း။

(၇) သစ္စာပါရမီ -

အမှန်အတိုင်းပြောဆို၍ ပြောသည့်အတိုင်း လိုက်နာပြုကျင့်မှုကို ဖြည့်ကျင့်ခြင်း။

(၈) အဓိဋ္ဌာန်ပါရမီ -

စိတ်ဆုံးဖြတ်ထားသည့်အတိုင်း ခိုင်မြဲစွာ လိုက်နာကျင့်သုံးမှုကို ဖြည့်ကျင့်ခြင်း။

(၉) မေတ္တာပါရမီ -

သူတစ်ပါးကြီးပွားချမ်းသာစေလိုသော စိတ်ထားရှိမှုကို ဖြည့်ကျင့်ခြင်း။

(၁၀) ဥပေက္ခာပါရမီ -

သူတစ်ပါးအား မုန်းလည်းမမုန်း ၊ ချစ်လည်းမချစ် ၊ဘက်မလိုက် မျှမျှ တတ အလယ်တည့် မတ်သော စိတ်ထားရှိမှုကို ဖြည့်ကျင့်ခြင်း။

ပါရီမီ ၁၀-ပါး၊အပြား-၃၀

မိမိခန္ဓာကိုယ် နှင့် ဆက်စပ်မှုမရှိဘဲ သား၊မယား၊ရွှေ၊ငွေ အစရှိသော သက်ရှိ သက်မဲ့ ပစ္စည်းများကို စွန့်လွှတ်၍ဖြည့်ကျင့်ခြင်းသည် "မူလပါရမီ" ဖြစ်သည်။


~~~ ဓမ္မ မိတ်ဆွေ သူတော်စင်အပေါင်း ကျန်းမာ ရွှင်လန်း ငြိမ်းအေးနိုင်ကြပါစေ ~~~
Reference and Credit to ^..^
http://www.facebook.com/youngbuddhistassociation.mm?ref=stream

အေးချမ်းမွန်မှ News of Myanmar တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :News of Myanmar

ချစ်သောသူဆီသို့


နာကျင်မှုတွေနဲ့ ပြည့်နေတဲ့...
ငါ့နှလုံးသားက
မင်းကိုဆက်ချစ်နေမယ်နော်....
*********************
ငါ့ ရဲ့ နှလုံးသားက...
မင်းကိုချစ်ပါ......
မင်းရဲ့ စည်းစိမ်တွေကိုမချစ်ပါဘူး..
************************
ငါကမင်းကို.... မိုးမြေမသိလောက်အောင်
ချစ်ပေမယ့်....... မင်းငါ့ကို..ငါချစ်သလို မင်းမချစ်ခဲ့ဘူး
ငါရဲ့သဘောကတော့....
မင်းငါ့ကို အံစာ မုန့်တစ်မုန့်စာလောက်ပြန်ချစ်ရင်ရပါပြီ
***************************************
မင်းက....ထွက်သွားမယ်ဆိုပြီး ပါးစပ်ကပြောပေမယ့်...
ငါ့နှလုံးသားနှင့်...ပါးစပ်က.... ပြောမထွက်ခဲ့ပါဘူး....
မင်းကို...မျက်ရည်နဲ့ပဲ...တားခဲ့တယ်....မင်းထွက်သွားတယ်...။
*************************************************
ငါ့....နှလုံးသားက.....
မင်းအတွက် ကစားစရာတစ်ခုဆိုရင်တောင်....
ငါ့ကိုနာကျင်အောင်မလုပ်ပါနဲ့........
************************
ငါ့နှလုံးသားကို........ ဓားနဲ့...
တစ်ခါထဲ ခုတ်ဖြတ်ရင်လဲ ကြွေမှာပဲ
ဖြေးဖြေးချင်းလှီးလဲ ကြွေးမှာပဲ
ဖြေးဖြေးချင်းပဲလှီးပါလား....။
*************************
 မိုးထက်အာကာ

Oct 26, 2012

မိမိကွန်ပျူတာကိုမြန်စေမယ်.နည်းလမ်း ၅မျိုး

သိပြီးသောသူငယ်ချင်းများကတော.ကျေးဇူးပြုပြီးငြိမ်ငြိမ်လေးနေပေးကြပါခင်ဗျာ..
မသိသေးတဲ့သူငယ်ချင်းများအတွက်နည်းနည်းတော.အသုံးဝင်မလားလို.ပါ...ခိ
ကဲ..ဒီလိုလေးတွေပါဗျာ..လုပ်ကြည်.လိုက်ပါအုံး
အရင်ဦးဆုံးမိမိစက်ပေါ်ကRun boxကိုဝင်လိုက်ပါwindow+R နဲ.စဖွင်.ရင်လည်းရပါတယ

ပြီးရင်တော.ဒီလိုလေးတွေလိုက်လုပ်ပါဗျာ
၁။temp  ကို ရိုက်select all(ctrl+A)ပြီးရင်(shift+delete..
၂။%tem% ကို ရိုက် select all(ctrl+A)ပြီးရင်(shift+delete.
၃။prefetch ကိုရိုက်  select all (ctrl+A) ပြီးရင် (shift+delete
၎။recent  ကိုရိုက် selete all (ctrl+A)  ပြီးရင် (shift+delete
၅။cookies  ကိုရိုက် selete all(ctrl+A) ပြီးရင် (shift+delete
ကဲ သူငယ်ချင်းများအားလုံးပဲအဆင်ပြေကြပါစေဗျာ..
မှတ်ချက်။    ။wedတစ်မှပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။

နှလုံးသားအတွက် တစ်သက်တာ အာဟာရ

နှလုံးသားအတွက် တစ်သက်တာ အာဟာရ

အတန်းထဲက

အမှတ်မထင် လေ့ကျင့်ခန်းလေးသည်
တစ်သက်တာ မမေ့နိုင်စရာ
သင်တန်းစာတစ်ခု ဖြစ်သွားခဲ့သည်။

သူ့နာမည် မာ့ခ် အက္ကလွန်း။ သူက တကယ့်ကို ရှားရှားပါးပါး လူစားမျိုး။
မင်နီဆိုတားပြည်နယ်၊ မောရစ်မြို့ကလေးရှိ စိန့်မေရီကျောင်းမှာ တတိယတန်းကလေးတွေ စာသင်ပေးရစဉ် သူ့ကို ကျွန်မ စ,တွေ့ခဲ့ရခြင်း ဖြစ်သည်။ အတန်းသား ၃၄ ယောက်လုံးပင် အလွန်ချစ်စရာ ကောင်းလှသည်။ သည်အထဲမှာ မာ့ခ်က ပို၍ ထူးထူးခြားခြား။
လူက အလွန်သပ်ရပ် သန့်ပြန့်သည်။ အမြဲရွှင်ရွှင်ပျပျ တက်တက်ကြွကြွ ရှိသည်။ တခါတလေ သူ ဆိုးတတ်သည်။ သို့သော် ဆိုးတာလေးသည်ပင် ရယ်ရွှင်ချင်စရာ။
သူက စကားလည်း အလွန်များသည်။ ဘယ်တော့မှ ပါးစပ်ပိတ်မနေနိုင်။ အတန်းထဲမှာ ဆရာမ ခွင့်ပြုချက်မရဘဲ စကားပြောလျှင် အပြစ်ဖြစ်ကြောင်း သူ့ကို ခဏခဏ သတိပေးရသည်။ သို့သော် သူနှင့်ပတ်သက်၍ ကျွန်မအထင်ကြီးမိတာ တစ်ခုတော့ရှိသည်။ အဲဒါက သူ့ကို အပြစ်ဒဏ်ပေးသည့် အခါတိုင်း "ကျွန်တော့်ကို ဆုံးမတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာမ" ဟူ၍ တကယ့်အရိုးခံနှင့် ပြန်လည်ပြောဆိုတတ်ခြင်း ဖြစ်သည်။ အစတွင်တော့ သူ့စကားက နားထဲမှာ တစ်မျိုးကြီး ဖြစ်နေသည်။ နောက်တော့လည်း နေ့စဉ် အကြိမ်ပေါင်းများစွာ ကြားရကာ တဖြည်းဖြည်း ရိုး၍သွားသည်။
တစ်နေ့နံနက်မှာတော့ မာ့ခ်ကို စကားမပြောဖို့ပြောရတာ အကြိမ်ပေါင်း များလွန်းသဖြင့် ကျွန်မ စိတ်မရှည်ဖြစ်ကာ ဆရာမပေါက်စများ ထုံးစံအတိုင်း အမှားကိုကျူးလွန်မိသည်။ မာ့ခ်ကိုစေ့စေ့ကြည့်ကာ "နောက်ထပ် စကားတစ်ခွန်းပြောရင် မင်းပါးစပ်ကို ပလတ်စတာတာနဲ့ ကပ်ထားမယ်" ဟူ၍ ပြောလိုက် မိခြင်းပင်။
ဆယ်စက္ကန့်မျှပင် မကြာပါ။ "မာ့ခ် စကားပြောနေပြန်ပြီ" ဟု ချပ်က လှမ်းတိုင်သည်။ အတန်းသား များအား မာ့ခ်ကို စောင့်ကြည့်ပေးရန် ကျွန်မ အကူအညီ တောင်းထားသည်တော့ မဟုတ်။ သို့သော် မာ့ခ် နောက်ထပ် စကားပြောလျှင် ဘယ်လိုအပြစ်ပေးမည်ဆိုတာ အားလုံးရှေ့မှာ ကျွန်မကြေငြာမိခဲ့ပြီးဖြစ်ရာ ယခု ပြစ်မှုကျူးလွန်ပြီဆိုတော့ ကျွန်မ အပြစ်မပေးဘဲ နေ၍မဖြစ်တော့။
အဲသည်တုန်းကအကြောင်းကို သည်ကနေ့မနက်မှ ဖြစ်ပျက်ခဲ့သလို ကျွန်မမျက်စိထဲတွင် ပြတ်ပြတ် ထင်ထင် မြင်နေဆဲဖြစ်သည်။ စားပွဲဆီသို့ ကျွန်မလျှောက်သွားသည်။ အံဆွဲကို ဖြည်းဖြည်းချင်းဖွင့်သည်။ အထဲက ပလတ်စတာခွေကို ယူသည်။ အစ နှစ်စ ညှပ်သည်။ ပြီးနောက် မာ့ခ်ပါးစပ်မှာ ကြက်ခြေခတ် ကပ်ထားလိုက်ပြီး အတန်းရှေ့ပြန်ရောက်လာသည်။
သူဘယ်လိုနေသလဲ လှမ်းကြည့်လိုက်တော့ သူက မျက်စိမှိတ်ပြသည်။
"မှတ်ကရော…အခုတော့ စကားမပြောနိုင်တော့ဘူး မဟုတ်လား" ဟု တွေးကာ သူ့ကိုကြည့်ပြီး ကျွန်မ ရယ်နေမိသည်။ ကျွန်မသူ့ဆီပြန်သွားကာ ပလတ်စတာတွေ ပြန်ခွာပေးလိုက်တော့ တစ်ခန်းလုံး သြဘာသံတွေ ညံသွားသည်။ ပါးစပ်လည်း ဟ၍ရရော သူပြောလိုက်သည့်စကားက ထုံးစံအတိုင်း " ကျွန်တော့်ကို ဆုံးမတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာမ" ဟူ၍ပင်။
နောက်နှစ်မှာ ကျွန်မ အလယ်တန်း (Junior High) အဆင့်တက်ကာ သချာင်္ဘာသာ သင်ရသည်။ နှစ်တွေက အလျင်အမြန်ကုန်လွန်ခဲ့ရာ ဘာမျှပင် ကြာသည်မထင်လိုက်ရဘဲ မာ့ခ်တစ်ယောက် ကျွန်မ အတန်းသို့ ရောက်လာပြန်သည်။ လူက အရင်ကထက် ပိုချောလာသည်။ အပြောအဆိုက အရင်အတိုင်း ယဉ်ကျေးဆဲပင်။ သို့သော် ကိုးတန်းမှာ ကျွန်မသင်သည့် သချာင်္သစ်က အတော်ကြိုးစားပြီး လိုက်ရသည် ဖြစ်ရာ မာ့ခ်တစ်ယောက် အရင်ကလို စကားများများ မပြောနိုင်ခဲ့။
တစ်ခုသော သောကြာနေ့တွင်မူ အခြေအနေက နည်းနည်း ပိုဆိုးနေခဲ့သည်။ အဲသည် ရက်သတ္တပတ်တစ်ခုလုံး သချာင်္သစ် သင်ခန်းစာတစ်ခုကို အတန်းသားများ အကြိတ်အနယ် ကြိုးပမ်း တွက်ချက်ခဲ့ရသည်။ သင်ခန်းစာကခက်တော့ ကလေးတွေ စိတ်ပင်ပန်းကာ တစ်ဦးအပေါ်တစ်ဦးလည်း ခါတိုင်းလို သည်းညည်းမခံနိုင်ဘဲ အလွယ်တကူ စိတ်တိုနေကြသည်။ သို့နှင့် အခြေအနေတွေ သည့်ထက် ဆိုးရွားမသွားမီ ထိန်းသိမ်းရန် အစီအစဉ်တစ်ခု ကျွန်မပြုလုပ်သည်။
ကျွန်မအစီအစဉ်က အတန်းသားတစ်ဦးချင်းအား မိမိအတန်းဖော်များအမည်ကို တစ်ခုနှင့်တစ်ခု နည်းနည်းစီချဲ၍ တန်းစီလျက် ဗလာစာရွက်တွင် ရေးချစေသည်။ ထို့နောက် အမည်တစ်ခုစီ၏အနီးတွင် ချန်ထားသည့် ကွက်လပ်အသီးသီး၌ ၄င်းအတန်းဖော်သူငယ်ချင်းနှင့် ပတ်သက်၍ မိမိမြင်သည့် အကောင်းဆုံးအချက် တစ်ခုစီကို စဉ်းစားရေးသားကြစေသည်။ ထိုနေ့က ကျန်ရှိသည့် စာသင်ချိန်လေးမှာ ၄င်းထင်မြင်ချက်များ ရေးသားကြရင်းပင် ကုန်ဆုံးသွားသည်။ အတန်းပြီးသည့်အခါ ကျောင်းသူကျောင်းသား အားလုံး သူတို့စာရွက်ကလေးတွေ ကိုယ်ဆီ ကျွန်မဆီအပ်ပြီး ပြန်ကြသည်။ ချပ်က ကျွန်မကို ပြုံးပြ သွားသည်။ မာ့ခ်ကတော့ ထုံးစံအတိုင်း "ကွန်တော့်ကို ဆုံးမတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ အားလပ် ရက်မှာ ဆရာမ ပျော်ရွှင်ပါစေ" နှုတ်ဆက်သည်။
အဲသည် စနေနေ့မှာ ကျောင်းသားကျောင်းသူတစ်ဦးစီ၏ အမည်ကို စာရွက်လွတ် တစ်ရွက်စီ ထိပ်တွင် ကျွန်မ ရေးထိုးပြီးနောက် ၄င်းတစ်ဦးစီနှင့် ပတ်သက်သည့် အတန်းဖော်သူငယ်ချင်းအသီးသီးတို့၏ မှတ်ချက်များကို စီတန်း၍ ရေးချသည်။ တချို့အတွက် တစ်ရွက်ရေးရသည်။ တချို့အတွက် နှစ်ရွက်။
တနလာင်္နေ့ ရောက်သောအခါ အဲသည်စာရွက်များကို သက်ဆိုင်သူအသီးသီးသို့ ကျွန်မ ဖြန့်ဝေ ပေးလိုက်သည်။ သည်စာရွက်တွေဖတ်ကာ မကြာမီပင် တစ်တန်းလုံး ပြုံးလာကြတာ တွေ့ရသည်။
"ဟယ်…တကယ်လား၊ ငါက သူများတွေ ဒီကိစ္စ သတိထားမိမယ်တောင် မထင်ဘူး"
"ငါ့ကို သူများတွေ ဒီလောက် သဘောကျလိမ့်မယ်လို့ လုံးဝထင်မထားဘူး"
စသည့် တီးတိုး မှတ်ချက်သံများ ကျွန်မကြားရသည်။
သို့သော် နောက်ပိုင်းမှာတော့ သည်စာရွက်များနှင့် ပတ်သက်၍ မည်သူ့ထံကမျှ စကားတစ်ခွန်း တစ်ပါဒ မကြားရတေ့ပါ။ စာသင်ချိန်အပြီးမှာ သူတို့အချင်းချင်း ဆွေးနွေးပြောဆိုကြတာ၊ ဒါမှမဟုတ် အိမ်မှာ မိဘများကို ပြကြ ပြောကြတာတွေတော့ ရှိလေမလား မပြောတတ်ပါ။
သို့သော် အဲသည် ဝေဖန်ဆွေးနွေးမှုတွေ ရှိ၊ မရှိဆိုတာက အရေးမကြီးပါ။ အရေးကြီးသည်က သည်စာရွက်တွေ ပေးလိုက်ပြီးသည့်နောက်ပိုင်း သူတို့တစ်တွေ ပြောင်းလဲသွားခြင်း ဖြစ်ပါသည်။ အတန်းသူ အတန်းသားတွေအားလုံး ရွှင်ရွှင်ပျပျ ဖြစ်လာကြပြီး တစ်ဦးကိုတစ်ဦးလည်း ယခင်ကနည်းတူ ခင်ခင်မင်မင် ပြန်လည် ဆက်ဆံလာကြပါသည်။
သည်လိုဖြင့် အချိန်တန်တော့လည်း မာ့ခ်တို့အုပ်စု ကျွန်မလက်ကထွက်ကာ အတန်းသစ် အဆင့်ဆင့်တွေ တက်သွားကြပါသည်။
ကြားမှာ နှစ်ပေါင်း အတော်ကြာခဲ့သည်။ တစ်နေ့ ကျွန်မ အပန်းဖြေခရီးမှ ပြန်လာတော့ မိဘများက ကျွန်မကို လေဆိပ်မှာ လာကြိုကြသည်။ အိမ်သို့အသွား ကားပေါ်တွင် ရာသီဥတုအကြောင်း၊ ကျွန်မ ခရီးစဉ် အတွေ့အကြုံများ အကြောင်းတွေ မေးမြန်းပြောဆိုလာကြရင်း စကားစ နည်းနည်း ပြတ်သွားချိန်တွင် အမေက အဖေ့ဘက်လှည့်ကာ အချက်ပေးသည့်လေသံဖြင့် "အဖေကြီး" ဟု ဆိုလိုက်သည်။ အဖေက ချောင်းတစ်ချက်ဟန့်ကာ စကားစ,သည်။
"အက္ကလွန်းမိသားစု ညတုန်းက ဖုန်းဆက်တယ်"
"ဟုတ်လား၊ သူတို့နဲ့ အဆက်အသွယ် ပျက်နေတာတောင် နှစ်ပေါင်းကို မနည်းဘူး ကြာပြီနော်၊ မာ့ခ် တစ်ယောက်လည်း ဘယ်လိုနေသလဲ မသိဘူး" ကျွန်မက ပြန်ပြောလိုက်မိသည်။
အဖေက တည်ငြိမ်စွာပင် ဆက်ပြောသည်။
"မာ့ခ် ဗီယက်နမ်မှာ ကျသွားတယ်…၊ နက်ဖြန် သင်္ဂြိုဟ်မှာ၊ သူတို့မိသားစုက သမီးကို အသုဘ လိုက်ပို့စေချင်ကြတယ်"
သည်ကနေ့တိုင်အောင်ပင် အဖေ ကျွန်မအား မာ့ခ် ကွယ်လွန်သည့်သတင်းကို လမ်းမကြီးပေါ်က ဘယ်နေရာမှာ ပြောပြခဲ့သည်ဆိုတာ ကျွန်မ တိတိကျကျ အမှတ်ရနေဆဲ ဖြစ်သည်။
စစ်သည်တော်တစ်ဦး၏ ရုပ်အလောင်းဟာ စစ်ဘက်ဆိုင်ရာ အဆောင်အယောင် အခမ်းအနား များနှင့် ပြင်ဆင်နေရာချထားပုံကို ကျွန်မတစ်ခါမျှ မကြည့်မမြင်ဖူးပါ။ မာ့ခ်၏ ရုပ်သွင်က တကယ်ပင် ရင့်ကျက်ခန့်ညား၍ နေသည်။ ကျွန်မရင်ထဲတွင်ကား မာ့ခ်ရယ်…မင်းသာ စကားပြောနိုင်မယ်ဆိုရင် တစ်ကမ္ဘာလုံးမှာရှိတဲ့ ပလတ်စတာတွေအားလုံး ငါပေးပစ်လိုက်မှာပါ ဟူ၍သာ ပြောဆိုနေမိခဲ့သည်။
အဲသည်နေ့က ဘုရားရှိခိုးကျောင်းမှာ မာ့ခ်၏ သူငယ်ချင်းတွေ အပြည့် ရောက်ရှိနေသည်။ ချာလီ၏ ညီမက တေးသီချင်း သီဆိုသည်။ သင်္ချိုင်းနေရာဘေးမှာ အနေရခက်လှသည့်အထဲ မိုးက ရွာချပြန်သည်။ ဘုန်းတော်ကြီးက ထုံးစံအတိုင်း ဆုတောင်းပတ္တနာ ပြုပြီးနောက် စစ်သည်တော်တစ်ဦးက ခရာမှုတ်သည်။
ထို့နောက် မာ့ခ်ကို ချစ်ခင်ကြသူများ သူ့ခေါင်းတလားအနီးသို့ နောက်ဆုံးအကြိမ်အဖြစ် ချဉ်းကပ် ဖြတ်သန်းကြကာ သန့်ရှင်းရေး ရေစင်တော် ဖျန်းပတ်ကြသည်။
အားလုံးနောက်တွင်မှ ကျွန်မ မာ့ခ်ရုပ်ကလာပ်ကို ကောင်းချီးမင်္ဂလာပေးသည်။ ခေါင်းတလားအနီး ကျွန်မရပ်နေဆဲ စောစောက ခေါင်းထမ်းရာတွင် ပါဝင်သည့် စစ်သားလေးတစ်ယောက် အနားကပ်လာကာ "မာ့ခ်ရဲ့ သင်္ချာဆရာမလား ခင်ဗျာ…" ဟု မေးသည်။ ကျွန်မက ခေါင်းညိတ်ပြကာ ခေါင်းတလားကိုပင် မမှတ်မသုန် ကြည့်နေမိသည်။ "ဆရာမအကြောင်း သူ အမြဲပြောတယ်" သူက ဆက်ပြောနေသည်။
ဈာပနအခမ်းအနား ပြီးသည့်နောက် မာ့ခ်နှင့်တစ်တန်းတည်း တက်ခဲ့သည့် သူငယ်ချင်းတစ်သိုက် ချာလီ၏ လယ်တောအိမ်သို့ နေ့လယ်စာစားရန် သွားရောက်ကြသည်။ အဲသည်မှာ မာ့ခ်၏ အဖေနှင့် အမေလည်း ရောက်နေကြသည်။ ကျွန်မအား တွေ့ရန် စောင့်ဆိုင်းနေကြခြင်းပင်။
"ဆရာမကို ပြစရာတစ်ခုရှိတယ်" မာ့ခ်၏ အဖေက ဆိုကာ သူ့ပိုက်ဆံအိတ်ကို ထုတ်သည်။
"မာ့ခ် ကွယ်လွန်တဲ့အချိန် သူ့ကိုယ်ပေါ်မှာ ဟောဒီဟာလေး တွေ့ရတယ်လို့ ဆိုတယ်၊ ဆရာမ မှတ်မိလိမ့်မယ်လို့ ထင်ပါတယ်"
သူက ပိုက်ဆံအိတ်ကိုဖွင့်ကာ နွမ်းကြေစုတ်ပြတ်နေပြီဖြစ်သည့် ဗလာစာရွက်နှစ်ခုကို ဂရုစိုက် ထုတ်ယူသည်။ စက္ကူစများက ဖြန့်လိုက်ခေါက်လိုက် လုပ်ဖန်များသဖြင့် ခေါက်ရိုးနေရာမှ ပြတ်တောက်ကာ တိတ်စများနှင့်ပင် အကြိမ်ကြိမ် ပြန်ကပ်ထားခဲ့ရပုံ ပေါ်နေသည်။ ကျွန်မ သေသေချာချာပင် ကြည့်စရာ မလိုပါ။ အတန်းဖော် သူငယ်ချင်းများရေးသည့် မာ့ခ်အကြောင်း အကောင်းဆုံးမှတ်ချက်တွေကို စုစည်းပေး ထားသည့် မှတ်တမ်းစာရွက်များ ဖြစ်ကြောင်း ကျွန်မသိပါသည်။
"ဒီအတွက် ဆရာမကို အများကြီး ကျေးဇူးတင်ပါတယ်၊ ဆရာမမြင်တဲ့အတိုင်း သူက ဒီဟာလေးကို သိပ် တန်ဖိုးထားတာ" မာ့ခ်၏ မိခင်က ဆိုရှာပါသည်။
မာ့ခ်၏ အတန်းဖော်တွေ ကျွန်မတို့အနီးသို့ ချဉ်းကပ်လာကြသည်။ ချပ်က ရှက်ပြုံးကလေးပြုံးကာ "ကျွန်တော်လည်း ကျွန်တော့်စာရွက်လေးကို သိမ်းထားပါတယ်၊ အိမ်က ကျွန်တော့်စားပွဲ အပေါ်ဆုံး အံဆွဲထဲမှာ အမြဲရှိတယ်"
"ချာလီကလည်း သူ့စာရွက်ကလေးကို လက်ထပ်ပွဲ အယ်လ်ဘမ်ထဲမှာ ထည့်ထားခိုင်းတာ" ချာလီ၏ ဇနီးက ၀င်ပြောသည်။
"ကျွန်မမှာလဲ ရှိတယ်၊ ဒိုင်ယာရီထဲ ညှပ်သိမ်းထားတယ်" မာရီလင်က ဆိုသည်။
ထို့နောက် နောက်ထပ် အတန်းဖော်တစ်ဦးဖြစ်သူ ဗစ်ကီက လက်ပွေ့အိပ်ထဲမှ ပိုက်ဆံအိတ်ကို နှိုက်ဖွင့်ပြီး သူ့စာရွက် ကြေကြမွမွလေးကို ထုတ်ပြသည်။ "ကျွန်မကတော့ ဒါလေးကို အမြဲ ကိုယ်နဲ့မကွာ ဆောင်ထားတယ်၊ ကျန်တဲ့ သူငယ်ချင်းတွေအားလုံးလည်း သူတို့စာရွက်တွေ ရိုရိုသေသေ သိမ်းထား ကြမှာပါ" ဟူ၍ သူကဆိုသည်။
သည်ဟာတွေ ကြားရပြီးသည့် နောက်တွင်တော့ ကျွန်မ လုံးဝ ထိန်းထားနိုင်စွမ်း မရှိတော့ပါ။ အဲသည်နေရာမှာပင်ထိုင်ကာ ကျွန်မငိုချလိုက်မိပါသည်။ မာ့ခ်အတွက်ရော မာ့ခ်ကို နောက်ထပ် ဘယ်သော အခါမျှ တွေ့နိုင်ကြမှာ မဟုတ်တော့သည့် သူ့သူငယ်ချင်းများအတွက်ပါ ကျွန်မ ငိုလိုက်မိခြင်း ဖြစ်ပါသည်။

[မူရင်း။ ။ Helen P. Mrosla ၏ All The Good Things] (ဖေမြင့် ဘာသာပြန်သည်။)

ကျွန်တော် သိသင့်သမျှ အရာအားလုံး သူငယ်တန်းကတည်းက သင်ခဲ့ပြီးပါပြီ

ကျွန်တော် သိသင့်သမျှ အရာအားလုံး သူငယ်တန်းကတည်းက သင်ခဲ့ပြီးပါပြီ

ဘ၀မှာ ဘယ်လိုနေမည်၊ ဘာတွေလုပ်မည်၊ ဘယ်ပုံဖြစ်ရမည်ဆိုတတွေနှင့် ပတ်သက်၍ ကျွန်တော် သိသင့်သိထိုက်သည့်အရာအများစုကို သူငယ်တန်းမှာကတည်းကပင် ကျွန်တော်သင်ယူခဲ့ရပြီး ဖြစ်သည်။
အသိဉာဏ် အမြော်အမြင်ဟူသည် တက္ကသိုလ်၊ ကောလိပ်ဆိုသည့် တောင်ထပ်ပေါ်မှာ ရှိသည် မဟုတ်၊ မူကြိုကျောင်းက ကလေးကစားသည့် သဲကျင်းထဲမှာပင် ရှိနေပါသည်။
အဲသည်မှာ ကျွန်တော် သင်ခဲ့ သိနားလည်ခဲ့ရတာတွေက အများကြီး။
ဘယ်အရာမဆို အများနှင့် ဝေမျှယူရမည်။
မတရားမလုပ်ရ။
သူတစ်ပါးကို မရိုက်ရ။
ပစ္စည်းတစ်ခု ယူကိုင်ပြီးလျှင် မူလနေရာမှာ ပြန်ထားရမည်။
ကိုယ်ရှုပ်ထားသည့် အမှိုက် ကိုယ့်ဘာသာ ရှင်းရမည်။
ကိုယ့်ဥစ္စာမဟုတ်ဘဲ မယူရ။
ကိုယ့်ကြောင့် တစ်စုံတစ်ယောက် ထိခိုက်နာကျင်သွားလျှင် တောင်းပန်ရမည်။
အစာမစားမီ လက်ဆေးရမည်။
အိမ်သာသွားပြီးလျှင် ရေဆွဲခဲ့ရမည်။
ကွတ်ကီ(ဘီစကစ်)နှင့် နွားနို့သည် ပူပူနွေးနွေး စားသုံးမှ ကောင်းသည်။
ဘ၀ကို မျှတစုံလင်စွာ နေထိုင်ရမည်။
စာနည်းနည်းဖတ်ရမည်။
ဦးနှောက်က နည်းနည်း စဉ်းစားရမည်။
ပုံဆွဲရမည်၊ ဆေးခြယ်ရမည်၊ သီချင်းဆိုရမည်၊ ကရမည်၊ ကစားရမည်၊ အလုပ်လုပ်ရမည်၊အားလုံး နည်းနည်းဆီ နေ့စဉ်လုပ်ရမည်။
ပြီးတော့ …
နေ့လယ်ခင်းမှာ တစ်ရေးအိပ်ရမည်။
အပြင်ထွက်လျှင် ယာဉ်အသွားအလာကိုကြည့်၊ သူငယ်ချင်းနှင့် လက်တွဲ မခွဲမခွာဘဲ ကူးရမည်။
လောကကြီးထဲက အံ့သြစရာတွေကို ကြည့်တတ် မြင်တတ်ရမည်။ ပလက်စတစ်ခွက်ထဲက သစ်စေ့လေးကို သတိရ၊ အမြစ်က အောက်ဘာက်ထိုးဆင်းသွားပြီး ပင်စည်က အပေါ်ထောင်တက် လာခြင်းသည် ဘာကြောင့်လဲ၊ သည်ကိစ္စ ဘယ်သူမျှ အဖြေမပေးနိုင်။ ကျွန်တော်တို့ကိုယ်တိုင်လည်း သည်သစ်စေ့လေးအတိုင်း အံ့သြစရာ။
ပြီး ရွှေငါးလေးတွေ၊ ဟမ္မစတာ ကြွက်ကြီးတွေ၊ ကြွက်ဖြူလေးတွေအပြင် စောစောက ပြောခဲ့သည့် ပလက်စတစ်ခွက်ထဲက သစ်စေ့လေးသည်ပင် တစ်နေ့မှာ သေဆုံးရမည်။ ကျွန်တော်တို့သည်လည်း ထိုနည်းလည်းကောင်း။
အဲသည်နောက် ဒစ်(ခ) (ကောင်လေး) နှင့် ဂျိန်း (ကောင်မလေး) ပါသည့် စာအုပ်အကြောင်း ပြန်ပြောင်းတွေးကြည့်စမ်းပါ။ သင်ပထမဆုံး သင်ရသည့် သင့်အတွက် အကြီးမားဆုံး ဝေါဟာရက ဘာလဲ။
Look ကြည့်ပါ တဲ့။ မှန်သည်။ လိုက်ရှာကြည့်ပါ။
သင်သိချင်သည့်အရာမှန်သမျှ အဲသည်စာအုပ်ထဲ တစ်နေရာရာမှာ ပါသည်။ ကိုယ်ချင်းစာတရား ပါသည်။ ချစ်ခြင်းမေတ္တာ ပါသည်။ သန့်ရှင်းစင်ကြယ်မှု ပါသည်။ လူ၊ တိရစ္ဆာန်၊ သစ်ပင်နှင့် ပတ်ဝန်းကျင်တို့ ဆက်စပ်ရပ်တည်နေပုံကို ပြသည့် ecology သဘောတရားကိုလည်း သူ့အထဲမှာ တွေ့ရမည်။ နိုင်ငံရေး၏ သဘောကိုလည်း တစ်စွန်းတစ်စ ရိပ်စားမိသည်။ အသိဉာဏ်ရှိစွာ အသက်ရှင် နေထိုင်ရန် နည်းလမ်းများလည်း သူပေးထားသည်။
စဉ်းစားကြည့်ပါ။ ကမ္ဘာပေါ်ရှိ ကျွန်တော်တို့ လူသားတွေ အားလုံးသား နေ့လယ် ၃ နာရိမှာ ကွတ်ကီ ပူပူစား၊ နွားနို့ပူပူလေးသောက်ကာ စောင်လေးကိုယ်စီခြုံပြီး တစ်ရေးအိပ်ကြမည်ဆိုလျှင် ကမ္ဘာကြီး ယခုထက် မည်မျှပို၍ အေးချမ်းသွားပါမည်နည်း။
သို့တည်းမဟုတ် ကျွန်တော်တို့ တိုင်းပြည်အသီးသီးမှာ “ကိုယ် ကိုင်မိသည့်ပစ္စည်းကို မူလတွေ့ခဲ့သည့်နေရာမှာ ကိုယ်ပြန်ထားမည်၊ ကိုယ်ရှုပ်သည့်အမှိုက်ကို ကိုယ်ပြန်ရှင်းမည်” ဟူသော မူဝါဒကိုယ်စီ တိတိကျကျ ချထားမည်ဆိုလျှင်ကော သည်ကမ္ဘာကြီး ဘယ်လောက် သာယာလှပ သွားပါမည်နည်း။
ပြီး…စဉ်းစားကြည့်ပါ။ သင်တို့ ကျွန်ုပ်တို့ အသက်အရွယ် ဘယ်မျှရှိသည်ဖြစ်စေ အပြင်လောက ကမ္ဘာထဲထွက်သည့်အခါ လက်ချင်းမြဲမြဲတွဲ၍ မခွဲမခွာ သွားကြမည်ဆိုလျှင် အားလုံးအတွက် မည်မျှ ပျော်ရွှင် ချမ်းမြေ့စရာ ဖြစ်သွားပါမည်နည်း။

[မူရင်း။ ။ Robert Fulghum ၏ All I Really Needed To Know I Learned In Kingdergarten] (ဖေမြင့် ဘာသာပြန်သည်။)

Oct 25, 2012

အားတက်ဖွယ် ဈာပန အခမ်းအနားတစ်ခု

အားတက်ဖွယ် ဈာပန အခမ်းအနားတစ်ခု

ဆရာမ ဒွန်နာ၏ စတုတ္ထတန်းသင်ခန်းစာလေးမှာ မြင်နေကျ အခြားသင်ခန်းစာများနှင့် မခြားလှ။ ကလေးတွေ စာရေးစားပွဲကိုယ်စီနှင့် ထိုင်နေကြသည်။ ခုံတန်း ငါးတန်း၊ တစ်တန်းမှာ ခြောက်ခုံ။ ဆရာမ စားပွဲက အတန်းရှေ့မှာ။ ကျောင်းသားတွေနှင့် မျက်နှာချင်းဆိုင်လျက်။ မှတ်တမ်းဘုတ်မှာ ကလေးတွေ ဆောင်ရွက်နေသည့် ကျောင်းသင်ချန်းစာအမည်ကို ဖော်ပြထားသည်။
ခြုံကြည့်လိုက်လျှင်တော့ သမရိုးကျ မူလတန်းသင်ခန်းစာ တစ်ခန်းလိုပင် ထင်ရသည်။ သို့သော် သည်အခန်းထဲ ၀င်သည်နှင့်ပင် တစ်ခုခုတော့ ထူးခြားသည်ဆိုတာ ကျွန်တော် ခံစားမိလိုက်သည်။ အပေါ်ယံက ငြိမ်သက်နေသော်လည်း ကလေးတွေအားလုံး စိတ်လှုပ်ရှား တက်ကြွနေကြသည်ပဲ။
ဒွန်နာက လုပ်သက်ရင့် ဆရာမကြီးတစ်ယောက် ဖြစ်သည်။ အငြိမ်းစားယူရန် နှစ်နှစ်မျှသာ လိုတော့သည်။ သူက ပုံမှန် သင်ကြားရေးအလုပ်အပြင် ကျွန်တော်စီစဉ်ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးရေး မွမ်းမံ သင်တန်းသို့လည်း ဆန္ဒအလျောက် တက်ရောက်နေသူ ဖြစ်သည်။ သည်သင်တန်း၏ အဓိက ဦးတည်ချက်က ကျောင်းသား၊ ကျောင်းသူလေးများအား ကိုယ့်အားကိုယ်ကိုးစိတ်အပါအ၀င် စိတ်ထား ကောင်းများ ကိန်းအောင်းလာအောင် ပျိုးထောင်လေ့ကျင့်ပေးရေး ဖြစ်သည်။ ဒွန်နာ့အလုပ်က သင်တန်း တက်ရန်နှင့် သင်တန်းက ပို့ချပေးလိုက်သည့် သဘောတရားများကို စာသင်ခန်းတွင်းမှာ လက်တွေ့အသုံးချ ကြည့်ရန်ဖြစ်ပြီး ကျွန်တော်က စာသင်ခန်းတွေ လှည့်လည်ကြည့်ရှုကာ စိတ်ဓာတ်ရေးရာ သင်ခန်းစာများ လက်တွေ့အသုံးချမှု ထိရောက်အောင်မြင်အောင် အားပေးကူညီရန်ဖြစ်သည်။
စာသင်ခန်းနောက်ပိုင်းရှိ ထိုင်ခုံလွတ်တစ်လုံးမှာ ၀င်ထိုင်ကာ အတန်းကို ကျွန်တော် အကဲခတ် ကြည့်နေသည်။ ကောင်းသားအားလုံးပင် ဆရာမပေးထားသောအလုပ်တွင် အာရုံစူးစိုက်နေကြသည်။
သူတို့စိတ်ကူး၍ ရသမျှကို ဗလာစာရွက်တစ်ခုတွင် ချရေးနေကြခြင်းပင်။ ဘာစိတ်ကူးတွေလဲ။
ကျွန်တော့်အနီးရှိ ဆယ်နှစ်အရွယ် ကျောင်းသူလေးက သူမ၏စာရွက်တွင် “ကျွန်မ မလုပ်နိုင်သော အရာများ” ဟူသည်ကို တစ်ခုပြီးတစ်ခု ရေးချနေသည်။
“ဘောလုံးကို အလယ်တန်းကစားသူများထက်ကျော်အောင် ကျွန်မ မကန်နိုင်”
“ဒက်ဘီ ကျွန်မကိုခင်လာအောင် ကျွန်မမလုပ်နိုင်”
သူမ၏ စာရွက်မှာ တစ်ဝက်ခန့် ပြည့်နေပြီ။ သို့သော် ရပ်မည့်အရိပ်လက္ခဏာ လုံးဝမပြ။ ဆက်ပြီးသာ စဉ်းစားလိုက် ချရေးလိုက်နှင့် စိတ်ပါလက်ပါ လုပ်ကိုင်နေသည်။
ကျွန်တော် ခုံတန်းတွေကြား လျှောက်သွားကာ ဟိုသည် ငဲ့စောင်းကြည့်သည်။ အားလုံးပင် သူတို့ မလုပ်နိုင်သော အရာတွေချည်း တစ်ကြောင်းပြီးတစ်ကြောင်း ရေးချနေကြသည်။
“ကျွန်တော် ဆယ်ကြိမ်ပြည့်အောင် ဒိုက်(ဗ)ထိုး၍မရ”
“ဘေ့စဘောကို ဘယ်ဘက်ကွင်းစည်းကျော်အောင် ကျွန်တော်မရိုက်နိုင်”
“ကျွန်တော် ကွတ်ကီစားရလျှင် တစ်ခုတည်းနှင့် ဘယ်တော့မှ မတင်းတိမ်နိုင်”
သည်ဟာတွေ လိုက်ဖတ်ကြည့်ပြီး ကျွန်တော်သိချင်လာသည်။ ဘာအဓိပ္ပာယ်လဲ၊ ဘာအတွက် ဒါတွေ ရေးနေကြသလဲ။ သည်ကိစ္စ ဆရာမကိုမေးကြည့်ရန် ကျွန်တော် ဆုံးဖြတ်လိုက်သည်။ သို့သော် ဆရာမအနီး ရောက်လာတော့ သူလည်း ဒါတွေပဲ သဲသဲမဲမဲရေးနေတာ တွေ့ရသည်။
အနှောက်အယှက်မပေးတာ ကောင်းပါတယ်ဟု တွေးမိပြီး တစ်စေ့တစ်စောင်းသာ လှမ်းကြည့်မိ သည်။
“ဂျွန်၏မိခင်ကို ဆရာမနှင့်လာတွေ့ရန် ကျွန်မခေါ်၍မရ”
“သမီးအား ကားဓာတ်ဆီဖြည့်ရန် ကျွန်မခိုင်း၍မရ”
“အလန်အား လက်သီးအစား စကားကိုအသုံးပြုရန် ကျွန်မပြော၍မရ”
ဘာကြောင့် ကလေးတွေရော ဆရာမပါ အပြုသဘောဆောင်သည့် “ကျွန်တော်၊ ကျွန်မ လုပ်နိုင်သော အရာများ” ကို မရေးဘဲ အပျက်သဘောဖြစ်သည့် “မလုပ်နိုင်သော အရာများ” ဆိုသည်ကို ရေးနေရသနည်း ဆိုတာ မေးချင်လှသည်။ သို့သော် လတ်တလော အခြအနေ မပေးသည်နှင့် နောက်ဘက်ပိုင်းရှိ စောစောက ခုံမှပင် အသာပြန်ထိုင်ကာ ဆက်၍ အကဲခတ်နေမိသည်။
နောက်ထပ် ဆယ်မိနစ်ခန့် သူတို့ ရေးနေကြသည်။ အတော်များများပင် စာတစ်မျက်နှာ ပြည့်သွား ကြသည်။ အချို့က နောက်တစ်မျက်နှာ ဆက်ရေးနေသည်။
“အခုရေးနေတဲ့ တစ်ခုပြီးရင် တော်ပြီ၊ နောက်ဆက်မရေးနဲ့တော့၊ ဒွန်နာက ကလေးတွေကို ရပ်နားခိုင်းလိုက်သည်။ ပြီးလျှင် မိမိတို့ ရေးပြီးသား စာရွက်များကို ခေါက်ပြီး ယူလာကြရန် ညွှန်ကြားသည်။ အဲသည်နောက် ကလေးများအားလုံး “ကျွန်တော်၊ ကျွန်မ မလုပ်နိုင်သော အရာများ ရေးမှတ်ထားသည့် စာရွက်ခေါက် အသီးသီးကို ဆရာမအနီးရှိ ဖိနပ်ဘူးခွံထဲသို့ ထည့်ကြသည်။
ကလေးများ၏ စာရွက်တွေ စုံပြီးသည့်နောက် ဒွန်နာက သူမ၏မှတ်တမ်းစာအုပ်ကို ထည့်သည်။ ထို့နောက် ဘူးခွံကို အဖုံးပိတ်လိုက်ပြီး ချိုင်းကြားမှာညှပ်ကာ အခန်းပြင်ဘက် ထွက်လာသည်။ အပြင်ခန်းမ အတိုင်း လျှောက်ထွက်သွားရာ တပည့်တွေ သူ့နောက်က တန်းစီ၍ လိုက်ကြသည်။ ကျွန်တော်လည်း သူတို့နောက်က။
ခန်းမကြီး အလယ်ပိုင်းနားလောက်တွင် စတိုခန်းရှိသည်။ ဒွန်နာက စတိုခန်းထဲ ၀င်ရောက်ရှာဖွေပြီး ဂေါ်ပြားတစ်လက်နှင့် ပြန်ထွက်လာသည်။ ဂေါ်ပြားကို လက်တစ်ဖက်က ကိုင်၊ ဖိနပ်ဘူးကို နောက် တစ်ဖက်က ကိုင်ကာ တပည့်များကို ဦးဆောင်လျက် ကျောင်းကစားကွင်း၏ ဟိုအဝေးဆုံး ထောင့်ဘက် ဆီသို့ ဒွန်နာ ချီတက်သွားသည်။
အဲသည်နားမှာ သူတို့ တွင်းတူးကြသည်။
လက်စသက်တော့ သူတို့ “မလုပ်နိုင်သော အရာများ” ကို မြေမြှုပ်သင်္ဂြိုဟ်ရန် စီမံနေကြခြင်းပဲကိုး။
ကလေးတိုင်းလိုလိုက တစ်ချက်လောက်တော့ ၀င်တူးချင်ကြသဖြင့် သူတို့ကို အလှည့်ပေးနေရ သည်ဖြစ်ရာ တွင်းတူးချိန် ဆယ်မိနစ်လောက် ကြာသွားသည်။ သုံးပေအနက်လောက်မှာ တွင်းတူးရပ်သည်။ “ကျွန်တော်၊ ကျွန်မ မလုပ်နိုင်သော အရာများ” ကို တွင်းအောက်ခြေမှာ နေရာချပြီးနောက်တွင် အလျင်အမြန် မြေပြန်ဖို့ကြသည်။
၁၀ နှစ်၊ ၁၁ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူ သုံးဆယ့်တစ်ဦး လတ်တလတ်ဆတ်ဆတ် သင်္ချိုင်းမြေပုံ နံဘေးမှာ ရပ်ကြသည်။ သူတို့အသီးသီး၏ စာတစ်မျက်နှာ အပြည့်မျှစီရှိသည့် “မလုပ်နိုင်သောအရာ” တွေသည် မြေကြီးအောက်ရှိ ဖိနပ်ဘူးထဲတွင် ရောက်ရှိနေပြီ။ သူတို့သာမဟုတ်၊ ဆရာမ၏ မလုပ်နိုင်သော အရာများလည်း အဲသည်အထဲမှာ ပါသည်။
သည်အချိန် ဆရာမက ကြေငြာသည်။
“သားတို့ သမီးတို့ …. တစ်ယောက်နဲ့တစ်ယောက် လက်ချင်းချိတ်ကြ၊ အားလုံး ဦးညွှတ်ကြ”
ချက်ချင်းပင် ကလေးများအားလုံး သင်္ချိုင်းမြေပုံကို ပတ်ဝိုင်းကာ လက်ချင်း ချိတ်တွဲလိုက်ကြသည်။ သည်နောက် ခေါင်းတွေငုံ့ကာ ဆရာမအသံကို နားစွင့်နေကြသည်။ ဆရာမဒွန်နာက သေဆုံးသူအတွက် နှုတ်ဆက်စကား ပြောကြားသည်။
မိတ်ဆွေများ… သည်ကနေ့ ကျွန်ုပ်တို့ဟာ “ကျွန်တော်/ကျွန်မ မလုပ်နိုင်သော အရာများ” အတွက် နောက်ဆုံး နှုတ်ဆက်စကားဆိုဖို့ စုဝေးရောက်ရှိနေကြခြင်း ဖြစ်ပါတယ်။ သူဟာ ဒီကမ္ဘာမြေမှာ ကျွန်ုပ် တို့နဲ့အတူ အသက်ထင်ရှားရှိစဉ်က ကျွန်ုပ်တို့ရဲ့ ဘ၀များအပေါ် ရိုက်ခတ်လွှမ်းမိုးမှု ရှိခဲ့ပါတယ်။ တချို့ လူများ အပေါ်မှာဆိုရင် ပိုလို့တောင် လွှမ်းမိုးမှု ရှိခဲ့ပါတယ်။ သူ့ရဲ့ အမည်နာမကို စာသင်ကျောင်းတွေ၊ မြို့တော်ခန်းမတွေ၊ ပြည်နယ် လွှတ်တော်ရုံးတွေသာမက သမ္မတအိမ်တော် အပါအ၀င်ဖြစ်တဲ့ အများပြည်သူ ဆိုင်ရာ နေရာဌာနတိုင်းမှာ ပြောဆိုနေခဲ့ကြရကြောင်း ၀မ်းနည်းစွာ ပြောကြားလိုပါတယ်။
“… ယခု သည်ကနေ့မှာတော့ ကျွန်ုပ်တို့ဟာ “ကျွန်တော်/ကျွန်မ မလုပ်နိုင်သော အရာများ” အတွက် နောက်ဆုံး လဲလျောင်းရာ နေရာကို သတ်မှတ်ပေးလိုက်ပါပြီ။ သူ့အတွက် ကမ္ပည်းကျောက်စာတိုင် တစ်တိုင်လည်း အဆင်သင့် ရှိနေပါပြီ။ သူကွယ်လွန်သွားပြီးတဲ့နောက်မှာ သူ့ရဲ့ မောင်၊ညီ၊ညီမ များဖြစ်တဲ့ “ကျွန်တော်/ကျွန်မ လုပ်နိုင်ပါတယ်” “ကျွန်တော်/ကျွန်မ လုပ်ပါ့မယ်” “အခု ချက်ချင်း ကျွန်တော်/ကျွန်မ ထ လုပ်မယ်” တို့ ကျန်ရစ်ခဲ့ပါတယ်။ သူတို့ကတော့ ကွယ်လွန်သူလောက် လူသိမများ မထင်ရှားကြပါဘူး။ သူ့လောက်လည်း တန်ခိုးစွမ်းအား မကြီးမားကြပါဘူး။ သို့သော် တစ်နေ့မှာတော့ သူတို့ဟာ မိတ်ဆွေတို့ရဲ့ အကူအညီနဲ့ တန်ခိုးစွမ်းအား တက်လာပါလိမ့်မယ်။ သူတို့ရဲ့ ကွယ်လွန်သူ သားချင်းထက်တောင် ပိုကြီးကျယ်ထင်ရှားတဲ့ လုပ်ရပ်တွေ ဒီကမ္ဘာပေါ်မှာ ထင်ရှားပြသလာပါလိမ့်မယ်။

“… ကျွန်တော်/ ကျွန်မ မလုပ်နိုင်သော အရာများသည် ထာဝရငြိမ်းချမ်းစွာ နားနေအိပ်စက် နိုင်ပါစေသတည်း။ သူမရှိသည့်နောက်၌ လူအားလုံးတို့ပင် မိမိတို့ဘ၀ကို မိမိတို့ထူထောင်ကာ ရှေ့သို့ တက်လှမ်းနိုင်ကြပါစေသတည်း”

ထိုနေ့ ဈာပန အခမ်းအနားတွင် ဆရာမဒွန်နာ ပြောကြားခဲ့သည့် စကားများကို နားထာင်ရင်း သူမ၏တပည့် ကျောင်းသူ၊ ကျောင်းသားလေးများအဖို့ သည်ကနေ့ အတွေ့အကြုံကို ဘယ်သောအခါမျှ မေ့ပျောက်နိုင်ကြလိမ့်မည်မဟုတ်ဟု ကျွန်တော် သဘောပေါက်နေမိခဲ့သည်။ ထိုနေ့က သူတို့လုပ်ရပ်သည် ဘ၀အတွက် အလွန်တန်ဖိုးရှိသည့် အနက်အဓိပ္ပာယ်တွေ အများကြီးပါသော “သင်္ကေတ” လုပ်ရပ်တစ်ခု ဖြစ်သည်။ အဲသည်နေ့ အတွေ့အကြုံသည် သူတို့၏ သိစိတ်ထဲမှာရော မသိစိတ်ထဲမှာပါ ထာဝရစွဲကပ် ကိန်းအောင်းသွားမည့် လက်ယာဦးနှောက်ခြမ်း အတွေ့အကြုံတစ်ရပ်ပင် ဖြစ်သည်။

“မလုပ်နိုင်သော အရာများ” ကို ရေးသားခြင်း၊ ၄င်းတို့ကို မြှုပ်နှံသင်္ဂြိုဟ်ခြင်း၊ ကွယ်လွန်သူအတွက် နှုတ်ဆက်စကား ပြောကြားခြင်း စသည့် လုပ်ရိုးလုပ်စဉ်မဟုတ်သော အလုပ်များကို တမင်တကာ စီစဉ် လုပ်ကိုင်ရသည်မှာ ဆရာမတစ်ဦးအဖို့ လွယ်ကူမည် မဟုတ်ပါ။ သို့သော် ဒွန်နာကတော့ ထိုမျှနှင့်ပင် မကျေနပ်သေး။ နှုတ်ဆက်စကား ပြောကြားပြီးသည့်နောက်တွင် တပည့်များကို စာသင်ခန်းဘက်သို့ ပြန်လည်ချီတက်စေပြီး ဈာပနအထိမ်းအမှတ် စားသောက်ပွဲတစ်ရပ် ကျင်းပသည်။

“မလုပ်နိုင်သော အရာများ” ကွယ်လွန်ခြင်း အထိမ်းအမှတ် ကွတ်ကီ၊ ပြောင်းဖူးပေါက်ပေါက်နှင့် သစ်သီးဖျော်ရည်များ သူတို့စားသောက်ကြသည်။ အထိမ်းအမှတ်ပွဲ၏ အစီအစဉ်တစ်ရပ်အဖြစ် ဒွန်နာက ကတ်ထူစက္ကူချပ်ကြီးတစ်ခုကို ဖြတ်တောက်ကာ ကမ္ပည်းကျောက်စာတိုင်တစ်ခု ပြုလုပ်သည်။ “ကျွန်တော်/ ကျွန်မ မလုပ်နိုင်သော အရာများ” ဟူသော နာမည်စာလုံးကို စာချပ်အထက်ပိုင်းတွင်ရေးပြီး ကွယ်လွန်သော နေ့ရက်ကို အောက်၌ ရေးထိုးသည်။
စက္ကူကမ္ပည်းကျောက်စာတိုင်ကို ဒွန်နာ၏စာသင်ခန်း၌ ထိုနှစ်တစ်နှစ်လုံး ဆက်လက်ချိတ်ဆွဲ ထားသည်။ ရှားရှားပါးပါး တခါတရံ ကျောင်းသားတစ်ယောက်တစ်လေက ကျွန်တော်/ကျွန်မ မလုပ်နိုင်ပါ ဟူသော စကားကို ယောင်မှားပြောဆိုမိပါက ဒွန်နာက အဆိုပါသင်္ချိုင်းကျောက်စာကို လှမ်း၍ ညွှန်ပြလေ့ ရှိသည်။ သည်အခါ တပည့်ဖြစ်သူလည်း “မလုပ်နိုင်သော အရာများ” သေဆုံးသွားခဲ့ပြီဟူသည်ကို ချက်ချင်း ပြန်လည်အမှတ်ရကာ မိမိ၏စကားကို ပြန်ပြင်မိရမြဲဖြစ်သည်။
ကျွန်တော်ကား ဒွန်နာ၏ တပည့်တစ်ဦးမဟုတ်ပါ။ သူမသာလျှင် ကျွန်တော်၏တပည့် ဖြစ်ခဲ့ဖူး ပါသည်။ သို့သော် ထိုနေ့ကမူ တစ်သက်မမေ့နိုင်သည့် သင်ခန်းစာတစ်ခု သူမထံမှ ကျွန်တော် ရရှိခဲ့ပါသည်။
နှစ်ပေါင်းများစွာ ကြာပြီးသည့် သည်ကနေ့ကာလတိုင်အောင်ပင် “မလုပ်နိုင်ပါ” ဆိုသော စကား တစ်ခွန်းကြားမိတိုင်း စတုတ္ထတန်းကျောင်းသား၊ ကျောင်းသူလေးများ၏ ဈာပနအခမ်းအနားကို ကျွန်တော် ပြန်လည်မြင်ယောင်မိရမြဲဖြစ်သည်။ ထိုကလေးများနည်းတူပင် “မလုပ်နိုင်သော အရာများ” သေဆုံးခဲ့ပြီးပြီ ဆိုသည်ကို ကျွန်တော် အမှတ်ရနေမိပါသည်။

[မူရင်း။ ။ Chick Moorman ၏ Rest In Peace: "I Can't" Funeral]  (ဖေမြင့် ဘာသာပြန်သည်။)

သင့်ဘဝသက်တမ်းမှာရော ဘာတွေလုပ်မလဲ

သည်ဘ၀ သက်တမ်းအတွင်းမှာ
သင်ဘာတွေ လုပ်ဆောင်သွားမည်လဲ

လူ့သက်တမ်းတစ်ခုဆိုသည်မှာ ရှည်လျားလှသည်ဟု မဆိုသာ။ လူအတော်များများပင် ဘာမျှရေရေရာရာ လုပ်လိုက်ရသည် မရှိဘဲ တစ်ဘ၀ ကုန်လွန်သွားတက်ကြသည် ။

သို့သော် ရည်မှန်းချက်နှင့် ထက်သန်မှုသာ ပြည့်ပြည့်၀၀ ရှိမည်ဆိုက မရှည်လျားသော ထိုဘ၀သက်တမ်း အတွင်းမှာပင် ကိစ္စရပ် မြောက်များစွာ လုပ်ကိုင် ဆောင်ရွက် သွားနိုင်ကြပါသည်။
အောက်တွင် ဖော်ပြမည့် ဂျွန် ဂေါ့ဒါ့ဒ်၏ လုပ်ဆောင်ချက်များကို ကြည့်လျှင် စာဖတ်သူအနေနှင့် မိမိဘ၀ အတွက် စဉ်းစားဆင်ခြင်စရာ များစွာရရှိလာလိမ့်မည်ဟု ယူဆပါသည် ။

***
ဂျွန်ဂေါ့ဒါ့ဒါဆိုသည်က စာပေ၀ါသနာပါသလောက် စွန့်စားသွားလာမှုကိုလည်း အလွန်နှစ်သက်သော လူငယ်တစ်ဦးဖြစ်သည် ။ရှေးကရှိခဲ့သည့် ရှာဖွေစွန့်စားခရီးသွားသူကြီးများကို သူအားကျသည် ။ National Geographic လိုမဂ္ဂဇင်းမျိုးကို ဖတ်ကာ ကမ္ဘာတစ်လွှားမှ ထူးခြားသည့်နေရာဒေသများသို့ သွားချင်လာချင်သည်။ ကမ္ဘာ့ပညာရှိတွေ၏ သုတရသ စာပေတွေကိုလည်း နှံ့စပ်စုံလင်အောင် သူဖတ်ကြည့်ချင်သည် ။ သည့်ပြင် သည့်ပြင်လည်း သူလုက်ကြည့်ချင်တာတွေ အများကြီး ။
အသက် ၁၅ နှစ်အရွယ်၌ ဂျွန်ဂေါ့ဒေါ့ဒ် မီးဖိုချောင်စားပွဲလေးမှာ ထိုင်ကာ My Life List ဟုခေါင်းစဉ် တပ်လျှက် တစ်သက်တာ အတွင်း သူလုပ်ဆောင်သွားမည့် စာရင်းကို ချရေးသည်။
သည်စာရင်းထဲတွင် သူလုပ်ကိုင်ချင်သည့် အရာသို့မဟုတ် သူ့ရည်မှန်းချက်ပန်းတိုင်ပေါင်း ၁၂၇ ခုတိတိ ပါဝင်သည် ။ သည်ပန်းတိုင်တွေကို တစ်ခုပြီး တစ်ခု အရောက်လှမ်းခဲ့ရာ အသက် ၇၀ အရွယ် (၁၉၉၂ ခုနှစ်) ၌ ၁၁၀ ခုတိတိ အောင်မြင်ပြီးစီးခဲ့သည်။
သူ့စာရင်းကိုလေ့လာကြည့်ပါ ။

(ဖေမြင့်စာအုပ်ထဲတွင် အမှန်ခြစ်တွေနဲ့ သူလုပ်ကိုင်ဆောင်ရွက်ပြီးတာတွေကို ပြပါသည် ကျွန်တော်က ဖိုရမ်မှာ အစဉ်မပြေလို့ လုပ်ကိုင်ဆောင်ရွက်ပြီးတာတွေကို ဒီအရောငအမှတ်သားနှင့်ဖော်ပြပါမည်ခင်ဗျာ မလုပ်ဖြစ်ခဲ့တာတွေကိုတော့ အပြာ နဲ့ပေါ့။ )(ပြုလုပ်ပြီး) (မပြုလုပ်ခဲ့ရ)



စူးစမ်းလေ့လာမည့် မြစ်ကြီးများ
၁။ နိုင်းမြစ် (အီဂျစ်) (အာဖရိက)
၂။ အမေဇုံမြစ် (ဘရာဇီးလ်) (တောင်အမေရိက)
၃။ ကွန်ဂိုမြစ် (အလယ်အာဖရိက )
၎။ ကိုလိုရာဒိုမြစ် (အမေရိကန်ပြည်)
၅။ ယန်စီမြစ် (တရုတ်ပြည်)
၆။ နိုက်ဂျာမြစ် ( အနောက်အာဖရိက)
၇။ အောရိနိုကိုမြစ်
၈။ ရီယိုကိုကိုမြစ် (နီကရာဂွါ) (အလယ်အမေရိက)

ကနဦးယဉ်ကျေးမှုစနစ်များအကြောင်း သွားရောက်လေ့လာမည့် တိုင်းပြည်ဒေသများ

၉။ ကွန်ဂို
၁၀ ။ နယူးဂီနီကျွန်း
၁၁ ။ ဘရာဇီးလ်
၁၂ ။ ဘော်နီယို ကျွန်း
၁၃ ။ ဆူဒန် (ဆူဒန်တွင် သဲမုန်တိုင်းဖုံး၍ သေဆုံးလုနီးပါးဖြစ်ခဲ့သည်။)
၁၄။ ၾသစေၾတးလ်
၁၅ ။ ကင္ညာ
၁၆ ။ ဖိလစ်ပိုင်
၁၇ ။ တန်ဂန်ယိကာ (ယခု တန်ဇန်းနီးယား)
၁၈ ။ အီသီယိုးပီးယား
၁၉ ။ နိုက်ဂျီးရီးယား
၂၀ ။ အလာစက

တက်မည့်တောင်များ

၂၁ ။ ဧ၀ရက် (နီပေါ - တိဘက်နယ်စပ်)
၂၂ ။ အာကွန်ကာဂွါ( အာဂျင်တီးနား)
၂၃ ။ မက္ကင်လေ (အလာစက)(အမေရိကန်ပြည်)
၂၄ ။ ဟွာစကာရန် (ပီရူး)
၂၅ ။ ကီလီမန်ဂျာရိုး (တန်ဇန်းနီးယား)
၂၆ ။ အာရာရတ် (တူရကီ)
၂၇ ။ ကင်ညာ(ကင်ညာ)
၂၈ ။ ကွတ်(ခ)(နယူးဇီလန်)
၂၉ ။ ပိုပိုကတက်ပက်တဲလ် (မက္ကဆီကို)
၃၀ ။ မက်တာဟွန်း (ဆွစ် - အီတလီ နယ်ခြား )(အဲ့လ်ပ်စ်တောင်တန်း)
၃၁ ။ ရိန်နီယာ (အမေရိကန်ပြည်)
၃၂ ။ ဖူဂျီ (ဂျပန်)
၃၃ ။ ဘရိုမို (ဂျာဗားကျွန်း)(အင်ဒိုနီးရှား)
၃၄ ။ ဂရင်းတီတန်း (စ) (အမေရိကန်ပြည်)
၃၅ ။ ဂရင်းတီတန်း(စ) (အမေရိကန်ပြည်)
၃၆ ။ ဘော်လဒီ (ကယ်လီဖိုးနီးယား) (အမေရိကန်ပြည်)

ဓါတ်ပုံသွားရိုက်မည့် နေရာများ

၃၇ ။ အီဂွါကူး ရေတံခွန် (ဘရာဇီးလ်)
၃၈ ။ ၀ိတိုရိယ ရေတံခွန် (ရိုဒေရှား)(တောဝက်အလိုက်ခံရသည်)
၃၉ ။ ဆူသာလန် ရေတံခွန် (နယူးဇီလန်)
၄၀ ။ ယိုဆီမီတီး ရေတံခွန် (ကနေဒါ - အမေရိကန် )
၄၁ ။ နိုင်ယာဂရာ ရေတံခွန် (ကနေဒါ - အမေရိကန်)
၄၂ ။ မာကိုပိုလိုနှင့် အလက်ဇန္ဒား-သ-ဂရိတ်တို့၏ ခရီးစဉ်များ တစ်လျှောက်



ရေအောက်နှင့်ရွှံ့ညွှန်တောများ စူးစမ်းလေ့လာရေး

၄၃ ။ ဖလော်ရီဒါရှိ သန္တာကျောကတန်းများ (အမေရိကန်)
၄၄ ။ ဂရိတ်ဘာရီယာကျောက်တန်း (သြစတြေးလျ) (ပေါင် ၃၀၀ ရှိဂုံးကောင်ကြီး ဓါတ်ပုံရိုက်ခဲ့)
၄၅ ။ ပင်ဘယ်နီ (အာရေဗျ)
၄၆ ။ ဖီဂျီကျွန်းစု (အနောက်တောင်ပစိဖိတ်)
၄၇ ။ ဘဟားမားကျွန်းစု (အနောက်အိန္ဒိယ ကျွန်းစု)
၄၈ ။ အိုကီဖင်နိုကီး ညွှန်အိုင်နှင့် အဲဗားဂလိတ်(စ)ညွှန်တောဒေသ (အမေရိကန်)


အလည်သွားရောက်မည့် နေရာများ

၄၉ ။ တောင်နှင့်မြောက်ဝန်ရိုးစွန်းများ
၅၀ ။ တရုတ်တံတိုင်းကြီး
၅၁ ။ ပနားမားတူးမြောင်း နှင့် စူးအက်တူးမြောင်း
၅၂ ။ အီစတာ ကျွန်း (ပစိဖိတ်)
၅၃ ။ ဂလာပါဂို့စ်ကျွန်းစု (ပစိဖိတ်)
၅၄ ။ ဗက်တီကင်မြို့တော် (ရောမမြို့နယ်နိမိတ်အတွင်း)(ပုပ်ရဟန်းမင်းကြီးကိုဖူးမြော်ရန်)
၅၅ ။ တပ်(ချ) မဟာလ်( အိန္ဒယ)
၅၆ ။ အီဖဲလ်မျှော်စင် (ပြင်သစ်)
၅၇ ။ သဘလူးဂရော့ကို ဥမင်
၅၈ ။ လန်ဒန်မျှော်စင် (အင်္ဂလန်)
၅၉ ။ ပီဆာမြို့ရှိယိမ်းစောင်းမျှော်စင် (အီတလီ)
၆၀ ။ ချီချင်အစ်ဇာရှိ သန့်စင်သော ရေတွင်းတော် (မက္ကဆီကို)
၆၁ ။ သြစတြေးလျတိုက်ရှိ အိုင်ယား(စ) ကျောက်တုံးကြီး (တက်ကြည့်ရန်)
၆၂ ။ ဂျော်ဒန်မြစ်ကို ဂါလီလဲပင်လယ်မှ ပင်လယ်သေထိလိုက်ကြည့်ရန် ။
၆၃ ။ ကမ္ဘာ့နိုင်ငံအားလုံးသို့ သွားရောက်လည်ပတ်ရန် ၊ (နိုင်ငံ ၃၀ သာသွားရန် ကျန်တော့သည်)

ရေဆင်းကူးမည့် ကန်ကြီးများ

၆၄ ။ ၀ိတိုရိယအိုင် (အာဖရိက)
၆၅ ။ ဆူပီးရီးယားအိုင် (မြောက်အမေရိက)
၆၆ ။ တန်ဂန်ယီကာအိုင် (အာဖရိက)
၆၇ ။ တီတိကာကာအိုင် (တောင်အမေရိက)
၆၈ ။ နီကရာဂွါအိုင် (နီကရာဂွါ) (အလယ်အမေရိက)



အခြားစွမ်းဆောင်စရာများ

၆၉ ။ အီးဂဲလ် ကင်းထောက်အဖွဲ့ဝင် ဖြစ်ရန် ။
၇၀ ။ ရေငုပ်သင်္ဘောနှင့်ရေအောက်သို့ လိုက်ပါရန် ။
၇၁ ။ လေယာဉ်တင်သင်္ဘောပေါ်သို့ လေယာဉ်ဖြင့် ဆင်းကြည့်တက်ကြည့်ရန် ။
၇၂ ။ ရေယာဉ်ပျံ ၊မီးပုံးပျံ ၊ ဂလိုက်ဒါတို့ မောင်းနှင်ပျံသန်းကြည့်ရန် ။
၇၃ ။ ဆင် ၊ ကုလားအုတ် ၊ငှက်ကုလားအုတ် နှင့် မြင်းရိုင်းတို့စီးရန် ။
၇၄ ။ ရေအောက်ပေ ၄၀ အထိ ရေငုပ်ဝတ်စုံမပါဘဲ ငုပ်ရန် ၊ နှစ်မိနစ်ခွဲတိတိ ရေအောက်တွင် အသက်အောင့်နေရန် ။
၇၅ ။ ၁၀ ပေါင်အလေးစီးသည့် ပုစွန် ထုပ်နှင့် ၁၀ လက်မ ရှည်သည့် ပင်လယ်ခုရုကြီးများကို ကိုယ်တိုင်ဖမ်းရန် ။
၇၆ ။ ပုလွေမှုတ်နှင့် တယောထိုးသင်ရန် ။
၇၇ ။ တစ်မိနစ်လျှင် စာလုံးရေ ၅၀နှုန်း လက်နှိပ်စက် ရိုက်ရန် ။
၇၈ ။ လေထီးခုန်ကြည့်ရန် ။
၇၉ ။ ရေလွှာလျှောစီး ၊ နှင်းခဲပြင်လျှောစီးများ သင်ရန် ၊
၈၀ ။ သာသနာပြုအဖွဲ့နှင့် ခရီးလိုက်ပါရန် ။
၈၁ ။ သဘာဝဗေဒပညာရှင်ကြီး ဂျွန်မြူအာ သွားခဲ့သည့် လမ်းကြောင်းများအတိုင်း လိုက်ကြည့်ရန် ။
၈၂ ။ တိုင်းရင်းဆေးပညာလေ့လာ ၍ အသုံးဝင်သေးသည့် အချို့ဆေးဝါးနည်းနာများ ပြန်လည်ဖော်ထုတ်ရန် ။
၈၃ ။ လူ အရောက်အပေါက်နည်းသော ဒေသများသို့ သွားရောက်၍ စူးစမ်းလေ့လာခြင်းနှင့် ဆေးဝါးကုသခြင်းများ တွဲဖက်လုပ်ကိုင်ရန် ( ဆေးအကြိုသင်တန်း တက်ခဲ့သည် ။ ရှေးကျသော မျိုးနွယ်စုများ အကြား သွားရောက်ကာဆေးဝါး ကုသမှုများ အကြား သွားရောက်ကာ ဆေးဝါးကုသမှုများ ပြုခဲ့သည် ။ )
၈၄ ။နာဗာဟိုနှင့် ဟိုပီအင်ဒီယန်းများအကြောင်း သွားရောက်လေ့လာရန် ။
၈၅ ။ ဆင် ၊ ခြသေ့င်္၊ ကြံ့ ၊ ကျားသစ် ၊ တောင်အာဖရိက ကျွဲ ၊ ဝေလငါး တို့အား ထူးထူးခြားခြား အမှတ်တရဓါတ်ပုံရိုက်ကူးရန် ။
၈၆ ။ ဓါးသိုင်းသင်ရန် ။
၈၇ ။ ဂျူဂျစ်ဆုသင်ယူရန် ။
၈၈ ။ လေယာဉ်မောင်းသင်ရန် ။
၈၉ ။ ရို့စ်ပရိတ် (ဒ) ပွဲတွင် မြင်းစီးရန် ။
၉၀ ။ ကောလိပ်တွင် သင်တန်းပို့ချရန် ။
၉၁ ။ ဘာလီကျွန်းမှ မီးသဂြိင်္ဟ်ပွဲတစ်ခု သွားကြည့်ရန် ။
၉၂ ။ ရေအောက်အနက်ပိုင်းသို့ စူးစမ်းလေ့လာရန် ။
၉၃ ။ တာဇံရုပ်ရှင်ကားထဲတွင် ပါဝင်သရုပ်ဆောင်ရန် ၊ (သည်ဟာကိုတော့ ကလေးတုန်းက အတွေးဟု သူယခုသတ်မှတ်ထားသည်) ။
၉၄ ။ မြင်း ၊ ချင်ပန်ဇီမျောက် ၊ ချီတာကျားသစ် ၊ အိုစီလော့ တောကြောင်နှင့် ကိုယိုတေးဝံပုလွေတစ်ကောင်စီ ပိုင်ဆိုင်မွေးမြူရန် ၊ (ချင်ပန်ဇီ နှင့် ချီတာ မရသေး)
၉၅ ။ အပျော်တမ်း ရေဒီယို အသံလွှင့်စက် ဖမ်းသမားတစ်ဦးဖြစ်ရန်
၉၆ ။ အဝေးကြည့်မှန်ပြောင်းတစ်လက် ကိုယ်တိုင်လုပ်ရန် ။
၉၇ ။ စာတစ်အုပ်ရေးရန် (နိုင်ငံခြားမြစ် ခရီးစဉ်အကြောင်း ရေးပြီး)
၉၈ ။ National Geographic မဂ္ဂဇင်းတွင် ဆောင်းပါးတစ်ပုဒ်ရေးရန် ။
၉၉ ။ ၅ ပေအမြင့်ခုန်ရန် ။
၁၀၀ ။ ၁၅ ပေအလျားခုန်ရန် ။
၁၀၁ ။ တစ်မိုင်ကို ငါးမိနစ်နှင့် အရောက်ပြေးရန် ။
၁၀၂ ။ ကိုယ်အလေးချိန် ၁၇၅ ပေါင် ပုံမှန်ရှိရန် ၊ (ယခုထိရှိဆဲ)
၁၀၃ ။ အိပ်ထ (sit-up ) 200 ၊ ဆွဲတင် (pull-up) ၂၀ လုပ်ရန် ။
၁၀၄ ။ ပြင်သစ် ၊ စပိန် ၊ အာရဗီ ဘာသာများ သင်ရန် ။
၁၀၅ ။ ကိုမိုဒိုကျွန်း (အင်ဒိုနီးရှား)တွင် ဖွတ်နဂါကြီးများ (dragon lizard) အကြောင်း လေ့လာရန် ။
၁၀၆ ။ ဒိန်းမတ်ရှိ အဘိုး ဆော်ရင်ဆင်မွေးရပ်မြေကို အလည်သွားရန် ။
၁၀၇ ။ အင်္ဂလန်ရှိ အဘိုး ဂေါ့ဒ့ါဒ် မွေးရပ်မြေကို အလည်သွားရန် ။
၁၀၈ ။ ကုန်တင်သင်္ဘောတစ်စင်းတွင် သင်္ဘောသားအဖြစ်လိုက်ပါရန် ။
၁၀၉ ။ ဗြိတိသျှ စွယ်စုံကျမ်းကြီးကို အစအဆုံးဖတ်ရန် ။
၁၁၀ ။ သမ္မာကျမ်းစာကို တစ်လုံးမကျန် ဖတ်ရှု့ရန် ။
၁၁၁ ။ ရှိတ်စပီယား ၊ပလေတို ၊အရစ္စတိုတယ် ၊ ဒစ်ကင်း ၊ သောရိုး ၊ ပိုး ၊ ရူးဆိုး ၊ ဘေကွန် ၊ ဟဲမင်းဝေ ၊ မတ်တွိန်း ၊ ဘာရိုးစ် ၊ ကွန်းရက် ၊ တာလ်မေ့ခ်ျ ၊ တော်သတွိုင်း ၊ လောင်းဖဲလိုး ၊ ကိ(တ)(စ) ၊ ၀ှစ်တီးယား နှင့် အီမာဆင် တို့၏ စာများလေ့လာရန် ။ (စာအုပ်တိုင်း အကုန်စင်မဟုတ်)
၁၁၂ ။ ဂီတဆရာကြီးများဖြစ်သည့် ဘတ်(ခ) ၊ ဘေထိုးဗင် ၊ဒီဘပ်ဆီး ၊ အီဘတ် ၊ မင်ဒဲလ်ဇွန် ၊ လာလို ၊ ရင်(မ)မကီး ကောဆာကော်ဆားကော့ဖ် ၊ ရက်(စ)ပီဂျီ ၊ လစ်(Liszt) ၊ရတ်ခ်ျမင်နီနော့ဖ် ၊ စထရာဗင်စကီး ၊ တော့(ခ) ၊ချိုင်ကော့(ဖ)စကီး ၊ ဗာဒီတို့၏ ဂီတတေးသွားများကို အကျွမ်းဝင်အောင် လေ့လာရန် ။
၁၁၃ ။ လေယာဉ်၊ မော်တော်ဆိုင်ကယ် ၊ ထရက်တာ ၊လှိုင်းစီးဘုတ်ပြား ၊ ရိုင်ဖယ်၊ ပစ္စတို၊ ကနူးလှေ၊ မိုက္ကရိုစကုပ် ၊ ဘောလုံး ၊ဘတ်စကက်ဘော ၊ လေးမြှား ၊ နွားကျောင်းသားကိုင် ကြိုးကွင်းနှင့် ၊ ဘူမာရင်း ၊ လက်ပစ်ဒုတ်ကောက်တို့ကို ၊ ကျွမ်းကျင်စွာကိုင်တွယ်တက်ရန် ။
၁၁၄ ။ ဂီတတေးသွားများကိုလည်း ကိုယ်တိုင်ရေးသားရန် ။
၁၁၅ ။ ကလဲဒ လွန်းတေးသွားကို စန္ဒရားဖြင့် တီးခတ်ရန် ။
၁၁၆ ။ မီးနင်းပွဲကြည့်ရန် ။(ဘာလီနှင့် ဆူရီနမ် တွင်ကြည့်ရှု့ပြီး )။
၁၁၇ ။ အဆပ်ပြင်းသော မြွေတစ်ကောင်ကို အဆိပ်ထုတ်ရန် ။ (ဓါတ်ပုံရိုက်စဉ် ဒိုင်းမွန်းဘက် မြွေတစ်ကောင်အကိုက်ခံရသည်) ။
၁၁၈ ။ ပွိုင့်တူးတူး ရိုင်ဖယ်ဖြင့် မီးခြစ်ဆံမီးညှိရန် ။
၁၁၉ ။ ရုပ်ရှင်စတူတီယို တစ်ခုသို့သွားရောက်ကြည့်ရှု့ရန် ။
၁၂၀ ။ ချီအော့(ပ) ပိရမစ်ကြီးကို တက်ကြည့်ရန် ။
၁၂၁ ။ စူးစမ်းလေ့လာသူများကလပ် ၊ စွန့်စားသူများကလပ်တို့တွင် အသင်းသားတစ်ဦး ဖြစ်လာရန် ။
၁၂၂ ။ ပိုလို ကစားတက်အောင်သင်ရန် ။
၁၂၃ ။ ဂရင်းကင်ညွှန်ချောက်နက်ဒေသအတွင်း ခြေလျင်၎င်း ၊ လှေစီး၍၄င်း ခရီးနှင်ရန် ။
၁၂၄ ။ရေချောင်းခရီးဖြင့် ကမ္ဘာပတ်ရန် ။(လေးကြိမ်တိတိ ပတ်ဖြစ်ခဲ့သည် )။
၁၂၅ ။ လကမ္ဘာကိုအလည်သွားရောက်ရန် ၊ (တစ်နေ့ဖြစ်ကောင်းဖြစ်ကောင်းဖြစ်လိမ့်မည်ဟု မျှော်လင့်ဆဲ) ။
၁၂၆ ။ အိမ်ထောင်ပြုရန် ၊ သား/သမီးမွေးရန် (ကလေးငါးယောက်ရှိသည်) ။
၁၂၇ ။ ၂၁ ရာစုထိ နေထိုင်သွားရန် ။(၂၁ ရာစုအ၀င်တွင် သူ့အသက် ၇၅ နှစ်ရှိလိမ့်မည်)။


[မှတ်ချက် ။ ။ John Goddard ၏ ကိုယ်တိုင်ရေးသားချက်ကို ပြန်လည်ဖော်ပြခြင်းဖြစ်သည်။] (ဖေမြင့်ဘာသာပြန်သည်)

တန်ခိုးရှိသော ကျောက်စရစ်ခဲများ

တန်ခိုးရှိသော ကျောက်စရစ်ခဲများ

“ဒီဟာတွေ ဘာအသုံးဝင်မှာမို့လို့ ကျွန်တော်တို့ သင်နေရမှာလဲ”

တပည့်တွေထံမှ ကျွန်တော်ကြားရသမျှ မကျေနပ်ချက်တွေ၊ စောဒက တက်မှုတွေထဲမှာ သည်စကားက အကြိမ်အရေအတွက် အများဆုံးဖြစ်၏။

အဲသည်စကား ကြားရတိုင်း ကျွန်တော် ဟောသည် ပုံပြင်လေးကို ပြန်ပြောပြလေ့ရှိသည်။

***

တစ်ခါက ခြေသလုံးအိမ်တိုင် နေထိုင်သူ လူမျိုးတစ်စုဟာ ညဘက် စခန်းချရပ်နားဖို့ ပြင်ဆင်နေတုန်း ရုတ်တရက် သူတို့နေရာကို အလင်းတန်းကြီးတစ်ခု ထိုးကျလာတယ်။ ဒါဟာတော့ ထက်ကောင်းကင်က တန်ခိုးရှင်တစ်ဦးပဲလို့ သူတို့ သဘောပေါက်လိုက်ပြီ။ ဘယ်လိုအရေးကြီးတဲ့ ဗျာဒိတ်တော်များ သူတို့အတွက် အထူးမြွက်ကြွားတော်မူလေမလဲလို့ မျှော်လင့်ကြီးစွာ စောင့်စားနားထောင် ကြတယ်။

အတန်ကြာပြီးနောက် အသံတော် ထွက်ပေါ်လာတယ်။

“ကျောက်စရစ်ခဲတွေ ရနိုင်သလောက် ကောက်ကြ။ ပြီးတော့ ကုန်းနှီးအိပ်တွေထဲမှာ ထည့်။ တစ်နေ့ ခရီးသွားပြီး နောက်နေ့ညမှာ သင်တို့ ပျော်ရွှင်ရလိမ့်မယ်။ စိတ်မချမ်းမသာ ဖြစ်ရလိမ့်မယ်”

သည်လို ပြောပြီးတဲ့နောက် ပျောက်သွားတယ်။

ဒီလူတွေအားလုံး စိတ်ပျက်ဒေါသထွက်ကြတယ်။ အချင်းချင်း ပွစိပွစိ ပြောဆိုကျန်ရစ်တယ်။ သူတို့တစ်တွေ ချမ်းသာသုခ ခံစားရဖို့၊ ကမ္ဘာလောကရဲ့အကျိုးကိုလည်း သယ်ပိုးနိုင်စေဖို့ ကြီးကျယ်တဲ့ ဉာဏ်အမြင်တွေ ဖွင့်ဟမွက်ကြွားမသွားဘဲ အဓိပ္ပာယ်မရှိတဲ့ အသေးအမွှားအလုပ်ကိုသာ ခိုင်းသွားတယ် ဆိုပြီး မကျေမနပ်ဖြစ်ကြတာပေါ့။ ဒါပေမဲ့ အရောင်အ၀ါ ထိန်လင်းစွာနဲ့လာတဲ့ ထူးခြားသောပုဂ္ဂိုလ် ဖြစ်တာကြောင့် သူ့မိန့်မှာချက်ကို လုံးလုံးလျားလျားတော့ လျစ်လျူမရှုဝံ့ဘူး။ ဗျစ်တောက်ဗျစ်တောက် ပြောဆိုရင်းနဲ့ပဲ ကျောက်စရစ်ခဲတွေ တစ်လုံးနှစ်လုံးစီလောက်တော့ ကောက်ပြီး ကုန်းနှီးအိတ်တွေထဲ ထည့်ကြတယ်။
နောက်နေ့တစ်နေ့လုံး ခရီးနှင်ကြပြီး ညဘက် စခန်းချရပ်နားကြတော့ ကုန်းနှီးအိတ်တွေထဲ နှိုက်မိတဲ့အခါ သူတို့ကောက်ခဲ့တဲ့ ကျောက်စရစ်ခဲတစ်လုံးစီဟာ စိန်တစ်လုံးစီ ဖြစ်နေတာ သွားတွေ့ရတယ်။

စိန်တွေရလာတော့ သူတို့ဝမ်းသာကြတာပေါ့။ ဒါပေမဲ့ များများ မကောက်မိလေခြင်းလို့လည်း အကြီးအကျယ် ၀မ်းနည်းမိရပြန်တယ်။

***

သည်ပုံပြင်၏ အဆိုမှန်ကန်လှပုံအကြောင်းကို စောစောပိုင်းကာလ ကျွန်တော် တွေ့ခဲ့ရသည့် တပည့်တစ်ယောက်၏ ကိုယ်တွေ့ဖြစ်ရပ်က သာဓက ဆောင်ခဲ့သည်။

တပည့်အမည်က အလန်။

ရှစ်တန်းကျောင်းသားဘ၀၌ အလန်၏အဓိက ဘာသာရပ်မှာ “ပြဿနာ” ဖြစ်ပြီး တွဲဖက်အဖြစ် “ပြစ်ဒဏ်စုံ” ဘာသာကို သူယူခဲ့၏။ ကျောင်းသားအချင်းချင်း အနိုင်ကျင့်ခြင်း၊ ဗိုလ်ကျခြင်း ပညာကို သူစွမ်းစွမ်းတမံ လေ့လာခဲ့ပြီး “အတိုအရှို” ဘာသာ၌ မဟာဝိဇ္ဇာဘွဲ့ ရခဲ့၏။

သည်တုန်းက ကျောင်းမှာ ကျွန်တော်လုပ်သည့် အစီအစဉ် တစ်ခု ရှိသည်။

နေ့စဉ် တပည့်များအား တွေးခေါ်ရှင်ကြီးများ၏ အဆိုအမိန့်စကားတစ်ခွန်းစီကို ကျက်မှတ်စေခြင်း ဖြစ်သည်။ အတန်းထဲတွင် နာမည်ခေါ်သည့်အချိန် ကျွန်တော်က နာမည်နှင့်အတူ အဆိုအမိန့်စကား တစ်ခု၏ အစပိုင်းကို တိုင်ပေးလိုက်လျှင် ကျောင်းသားက အဆုံးပိုင်းကို ဆက်ဆိုပြီးမှ “ရှိပါတယ်ခင်ဗျာ” ဟု ထူးရသည်။

“အဲလစ်အာဒမ်(စ)၊ ' ကြိုးစားအားထုတ်နေသရွေ့ သင်မရှုံး'၊…”

“ 'လက်မြှောက်နောက်ဆုတ်သွားပြီ ဆိုလျှင်ကား သင် လုံးဝ ရှုံးပေပြီ'၊ ရှိပါတယ် ဆရာ ”

အဲသည်လို။

တစ်နေ့ တစ်ပုဒ်ဆိုတော့ တစ်နှစ်ကုန်သည့်အခါ အဆိုအမိန့် ၁၅၀ မျှ သူတို့ ကျက်ဖူးသွားကြသည်။

“သင်တတ်နိုင်မည် ထင်မလား၊ မတတ်နိုင်ဘူး ထင်သလား၊ မည်သို့ ထင်သည်ဖြစ်စေ သင့်အထင် မှန်ပါလိမ့်မည်”

“အတားအဆီး မြင်နေသည်ဆိုက ပန်းတိုင်ကို သင်မြင်နိုင်မည်မဟုတ်တော့”

“အဆိုးအပြစ်ဝါဒီ(cynic) ဟူသည် ဈေးနှုန်းတွေ အားလုံးသိပြီး မည်သည့်ပစ္စည်း၏ တန်ဖိုးကိုမျှ မသိသောသူကို ဆိုသည်” စသည်များ။

နပိုလီယန်ဟေးဟ်၏ “သင့်အာရုံထဲတွင် မြင်ယောင်မှန်းဆ၍ ရမည်၊ ဖြစ်ရမည် ဟူ၍လည်း ယုံကြည်မည်ဆိုလျှင် ထမြောက်အောင်မြင်မှာ မုချ ဖြစ်သည်” ဟူသော စကားလည်း ပါသည်ပေါ့။

အဲသည်လို အဆိုအမိန့်တွေ နေ့စဉ် ရွတ်ဆိုရသည့် ကိစ္စကို မကျေမနပ်အဖြစ်ဆုံးက အလန် ဖြစ်သည်။ ကျောင်းထုတ်ခံရ၍ ထွက်သွားသည့်နေ့အထိ အမြဲ ပူညံ ပူညံ။

ပြင်ပရောက်သွားပြီးသည့်နောက် ငါးနှစ်မျှ ကျွန်တော်နှင့် အဆက်အသွယ် ပြတ်သွားသည်။ တစ်နေ့ မှာတော့ သူ ဆက်သွယ်သည်။ လောလောဆယ် သူနှင့် ကျွန်တော်တို့ အနီးအနားရှိ ကောလိပ်ကျောင်း တစ်ကျောင်း၏ အထူးအစီအစဉ်တစ်ခုတွင် ပါဝင်တက်ရောက်လျက် ရှိသည်။ ခံဝန်ချုပ်ဖြင့် နေရသည့် ကာလ ပြီးဆုံးသွားသည်မှာ ဘာမျှမကြာသေး။

ကျောင်းမှ ထွက်သွားပြီးသည့်နောက် သူ၏ ဆိုးသွမ်းမှုများအတွက် သက်ငယ်တရားရုံးသို့ ရောက်သည်။ ထို့နောက် ကယ်လီဖိုးနီးယားပြည်နယ် လူငယ်ပြုပြင်ရေးစခန်းသို့ အပို့ခံရသည်။ တစ်နေ့၌မူ သူ့ဘ၀ကို သူအလွန်အမင်း စက်ဆုပ်သလို ခံစားမိလာကာ လက်ကောက်ဝတ် နှစ်ဖက်လုံးရှိ သွေးကြောများကို ဘလိပ်ဓားနှင့်လှီးပြီး သေကြောင်းကြံစည်သည်။

အဲသည်တုန်းကအဖြစ်ကို သူ ပြန်ပြောပြသည်။

“လက်က စီးကျတဲ့ သွေးတွေနဲ့အတူ ခန္ဓာကိုယ်က ကျွန်တော့်အသက်ဝိညာဉ် ဖြည်းဖြည်းချင်း ထွက်ခွာနေတဲ့အချိန် ကျွန်တော် ဘာသွားသတိရသလဲ သိလား။ တစ်နေ့ အတန်းထဲမှာ ဆရာ ကျွန်တော့်ကို ဒဏ်ပေးပြီး အကြိမ်နှစ်ဆယ်ရေးခိုင်းတဲ့၊ ကျွန်တော် သိပ်အမြင်ကပ်တဲ့ အဆိုအမိန့်တစ်ခု ဆရာ၊ “ကြိုးစားအားထုတ်နေသရွေ့ သင်မရှုံး၊ လက်မြှောက်နောက်ဆုတ်သွားပြီ ဆိုလျှင်ကား သင် လုံးဝ ရှုံးပေပြီ” ဆိုတဲ့စကား၊ ဒီစကားရဲ့ အဓိပ္ပာယ်ကလည်း အဲဒီတော့မှ ချက်ချင်း ခေါင်းထဲ လင်းသွားတယ်။ အသက်ရှင်နေသရွေ့ ငါ မရှုံးသေးဘူး။ အခုနေ သေလိုက်ရင် ငါ အရှုံးသမား တစ်ယောက်အနေနဲ့ သေခဲ့ရတာဖြစ်မယ်။ ဒီလိုတွေးမိပြီး ရှိစုမဲ့စု အားကလေးနဲ့ အကူအညီ လှမ်းခေါ်တယ်။ အဲဒီကနေပြီး ကျွန်တော့်ဘ၀ အသစ် စ ခဲ့တာပဲ ဆရာ”

***

အလန်၏ ကိုယ်တွေ့က ပုံပြင်ထဲမှ လူစု၏ အဖြစ်အပျက်နှင့် ဆင်တူပင် ဖြစ်သည်။

ကျောင်းတွင် သူ စတင် သင်ကြားရစဉ်က ထိုအဆိုအမိန့်သည် ကျောက်စရစ်ခဲ ဖြစ်သည်။ တကယ် ဘေးဒုက္ခကြုံချိန် သူ့အား လမ်းပြကယ်တင်လိုက်နိုင်သည့် အချိန်တွင်ကား ကျောက်စရစ်ခဲသည် စိန်တုံး ဖြစ်သွားခဲ့သည်။

ထို့ကြောင့် သည်ကနေ့ချိန်ခါမှာ ကျောက်စရစ်ခဲတွေ ရနိုင်သမျှ ကောက်ယူစုဆောင်းပါ။ နောက်တစ်နေ့ သင့်ဘ၀ ခရီးလမ်းမှာ စိန်တွေ ပြည့်လျှမ်းနေတာ တွေ့ရပါလိမ့်မည်ဟူ၍ပဲ တိုက်တွန်းချင် ပါသည်။

[မူရင်း။ ။ John Wayne Schlatter ၏ The Magic Pebbles] (ဖေမြင့် ဘာသာပြန်သည်။)

နော် ဖေဖေ နော်

နော် ... ဖေဖေ ... နော်

ဆန်းတော့ဆန်းသည်။ ကိုယ့်ဘ၀မှာ တန်ဖိုးအထားရဆုံး အရာတွေ ပျက်သုဉ်းပျောက်ကွယ်သွားပြီး တစ်ကိုယ်တည်း ကြေကွဲကျန်ရစ်သည့်အခါမျိုးမှာ ကျွန်တော်တို့မြင်ယောင်တမ်းတမိသော အရာတွေသည် ထူးခြားလှပါသည်။ နှစ်ပေါင်းများစွာ စီမံကိန်းချ ဆောင်ရွက်လာခဲ့ သည့်အရာများ ၊ မေတ္တာတွေမျှော်လင့်ချက်တွေဖြင့်အားထုတ်ကြိုးပမ်းခဲ့သည်များ စသည့်ကြီးကျယ်သော ကိစ္စကြီးတွေ ကျွန်တော်တို့ အမှတ်မရ။ သေးသေးမွှားမွှားဟုထင်ရသော အရာတွေ၊ တစ်ချိန်က ဂရုမထားမိခဲ့သောဖြစ်ရပ်ကလေးတွေက ရုတ်တရက်အမှတ်တရဖြစ်လာသည်။ မိမိလက်ကို အသာအယာဆုပ်ကိုင်သွားတာလေးအဲသည်တုန်းက အလုပ်များနေသဖြင့် အမှတ်မဲ့နေလိုက်မိတာ ။ မိမိအားမျှော်လင့်အားထားသံနှင့် ပြောသွားသော စကားတစ်ခွန်း အဲသည်တုန်းက ဂရုတစ်ဆိုက်နားမထောင်လိုက်မိတာ စတာလေးတွေ။

သည်သဘောကို လောလောဆယ် ဂျွန်ကာမိုဒီ တွေ့ရှိနေရသည်။ အင်္ဂါနေ့နေ့လယ်ပိုင်းအချိန်။ သူ့အိမ်ဧည့်ခန်း ပြတင်းမှ လှမ်းမျှော်ကြည့်လျှင် အပြင်မှာ လူတွေပေါ့ပေါ့ပါးပါး သွားလာလှုပ်ရှားနေကြတာမြင်နေရသည့်အချိန် ။ သူက ဆုံးရှုံးသွားခဲ့ပြီဖြစ်သည့် အလွန်အရေးကြီးသော အရာတွေအကြောင်း ခေါင်းထဲထည့်ရန်ကြိုးစားနေသည်။ မျှော်မှန်းချက်တွေ ၊ ချစ်မေတ္တာတွေဖြင့် နှစ်ပေါင်းများစွာ ချမှတ်လာခဲ့သည့် စီမံကိန်းများ သို့သော် ဘယ်လောက်ကြိုးစားသော်လည်း အဲသည်အရာတွေက ခေါင်းထဲတွင် ပီပီပြင်ပြင် ထင်မလာ ၊ သူတို့ဆီ မှာအာရုံစူးစိုက်၍မရ။

သူ့အာရုံထဲ၌ အဲသည်အရာသည် ကြီးမားကျယ်ဝန်သလောက် ပီသခြင်း မရှိသည့် နောက်ခံကားတစ်ချပ်ဖွယ်သာရှိနေသည် ။ လောလောဆယ် သူထူးထူးခြားခြား အမှတ်ရနေသည်က သေးသေးမွှားမွှား အရာတစ်ခု။ သူထားရှိခဲ့သည့် ကြီးမားသောမေတ္တာ၊ နှစ်ပေါင်းများစွာ သူရည်စူးလာခဲ့သည့် သူ့အစီစဉ်များ ၊ သူပြင်ဆင်ထားရှိခဲ့မှုများနှင့် နှိုင်းစာက ဘာမှပြောပလောက်စရာရှိသည့် အရေးကိစ္စလေးတစ်ခု ။
အဲဒါက စကားလေးတစ်ခွန်းဖြစ်သည် ။ လွန်ခဲ့သောရက်သတ္တနှစ်ပတ် သို့ မဟုတ် သုံးပတ်လောက်က တစ်ခုသောညချမ်းမှာ သမီးငယ်လေးသူ့အားပြောခဲ့သည့် စကား။
ဒါသည်လည်း စဉ်းစားကြည့်မည်ဆိုလျှင်တော့ ထူခြားလွန်းလှသည် မဟုတ်။ ကလေးတွေပြောတတ်သည့် စကားလေးတစ်ခွန်းသာပဲဖြစ်သည်။
သို့သော်ယခု အဲသည်စကားလေးသည်သူ့နားထဲက မထွက်နိုင်။
အဲသည်ညကျမှ သူက အစုရှယ်ယာရှင်များသို့ တင်ပြရန်နှစ်ပတ်လည် အစီရင်ခံစာမူကြမ်းကို ရုံးမှအိမ်သို့ ယူလာခဲ့မိသည် ။ သည်အစီရင်ခံစာက အလွန်အရေးကြီးသည် ။ သူ၏အနာဂတ်သည်၎င်း ၊ ဇနီးသည်နှင့် သမီးငယ်လေးတို့၏ အနာဂတ်သည်၎င်း သည် ကုမ္ပဏီပေါ်တွင် အများကြီးမူတည်နေရာ သည်ကိစ္စကို သူအထူးဂရုဆိုက်ဖို့လိုနေသည် ။ ထို့ကြောင့်ညစာမစားမီ အစီရင်ခံစာကို တစ်ကြိမ်ပြန်ဖတ်ရန် သူထိုင်သည်။ သည်စာ၌ အမှားအယွင်း အပြစ်အနာတစ်ခုမျှပါ၍မဖြစ်။
စာတစ်မျက်နှာလှန်ရုံရှိသေး ၊ သမီးငယ်လေး မာ့ခ်ျ ရောက်လာသည်။ ချိုင်းကြားမှာ တစ်အုပ်တစ်အုပ်ညှပ်လျှက်။အဖုံးက အစမ်းရောင် ။ သည်အပေါ်မှာပုံပြင် ဇာတ်လမ်း သရုပ်ဖော်ပုံလေးတစ်ခု ကပ်ထားသည် ။
“ဖေဖေ ၊ဟောဒီမှာ ” သမီးက ဆိုသည် ။
သူလှည့်ကြည့်သည် ။ “ သြော် .. စာအုပ်အသစ်ကလေးလား ၊ လှတယ်နော် ”
“ ဟုတ်တယ်ဖေဖေ ၊ ဖေဖေ သမီးကို ဒီထဲက ပုံပြင်တစ်ပုဒ်ဖတ်ပြမလားဟင် ”
“ခဏနေဦး သမီးရယ် ၊ ဖေဖေ မအားသေးဘူး”
သည်လိုပြောပြီး အစီရင်ခံစာကို သူဆက်ဖတ်နေသည်။ မာ့ခ်ျ ကအနားမှာဆက်၍ ရပ်နေသည်။ အလုပ်ရုံ ၌ အစားထိုးတပ်ဆင်သည့်စက်ယန္တရားသစ် အချို့ နှင့်စပ်လျှဉ်း၍ အစုရှယ်ယာရှင်များအားရှင်းလင်း တင်ပြသည့် အပိုဒ်ကိုဖတ်နေဆဲ မာ့ခ်ျအသံလေး မ၀ံ့တ၀ံ့ ထွက်လာပြန်သည်။ “မေမေက ပြောတော့ ဖေဖေ ဖတ်ချင်ဖတ်ပြမှာတဲ့ ” အဖေ့အားမျှော်လင့်အားထားသံလေးဖြင့် သူပြောနေခြင်းဖြစ်သည်။
သူကလက်နှိပ်စက်ရိုက်ထားသည့် စက္ကူပေါ်မှကျော်၍ ကြည့်သည်။ “အဖေ မအားလို့နော် သမီး ၊ မေမေ့ကိုပြောပါလား ၊ မေမေ ဖတ်ပြလိမ့်မယ်ပေါ့ ၊ဖေဖေ အလုပ်များနေလို့နော် .. ဟုတ်လား ”
“ဟင့်အင်း ဖေဖေ ” မာ့ခ်ျ လေသံပျော့ပျော့ နှင့်ပင်ငြင်းဆန်နေသည်။ “မေမေက အပေါ်ထပ်မှာ ပိုလို့တောင်အလုပ်များနေသေးတယ် ၊ဖေဖေ သမီးကို ဒီတစ်ပုဒ်တည်းလေးပဲ ဖတ်ပြပါနော် ၊ ဟောဒီမှာကြည့် .. ပုံလေး နဲ့ ကြည့်စမ်း .. ပုံလေးကလှတယ်နော် ဖေဖေ”
“ဟာ .. ဟုတ်တယ် ၊သိပ်လှတာပဲ ၊ပုံလေးက အပျံစားပဲနော် သမီး ၊ ဒါပေမဲ့ ဖေဖေ ဒီညအလုပ်လုပ်စရာတွေ ရှိသေးတယ် ၊ နောက်တော့မှ ...”
အဲဒီနောက်အတော်ကြီးကြာအောင်တိတ်ဆိတ်ငြိမ်သက်နေသည်။ မာ့ခ်ျ ဘာမှမပြော။ စာအုပ်ကိုသာအဲသည်ပုံလှလှလေးပါသည့် စာမျက်နှာမှာဖွင့်လျက်သားကိုင်၍ ရပ်နေသည် ။
ကာမိုဒီ နောက်ထက်စာနှစ်မျက်နှာလောက် ဆက်လှန်ဖြစ်သည်။ ပြီးခဲ့သည့် ၁၂ လအတွင်းဈေးကွက်တွေ ရွှေ့ပြောင်းဖြစ်ပေါ်ပုံများ ၊ ယင်းကြောင့်ဖြစ်သည့် ပြဿနာများကို ဖြေရှင်းရန် အရောင်းဌာနကချမှတ်ခဲ့သည့်လုပ်ငန်းအစီအစဉ်၊ မိမိတို့ ကုန်ပစ္စည်းများ ဈေးကွက်တွင် ထိန်းထားနိုင်ရေးပို၍ အရောင်းတက်လာရေးအတွက် ရက်သတ္တပတ်များစွာ မျက်နှာစုံညီ ဆွေးနွေးညှိနှိုင်းပြီးချမှတ်ခဲ့သည့် ကြော်ငြာအစီအစဉ်စသည်တို့အကြောင်း သူညွှန်ကြားသည့်အတိုင်း သေးစိတ်ရှင်းလင်းတင်ပြထားသည့်အတိုင်း အသေးစိတ်ရှင်းလင်းတင်ပြထားသည်ကို စေ့စေ့စပ်စပ် ဖတ်ကြည့်နေသည်။
“ဖေဖေ ... ပုံလေးကလည်းလှတယ် ပုံပြင်ကလဲ သိပ်နားထောင်လို့ ကောင်းမှာဖေဖေရ ” မာ့ခ်ျက ဆိုပြန်သည်။
“ဟုတ်ပါတယ် ၊အင်း .. နောက်တော့မှ သမီးရယ်၊ အခုသွားတော့နော် ”
“ဖေဖေ ဖတ်ကြည့်ရင် ကြိုက်မှာဖေဖေ ရဲ့”
“အင်း .. ကြိုက်မှာပါ ၊ ဒါပေမယ့် နောက်မှာနော်”
“ဟင် .. ဒါဆိုလဲ နောက်ဖတ်ပြနော် ၊ နော် ဖေဖေ နော်၊ နောက်ကျတော့ဖတ်ပြပါနော် ”
“ဖတ်မှာပေါ့ ၊ဖတ်မှာ ..စိတ်ချ သမီး ”
သို့သော် မာ့ခ်ျထွက်မသွားပါ ။ အဲသည်နားမှာ ငြိမ်ငြိမ်လေး ရပ်နေသည် ။အတော်ကြီးကြာမှ စာအုပ်ကိုသူ့အဖေ ခြေထောက်နားက ခွေးခြေလေးပေါ် တင်ပေးပြီး သူဆိုသည် ။
“ဖေဖေ အလုပ်အားတဲ့ အခါကျတော့ ဖေဖေ့ ဘာသာဖတ်ကြည့်နော် ၊ ကိုယ့်ဘာသာ သမီးလဲ ကြားရအောင်ကျယ်ကျယ်လေးဖတ်ပေးနော် ”
“စိတ်ချသမီး .. စိတ်ချ၊ နောက်တော့မှ ....”
ယခုဂျွန်ကာမိုဒီ အမှတ်ရနေတာ အဲဒါလေးပဲဖြစ်သည်။ လာမည့်နှစ်များမှာ ချစ်သမီးလေး အတွက်ဘာတွေလုပ်ကိုင်ပေးမည်ဟု ကြံစည်စိတ်ကူးထားသည့်အစီစဉ်များမဟုတ်။ သူ အမှတ်ရနေတာ လိမ္မာရေးခြားရှိလှသော သမီးငယ်လေး၏ အဲသည်နေ့ညက အပြုအမူလေးများပဲဖြစ်သည်။ အဖေ့လက်ကို သူ့လက်ချောင်းလေးတွေနှင့် မရဲတရဲ ကိုင်ကာတိုးတိုးလျှိုးလျှိုးလေးပြောသွားသည်။ “ ..ကိုယ်ဘာကိုယ်ပဲ ဖတ်နော် ၊ ဖေဖေ ဖတ်ကြည့်တဲ့အခါသာ သမီးလဲကြားရအောင် ကျယ်ကျယ်လေး ဖတ်ပေးနော် ” တဲ့။
ဒါကြောင့်လည်းယခုတော့ အခန်းထောင့် စားပွဲ လေးပေါ်က စာအုပ်ကို သူသွားကိုင်မိခြင်းဖြစ်သည်။ သမီးလေးဆော့ကစားပြီး ဟိုဟိုသည်သည် ချထားခဲ့သောကစားစရာပစ္စည်းတစ်ချို့ ကိုသူတို့ကောက်စုကာသည်စားပွဲပေါ် တင်ထားခဲ့ကြသည်။
စာအုပ်က အရင်လို အသစ်မဟုတ်တော့ ။ အစိမ်းရောင်ကတ်ထူဖုံးက ပဲ့ချင်ရွဲ့ချင်နေပြီး။ အတွင်းစက္ကူတွေလည်းလှန်ထားသဖြင့် တွန့်နေပြီ။
သူက ရုပ်ပုံလှလှလေးရှိသည့် စာမျက်နှာကိုလှန်သည်။ ပုံပြင်ကို သူဖတ်သည်။ ရင်ထဲမှာကြေကွဲဆို့နင့်နေသဖြင့် စကားလုံးတွေ ပီသအောင် ဖတ်၍မရ။ နှုတ်ခမ်းတွေက မလှုပ်ရှားချင် ။ အရေးကြီးသည့်ကိစ္စတွေ၊ စဉ်းစားရမည့် အကြောင်းအရာတွေ သူမစဉ်းစားတော့၊ လာမည့်နှစ်များစွာအတွက် သူကြိုတင်မျှော်မှန်းခဲ့တာအသေးစိတ် စဉ်းစားပြင်ဆင်ခဲ့တာ တွေလည်းသူမတွေးချင်တော့။ သည်အခိုက်အတန့်ဖို့မူလမ်းထဲတရကြမ်းမောင်းဝင်ခဲ့သည့် အရက်မူးသမား ကားမောင်းသူလူရမ်းကားကြောင့် ကြုံတွေ့ခဲ့ရသည့် တုန်လှုပ်ချောက်ချားဖွယ် အဖြစ်ဆိုးကိုပင် သူအမှတ်မရတော့။ လူသေမှုဖြင့်အဖမ်းဆီးခံရကာ အကျဉ်းထောင်ထဲ ရောက်နေပြီဖြစ်သည့် ၄င်း လူဆိုးအပေါ်ထွက်မိသည့် သူ၏ဒေါသများ ၊ ခါးခါးသီးသီး မုန်းတီးမှုများလည်း ဘယ်ဆီရောက်လေသည်မသိ။
စင်စစ်တံခါးဝမှာ တိတ်ဆိတ်စွာ ရပ်နေသည့် ဇနီးသည်ကိုပင် သူမမြင်မိ။ အမျိုးသမီးက မာ့ခ်ျကလေးနှင့် နောက်ဆုံးတွေ့ဆုံရန်အတွက် အ၀တ်အစားလဲထားပြီးဖြစ်သည်။ အမျိုးသမီးမျက်နှာက ဖြူဖပ်ဖြူရော် ။ သို့သော်အသံမတုန်အောင် ကြိုးစားထိန်းပြီး ခင်ပွန်းသည်အား လှမ်းပြောသည် ။ “ မောင် ... ကျွန်မ အဆင်သင့် ဖြစ်ပြီ ၊သွားကြစို့”
ခင်ပွန်းသည်က စာဖတ်နေသည်။
“တစ်ခါတုန်းက တောနက်ကြီးတစ်ခုထဲက သစ်ခုတ်တဲလေး တစ်လုံးမှာ မိန်းမချောကလေး တစ်ယောက်နေတယ် ၊ သူကလေးရဲ့ ရုပ်သွင်ကချောမောလွန်းလို့ ငှက်ကလေးတွေတောင် တေးဆိုဖို့ မေ့ပြီးသူ့ကိုပဲ သစ်ကိုင်းတွေပေါ်က ငေးကြည့်နေမိတက်တယ်၊ တစ်နေ့မှာတော့ ... ”
သူက သူ့ဘာသာတစ်ကိုယ်တည်း ဖတ်နေခြင်းဖြစ်သည်။ သို့သော် မာ့ခ်ျကလေးလည်း ကြားရအောင် ခပ်ကျယ်ကျယ် ဖတ်ပေးနေသည်။ သူတစ်ကယ်ကြားရှာလေမည်လား မသိ။


[မူရင်း ။ ။ Michael Foster ၏ Will You, Daddy? ] (ဖေမြင့် ဘာသာပြန်သည်။)

ShareThisPage

ဆက်သွယ်ရန်

LinkWithin

Related Posts Plugin for WordPress, Blogger...